ယူနုိက္တက္က အဆင့္ ၄ ေနရာ အေၾကာင္း ေျပာေနရမယ့္ အသင္း မဟုတ္ဘူးလို႔ ဘာဘာေတာ့ဗ္ သတိေပး

မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္ကယူနိုက္တက္ ဟာ ၿပိဳင္ပြဲျပန္စၿပီးေနာက္ ေျခစြမ္းထက္ျမက္လာတယ္လို႔ ေျပာခဲ့ေပမယ့္လည္း အရင္က အဆင့္ (၁) ေနရာရဖို႔ အေၾကာင္းကို ေျပာခဲ့ၾကၿပီး အခုေတာ့ အဆင့္ (၄) ေနရာရဖို႔အေၾကာင္းပဲ ေျပာေနရတယ္လို႔ သတိေပးခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားဟာ (၂၀၁၈) ခုႏွစ္မွာ မန္ယူအသင္းကို ေရာက္ရွိလာၿပီးေနာက္ အသင္းအတြက္ ကစားသမားသစ္ေတြကို ေခၚယူခဲ့တဲ့ အခ်ိန္မွာ ေခၚယူမႈ မွန္ကန္ခဲ့တာေၾကာင့္ အသင္းရဲ႕ ရလဒ္လည္း သိသိသာသာ တိုးတတ္လာခဲ့ၿပီး လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာႏိုင္ခဲ့ပါတယ္။

ယူနိုက္တက္ဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ (၁၅) ပြဲဆက္ ရႈံးပြဲ မရွိခဲ့ေတာ့တာ ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ အဆင့္ (၄) ေနရာ ရရွိဖို႔ တိုက္ပြဲဝင္ ေနရတာေၾကာင့္ ကစားသမားေဟာင္း ဘာဘာေတာ့ဗ္က ယူနိုက္တက္ကို အားမရေၾကာင္း ေျပာသြားခဲ့တာပါ။

“အခုအခ်ိန္မွာ ေျခစြမ္းတည္ၿငိမ္မႈက အဓိကေသာ့ခ်က္ပါပဲ။ ကြၽန္ေတာ္တို႔ဟာ ယူနိုက္တက္ အေနနဲ႔ ၿပီးခဲ့တဲ့ ပြဲစဥ္ေတြမွာ ရလဒ္ေကာင္း ရရွိခဲ့တယ္ ဆိုတာကို ေမ့ထားလို႔ မရပါဘူး။ ဒါေပမယ့္ အဲဒီအေပၚမွာ အေျခခံၿပီး တည္ေဆာက္လို႔ မရပါဘူး။ ေနာက္ၿပီး သူတို႔က ရမွတ္ေတြ ဆုံးရႈံးခဲ့ၿပီး သြင္းဂိုးေတြ မသြင္းႏိုင္ခဲ့တာ လည္း ရွိပါတယ္။ အခုအခ်ိန္မွာေတာ့ သူတို႔မွာ သူတို႔ရဲ႕ ဦးစားေပး ရွိေနၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။

