ဆန္ခ်ိဳကို ေခၚယူဖို႔ ယူနိုက္တက္ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရရွိခဲ့ၿပီ သတင္းၾကီးလာ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဦးစားေပး ပစ္မွတ္ ကစားသမား ဆန္ခ်ိဳ ကို ေခၚယူဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာခဲ့ပါတယ္။

ယူနိုက္တက္က ဆန္ခ်ိဳကို ငါးႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းနဲ႔ သေဘာတူညီမႈ ရယူႏိုင္ခဲ့တယ္လို႔ အဂၤလန္ သတင္းေတြက ေဖာ္ျပခဲ့ၾက ပါတယ္။

ယူနိုက္တက္ဟာ အားနည္းေနတဲ့ ညာေတာင္ပံ တိုက္စစ္ ေနရာ အတြက္ ဆန္ခ်ိဳကို ေခၚယူဖို႔ ႀကိဳးစားေနတာဟာ ယခုႏွစ္ ေဘာလုံးရာသီ စတင္ကတည္းက ျဖစ္ၿပီး လက္ရွိမွာေတာ့ ဆန္ခ်ိဳကို ေခၚယူဖို႔ အတြက္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိခဲ့ၿပီး အၿပီးသတ္ ေခၚယူႏိုင္ဖို႔အတြက္ ေဒါ့မြန္ အသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကးကို ညႇိႏႈိင္းေဆြးေႏြး သြားရဖို႔ ရွိပါတယ္။

ေဒါ့မြန္ကေတာ့ ဆန္ခ်ိဳကအတြက္ အနည္းဆုံး ေပါင္သန္း ၁၀၀ အလိုရွိတယ္လို႔ ေျပာဆိုထားၿပီး ယူႏိုက္တက္အေနနဲ႔ ထို ပမာဏ အတိုင္း ေပးေခ်သြားရဖြယ္ ရွိတယ္ လို႔လည္း သိရပါတယ္။

Transfer Market ရဲ႕ တြက္ခ်က္မႈ အရ ေတာ့ လက္ရွိအခ်ိန္မွာ ဆန္ခ်ိဳရဲ႕ တန္ေၾကးဟာ ယူ႐ို၁၁၇သန္း ဝန္းက်င္ ရွိေၾကာင္း သိရၿပီး ယူနိုက္တက္ ကေတာ့ ဆန္ခ်ိဳအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္၁၀၀သန္း အထက္ မကုန္က်လိုပဲ ဆန္ခ်ိဳကို ေပါင္ ၇၀သန္းဝန္းက်င္ေလာက္နဲ႔ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အသက္၂၀အ႐ြယ္သာ ရွိေသးတဲ့ ဆန္ခ်ိဳ ဟာ လက္ရွိ ေဘာလုံးရာသီမွာ ဆိုရင္ ေဒါ့မြန္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၄ပြဲအထိ ပါဝင္ ကစားေပးထားသူ ျဖစ္ၿပီး ဂိုး၂၀ သြင္းယူထားခဲ့ သလို ဂိုးဖန္တီးမႈ အႀကိမ္၂၀ ကိုလည္း ျပဳလုပ္ခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။

ဆန္ခ်ိဳကိုသာရရွိခဲ့မယ္ဆိုပါက ယူႏိုက္တက္အသင္းတိုက္စစ္ပို္င္းမွာ ရက္ရွ္ဖို႔၊ မာရွယ္တို႔နဲ႔အတူ ဆန္ခ်ိဳကိုပါ ပိုင္ဆိုင္ေတာ့မွာျဖစ္လို႔ ငယ္႐ြယ္ႏုပ်ိဳၿပီး စိတ္လႈပ္ရွားစရာ တိုက္စစ္အတြဲ ကို ျမင္ေတြ႕ရေတာ့မွာလည္းျဖစ္ပါတယ္။

Uni – မန်ချက်စတာယူနိုက်တက်အသင်းဟာ ဦးစားပေး ပစ်မှတ် ကစားသမား ဆန်ချို ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်က ဆန်ချိုကို ငါးနှစ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ပြခဲ့ကြ ပါတယ်။

ယူနိုက်တက်ဟာ အားနည်းနေတဲ့ ညာတောင်ပံ တိုက်စစ် နေရာ အတွက် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတာဟာ ယခုနှစ် ဘောလုံးရာသီ စတင်ကတည်းက ဖြစ်ပြီး လက်ရှိမှာတော့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ဒေါ့မွန် အသင်းနဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းဆွေးနွေး သွားရဖို့ ရှိပါတယ်။

ဒေါ့မွန်ကတော့ ဆန်ချိုကအတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ အလိုရှိတယ်လို့ ပြောဆိုထားပြီး ယူနိုက်တက်အနေနဲ့ ထို ပမာဏ အတိုင်း ပေးချေသွားရဖွယ် ရှိတယ် လို့လည်း သိရပါတယ်။

Transfer Market ရဲ့ တွက်ချက်မှု အရ တော့ လက်ရှိအချိန်မှာ ဆန်ချိုရဲ့ တန်ကြေးဟာ ယူရို၁၁၇သန်း ဝန်းကျင် ရှိကြောင်း သိရပြီး ယူနိုက်တက် ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်း အထက် မကုန်ကျလိုပဲ ဆန်ချိုကို ပေါင် ၇၀သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဆန်ချို ဟာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ ၄၄ပွဲအထိ ပါဝင် ကစားပေးထားသူ ဖြစ်ပြီး ဂိုး၂၀ သွင်းယူထားခဲ့ သလို ဂိုးဖန်တီးမှု အကြိမ်၂၀ ကိုလည်း ပြုလုပ်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဆန်ချိုကိုသာရရှိခဲ့မယ်ဆိုပါက ယူနိုက်တက်အသင်းတိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့၊ မာရှယ်တို့နဲ့အတူ ဆန်ချိုကိုပါ ပိုင်ဆိုင်တော့မှာဖြစ်လို့ ငယ်ရွယ်နုပျိုပြီး စိတ်လှုပ်ရှားစရာ တိုက်စစ်အတွဲ ကို မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။