ယူနိုက္တက္ ဗဟိုခံစစ္မွာ ဟယ္ရီ မက္ဂြဲရားနဲ႕ တြဲဖက္ကစားဖို႔ ျပီးျပည့္စံုတဲ့ ကစားသမား
မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းႀကီး ဒြိဳက္ေယာ့ခ္ကေတာ့ နာပိုလီေနာက္ခံလူ ကူလီဘာလီဟာ ဟယ္ရီ မက္ဂြဲရားအတြက္ ၿပီးျပည့္စုံမႈအရွိဆုံး ခံစစ္တြဲဖက္ ျဖစ္လာႏိုင္သူျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။
ယူနိုက္တက္ဟာ လာမဲ့ေႏြမွာ ခံစစ္ပိုင္းကိုလည္း အင္အားျဖည့္တင္းဖို႔ စီစဥ္ေနၿပီး အသင္းေခါင္းေဆာင္ မက္ဂြဲရားနဲ႔ အေကာင္းဆုံးတြဲဖက္ကစားႏိုင္မဲ့ ေဒါင္ေဒါင္ျမည္ ဗဟိုေနာက္ခံလူတစ္ဦးကို ရွာေဖြေနတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဗဟိုေနာက္ခံလူေနရာအတြက္ အဲရစ္ဘိုင္လီ၊ ဗစ္တာလင္ဒီေလာ့ဖ္နဲ႔ ဟယ္ရီမက္ဂြဲရားတို႔ကို ေခၚယူထားၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ ႀကီးႀကီးမားမားျပဳလုပ္ခဲ့တဲ့ မန္ယူႏိုက္တက္အသင္းဟာ ခံစစ္ပိုင္းကို အေကာင္းဆုံး တည္ေဆာက္သြားလိုေနတာပါ။
လက္ရွိအခ်ိန္မွာ မက္ဂြဲရားနဲ႔တြဲဖက္အျဖစ္ ဘိုင္လီနဲ႔ လင္ဒီေလာ့ဖ္တို႔ကစားေနေပမဲ့လည္း လိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ နာပိုလီရဲ႕ အသက္ ၂၉ႏွစ္သားကို အရေခၚယူသင့္တယ္လို႔ ဒြိဳက္ေယာ့ခ္က အႀကံျပဳတိုက္တြန္းလာခဲ့တာလည္း ျဖစ္ပါတယ္။
” သံသယရွိစရာ မလိုပါဘူး။ သူ (ကူလီဘာလီ)ဟာ ထိပ္တန္းေနာက္ခံလူတစ္ဦး ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ သူတို႔လုပ္ေနၾကအတိုင္းပဲ ထိပ္တန္း အေျပာင္းအေ႐ႊ႕ ေခၚယူမႈ လုပ္ခ်င္တယ္ဆိုရင္ ေသခ်ာေပါက္ သူ႔ကို ေခၚယူသင့္ပါတယ္။ ဘာအေၾကာင္းနဲ႔မ်ား ျငင္းစရာရွိသလဲ။ မက္ဂြဲရား နဲ႔တြဲဖက္ၿပီး ယူႏိုက္တက္ရဲ႕ဗဟိုေနာက္ခံလူေနရာမွာ သူ အေကာင္းဆုံး အံဝင္သြားႏိုင္ပါတယ္။
သူသာ ေရာက္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔အသင္းလည္း ဒီထက္ပိုေကာင္းလာႏိုင္ပါတယ္။ ေပါလ္ေပါ့ဂ္ဘာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္လို ကစားသမားေတြလည္း ရွိေနၿပီ။ ေရွ႕တန္းတိုက္စစ္ကလည္း ပုံစံေကာင္းရေနၿပီပဲေလ။ ကြၽန္ေတာ္တို႔ အသင္းအေနနဲ႔ အားလုံးေၾကာက္႐ြံ႕ရမဲ့အသင္းမ်ိဳး တည္ေဆာက္ရမွာ ျဖစ္ပါတယ္။