တကယ္လို႔ သူတို႔အေနနဲ႔ ၿပိဳင္ပြဲ ျပန္စကတည္းက ျပသခဲ့တဲ့ ပုံစံအတိုင္း ဆက္လက္ ကစားသြားမယ္ ဆိုရင္ သူတို႔ ေကာင္းမြန္စြာ ရာသီ အဆုံးသတ္ ႏိုင္ပါတယ္။ ယူနိုက္တက္ ကစားသမားေတြအေနနဲ႔ စိတ္ေပ်ာ့လို႔ မျဖစ္ဘူး။ သူတို႔ စိတ္ေပ်ာ့မယ္လို႔လည္း ကြၽန္ေတာ္ မထင္ပါဘူး။ ကြၽန္ေတာ္တို႔က ယူနိုက္တက္ အဆင့္ (၄) ေနရာ ရဖို႔အေၾကာင္း ေျပာေနရပါတယ္။ အရင္ကေတာ့ အဆင့္ (၁) ေနရာရဖို႔အေၾကာင္း ေျပာေနခဲ့ၾကပါတယ္”လို႔ ဘာဘာေတာ့ဗ္က ေျပာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ဆုဖလားကို (၁၃) ႀကိမ္ ရရွိႏိုင္ခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ (၂၀၁၃) ခုႏွစ္မွာ နည္းျပ ဖာဂူဆန္ အနားယူၿပီးေနာက္ တစ္စခ်င္းစီ ပ်က္စီးလာခဲ့ၿပီး နည္းျပ ဆိုးလ္ရွားရဲ႕ လက္ထက္ကို ေရာက္ရွိလာတဲ့ အခ်ိန္မွာ တစ္ေက်ာ့ျပန္ ပုံစံေကာင္းေတြကို ျပန္လည္ ရရွိလာခဲ့ပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကယူနိုက်တက် ဟာ ပြိုင်ပွဲပြန်စပြီးနောက် ခြေစွမ်းထက်မြက်လာတယ်လို့ ပြောခဲ့ပေမယ့်လည်း အရင်က အဆင့် (၁) နေရာရဖို့ အကြောင်းကို ပြောခဲ့ကြပြီး အခုတော့ အဆင့် (၄) နေရာရဖို့အကြောင်းပဲ ပြောနေရတယ်လို့ သတိပေးခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ (၂၀၁၈) ခုနှစ်မှာ မန်ယူအသင်းကို ရောက်ရှိလာပြီးနောက် အသင်းအတွက် ကစားသမားသစ်တွေကို ခေါ်ယူခဲ့တဲ့ အချိန်မှာ ခေါ်ယူမှု မှန်ကန်ခဲ့တာကြောင့် အသင်းရဲ့ ရလဒ်လည်း သိသိသာသာ တိုးတတ်လာခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၅) ပွဲဆက် ရှုံးပွဲ မရှိခဲ့တော့တာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာ ရရှိဖို့ တိုက်ပွဲဝင် နေရတာကြောင့် ကစားသမားဟောင်း ဘာဘာတော့ဗ်က ယူနိုက်တက်ကို အားမရကြောင်း ပြောသွားခဲ့တာပါ။

“အခုအချိန်မှာ ခြေစွမ်းတည်ငြိမ်မှုက အဓိကသော့ချက်ပါပဲ။ ကျွန်တော်တို့ဟာ ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်း ရရှိခဲ့တယ် ဆိုတာကို မေ့ထားလို့ မရပါဘူး။ ဒါပေမယ့် အဲဒီအပေါ်မှာ အခြေခံပြီး တည်ဆောက်လို့ မရပါဘူး။ နောက်ပြီး သူတို့က ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး သွင်းဂိုးတွေ မသွင်းနိုင်ခဲ့တာ လည်း ရှိပါတယ်။ အခုအချိန်မှာတော့ သူတို့မှာ သူတို့ရဲ့ ဦးစားပေး ရှိနေပြီလို့ ကျွန်တော် ထင်ပါတယ်။

တကယ်လို့ သူတို့အနေနဲ့ ပြိုင်ပွဲ ပြန်စကတည်းက ပြသခဲ့တဲ့ ပုံစံအတိုင်း ဆက်လက် ကစားသွားမယ် ဆိုရင် သူတို့ ကောင်းမွန်စွာ ရာသီ အဆုံးသတ် နိုင်ပါတယ်။ ယူနိုက်တက် ကစားသမားတွေအနေနဲ့ စိတ်ပျော့လို့ မဖြစ်ဘူး။ သူတို့ စိတ်ပျော့မယ်လို့လည်း ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့က ယူနိုက်တက် အဆင့် (၄) နေရာ ရဖို့အကြောင်း ပြောနေရပါတယ်။ အရင်ကတော့ အဆင့် (၁) နေရာရဖို့အကြောင်း ပြောနေခဲ့ကြပါတယ်”လို့ ဘာဘာတော့ဗ်က ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဆုဖလားကို (၁၃) ကြိမ် ရရှိနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ (၂၀၁၃) ခုနှစ်မှာ နည်းပြ ဖာဂူဆန် အနားယူပြီးနောက် တစ်စချင်းစီ ပျက်စီးလာခဲ့ပြီး နည်းပြ ဆိုးလ်ရှားရဲ့ လက်ထက်ကို ရောက်ရှိလာတဲ့ အချိန်မှာ တစ်ကျော့ပြန် ပုံစံကောင်းတွေကို ပြန်လည် ရရှိလာခဲ့ပါတယ်။