ေပါ့ဘာနဲ႕ ဆန္းခ်က္တို႔ အေျပာင္းအေရႊ႕ ေနာက္ဆံုး အေျခအေနမ်ား
ယူနိုက္တက္ရဲ႕ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာဟာ မန္ယူႏိုက္တက္အသင္းမွသာ ေပ်ာ္႐ႊင္ေနၿပီး လာမဲ့ရာသီမွာလည္း အိုးထရက္ဖို႔ဒ္မွာသာ ဆက္ရွိသြားမယ္လို႔ သိရပါတယ္။
ျပင္သစ္သားဟာ နည္းျပျဖစ္သူ ဆိုးရွားနဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိေနသလို အသင္းမွာလည္း ပိုမိုအသားက်ေပ်ာ္႐ႊင္လာတာေၾကာင့္ အသင္းေျပာင္းေ႐ႊ႕ဖို႔အတြက္ ဆႏၵမရွိဘဲ ျဖစ္လာခဲ့တာပါ။
ကစားသမားနဲ႔ နီးစပ္တဲ့အသိုင္းအဝိုင္းကလည္း ေပါ့ဂ္ဘာဟာ ဥေရာပထိပ္တန္းကလပ္ေတြရဲ႕ ခ်ိတ္ဆက္မႈရရွိထားတဲ့ၾကားကေနမွ မန္ယူႏိုက္တက္အသင္းအတြက္ပဲ ဆက္ကစားဖို႔ ဆုံးျဖတ္ခဲ့ကာ သူ႔အရည္အေသြးေတြကို သက္ေသျပသြားလိုေနတယ္လို႔ အတည္ျပဳခဲ့ပါတယ္။
ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပန္လည္စတင္ခဲ့ၿပီးကတည္းက ကြင္းလယ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔တြဲဖက္ကာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ ေပါ့ဘာဟာ လာမဲ့ရာသီမွာ မန္ယူႏိုက္တက္အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ အဓိကေနရာကေန စြမ္းေဆာင္ေပးသြားဖြယ္ ရွိေနပါတယ္။
ဒါ့အျပင္ စီးရီးေအထိပ္တန္းကလပ္ အင္တာမီလန္အသင္းဟာ မန္ယူႏိုက္တက္အသင္းကေန အငွားေခၚယူထားခဲ့တဲ့ တိုက္စစ္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ကို အၿပီးသတ္ေခၚယူဖို႔ ႀကိဳးပမ္းလာခဲ့ေၾကာင္း Goal သတင္းဌာနက ေဖာ္ျပထားပါတယ္။ ဆန္းခ်က္က ရာသီကုန္ထိ ဆက္ ကစားဖို႔ ကာလတို သက္တမ္းတိုး စာခ်ဳပ္ေတာ့ ခ်ဳပ္ဆိုျပီး ျဖစ္ပါတယ္။
အိုးထရက္ဖို႔ဒ္မွာ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ ခ်ီလီသားကို ဆန္စီ႐ိုကလပ္အသင္းအေနနဲ႔ ယူ႐ိုသန္း ၂၀နဲ႔ ေခၚယူသြားဖို႔ စီစဥ္ေနတာျဖစ္ၿပီး မန္ယူႏိုက္တက္အသင္းဘက္ကေန လက္ခံသြားဖို႔ အသင့္ရွိေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ နီးစပ္ေနတယ္လို႔ သိရပါတယ္။
Uni – ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ မန်ယူနိုက်တက်အသင်းမှသာ ပျော်ရွှင်နေပြီး လာမဲ့ရာသီမှာလည်း အိုးထရက်ဖို့ဒ်မှာသာ ဆက်ရှိသွားမယ်လို့ သိရပါတယ်။
ပြင်သစ်သားဟာ နည်းပြဖြစ်သူ ဆိုးရှားနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေသလို အသင်းမှာလည်း ပိုမိုအသားကျပျော်ရွှင်လာတာကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် ဆန္ဒမရှိဘဲ ဖြစ်လာခဲ့တာပါ။
ကစားသမားနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကလည်း ပေါ့ဂ်ဘာဟာ ဥရောပထိပ်တန်းကလပ်တွေရဲ့ ချိတ်ဆက်မှုရရှိထားတဲ့ကြားကနေမှ မန်ယူနိုက်တက်အသင်းအတွက်ပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ကာ သူ့အရည်အသွေးတွေကို သက်သေပြသွားလိုနေတယ်လို့ အတည်ပြုခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ခဲ့ပြီးကတည်းက ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့တွဲဖက်ကာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ပေါ့ဘာဟာ လာမဲ့ရာသီမှာ မန်ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးသွားဖွယ် ရှိနေပါတယ်။
ဒါ့အပြင် စီးရီးအေထိပ်တန်းကလပ် အင်တာမီလန်အသင်းဟာ မန်ယူနိုက်တက်အသင်းကနေ အငှားခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ကြောင်း Goal သတင်းဌာနက ဖော်ပြထားပါတယ်။ ဆန်းချက်က ရာသီကုန်ထိ ဆက် ကစားဖို့ ကာလတို သက်တမ်းတိုး စာချုပ်တော့ ချုပ်ဆိုပြီး ဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ချီလီသားကို ဆန်စီရိုကလပ်အသင်းအနေနဲ့ ယူရိုသန်း ၂၀နဲ့ ခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်ပြီး မန်ယူနိုက်တက်အသင်းဘက်ကနေ လက်ခံသွားဖို့ အသင့်ရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်လာဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။