အီတလီလိဂ္ဟာ ထိပ္တန္းလိဂ္တစ္ခုပါပဲ။ ကစားဖို႔ရာ အရမ္း ခက္ခဲပါတယ္။ သူဟာ အီတလီေျမမွာ ေကာင္းေကာင္း ကစားျပႏိုင္သူ ျဖစ္ပါတယ္။ ကြၽန္ေတာ္ အေနနဲ႔ကေတာ့ သူ႔ကို ေခၚပါလို႔ပဲ အႀကံေပးခ်င္ပါတယ္။ မက္ဂြဲရား နဲ႔တြဲဖက္ဖို႔အတြက္ သူလို ထိပ္တန္းအရည္အေသြးရွိတဲ့ ေနာက္ခံလူတစ္ဦး လိုအပ္ေနတာပါ။ ” လို႔ ဒြိဳက္ေယာ့ခ္က ေျပာၾကားသြားခဲ့ပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဒွိုက်ယော့ခ်ကတော့ နာပိုလီနောက်ခံလူ ကူလီဘာလီဟာ ဟယ်ရီ မက်ဂွဲရားအတွက် ပြီးပြည့်စုံမှုအရှိဆုံး ခံစစ်တွဲဖက် ဖြစ်လာနိုင်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမဲ့နွေမှာ ခံစစ်ပိုင်းကိုလည်း အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး အသင်းခေါင်းဆောင် မက်ဂွဲရားနဲ့ အကောင်းဆုံးတွဲဖက်ကစားနိုင်မဲ့ ဒေါင်ဒေါင်မြည် ဗဟိုနောက်ခံလူတစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဗဟိုနောက်ခံလူနေရာအတွက် အဲရစ်ဘိုင်လီ၊ ဗစ်တာလင်ဒီလော့ဖ်နဲ့ ဟယ်ရီမက်ဂွဲရားတို့ကို ခေါ်ယူထားပြီး ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားပြုလုပ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းကို အကောင်းဆုံး တည်ဆောက်သွားလိုနေတာပါ။
လက်ရှိအချိန်မှာ မက်ဂွဲရားနဲ့တွဲဖက်အဖြစ် ဘိုင်လီနဲ့ လင်ဒီလော့ဖ်တို့ကစားနေပေမဲ့လည်း လိုအပ်ချက်တွေရှိနေတာကြောင့် နာပိုလီရဲ့ အသက် ၂၉နှစ်သားကို အရခေါ်ယူသင့်တယ်လို့ ဒွိုက်ယော့ခ်က အကြံပြုတိုက်တွန်းလာခဲ့တာလည်း ဖြစ်ပါတယ်။
” သံသယရှိစရာ မလိုပါဘူး။ သူ (ကူလီဘာလီ)ဟာ ထိပ်တန်းနောက်ခံလူတစ်ဦး ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ သူတို့လုပ်နေကြအတိုင်းပဲ ထိပ်တန်း အပြောင်းအရွှေ့ ခေါ်ယူမှု လုပ်ချင်တယ်ဆိုရင် သေချာပေါက် သူ့ကို ခေါ်ယူသင့်ပါတယ်။ ဘာအကြောင်းနဲ့များ ငြင်းစရာရှိသလဲ။ မက်ဂွဲရား နဲ့တွဲဖက်ပြီး ယူနိုက်တက်ရဲ့ဗဟိုနောက်ခံလူနေရာမှာ သူ အကောင်းဆုံး အံဝင်သွားနိုင်ပါတယ်။
သူသာ ရောက်လာမယ်ဆိုရင် ကျွန်တော်တို့အသင်းလည်း ဒီထက်ပိုကောင်းလာနိုင်ပါတယ်။ ပေါလ်ပေါ့ဂ်ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်လို ကစားသမားတွေလည်း ရှိနေပြီ။ ရှေ့တန်းတိုက်စစ်ကလည်း ပုံစံကောင်းရနေပြီပဲလေ။ ကျွန်တော်တို့ အသင်းအနေနဲ့ အားလုံးကြောက်ရွံ့ရမဲ့အသင်းမျိုး တည်ဆောက်ရမှာ ဖြစ်ပါတယ်။
အီတလီလိဂ်ဟာ ထိပ်တန်းလိဂ်တစ်ခုပါပဲ။ ကစားဖို့ရာ အရမ်း ခက်ခဲပါတယ်။ သူဟာ အီတလီမြေမှာ ကောင်းကောင်း ကစားပြနိုင်သူ ဖြစ်ပါတယ်။ ကျွန်တော် အနေနဲ့ကတော့ သူ့ကို ခေါ်ပါလို့ပဲ အကြံပေးချင်ပါတယ်။ မက်ဂွဲရား နဲ့တွဲဖက်ဖို့အတွက် သူလို ထိပ်တန်းအရည်အသွေးရှိတဲ့ နောက်ခံလူတစ်ဦး လိုအပ်နေတာပါ။ ” လို့ ဒွိုက်ယော့ခ်က ပြောကြားသွားခဲ့ပါတယ်။