ယူနိုက္တက္ကို တခ်ိန္လံုး ေ၀ဖန္ေနတဲ့ ႐ြိဳင္ကိန္း ပါးစပ္ပိတ္ထားဖို႔ ဒြိဳင္ေယာက္ခ္ သတိေပး
ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ဒြိဳင္ေယာက္ခ္က အသင္းေဖာ္ေဟာင္း ႐ြိဳင္ကိန္းအေနနဲ႔ ယူႏိုက္တက္အသင္းကို လူသိရွင္ၾကား ေဝဖန္ေျပာဆိုေနတာေတြနဲ႔ ပတ္သက္ၿပီး ပါးစပ္ပိတ္ထားဖို႔အတြက္ သတိေပးစကား ေျပာလိုက္တယ္လို႔ သိရပါတယ္။
႐ြိဳင္ကိန္းဟာ စပါးနဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္ဂိုးသမား ဒီဂီယာကို စြမ္းေဆာင္မႈနဲ႔ ပတ္သက္ၿပီး ႀကိမ္းဝါးေျပာ ဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ႐ြိဳင္ကိန္းအေနနဲ႔ ကစားသမား ဘဝတုန္းက ကစားခဲ့တဲ့ပြဲစဥ္ေတြမွာလည္း အမွားရွိခဲ့ႏိုင္ေၾကာင္း ဒြိဳင္ေယာက္ခ္က ေျပာခဲ့ၿပီး အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ လက္ရွိနည္းျပျဖစ္တဲ့ ဆိုးလ္ရွားကပဲ ကိုင္တြယ္ေျဖရွင္းသင့္ေၾကာင္း ေျပာခဲ့ပါတယ္။
ယူႏိုက္တက္ဟာ နည္းျပဆိုးလ္ရွားရဲ႕လက္ေအာက္မွာ တိုးတက္မႈရွိလာၿပီး ခ်န္ပီယံလိဂ္ကစားခြင့္ကို ေမွ်ာ္လင့္ႏိုင္ လာသလို အက္ဖ္ေအဖလားမွာလည္း ဆီမီးဖိုင္နယ္ အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီလို႔ ဒြိဳင္ေယာက္ခ္က ေထာက္ခံမႈ ျပဳလုပ္ ခဲ့ပါတယ္။
” ႐ြိဳင္ကိန္းရဲ႕ လက္ေအာက္ ဆန္းဒါးလန္းအသင္းမွာ ကစားခဲ့ဖူးတာေၾကာင့္ သူအေနနဲ႔ ဘာကိုႏွစ္သက္ တယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ ကြၽန္ေတာ္တို႔ အားလုံးအမွားလုပ္ႏိုင္ပါတယ္။ ကစားသမားဘဝတုန္းက ႐ြိဳင္ကိန္းအေန နဲ႔ ပြဲတိုင္းကို အေကာင္းဆုံးကစားႏိုင္ခဲ့တာမဟုတ္ပါဘူး။သူအေနနဲ႔ ယူႏိုက္တက္အသင္းကို ေဝဖန္ေနတာေတြနဲ႔ ေလ်ာ့သင့္ပါတယ္။
အခုဆို ဆိုးလ္ရွားအေနနဲ႔ အသင္းကို ဆြဲေဆာင္မႈရွိတဲ့ကစားဟန္ျဖစ္ေအာင္ တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ အသင္း က ရလဒ္ေတြေကာင္းၿပီး အေကာင္းဆုံး ကစားႏိုင္ေနပါၿပီ။ ယူႏိုက္တက္ကို နည္းျပခြင့္ရတာဟာ ဆိုးလ္ရွားအတြက္ အေကာင္းဆုံး အခြင့္အေရးပါပဲ။ ” လို႔ ဒြိဳင္ေယာက္ခ္က ေျပာခဲ့ပါတယ္။
ဒြိဳင္ေယာက္ခ္အေနနဲ႔ အသင္းရဲ႕လူငယ္ကစားသမားတစ္ဦးျဖစ္တဲ့ ဂရင္းဝုဒ္ကိုလည္း ႐ြန္းနီလိုမ်ိဳး ယူႏိုက္တက္အသင္းကို အက်ိဳးျပဳႏိုင္မယ့္ ကစားသမားလို႔ မွတ္ခ်က္ျပဳ ခ်ီးက်ဴး ခဲ့ပါတယ္။
Uni – ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒွိုင်ယောက်ခ်က အသင်းဖော်ဟောင်း ရွိုင်ကိန်းအနေနဲ့ ယူနိုက်တက်အသင်းကို လူသိရှင်ကြား ဝေဖန်ပြောဆိုနေတာတွေနဲ့ ပတ်သက်ပြီး ပါးစပ်ပိတ်ထားဖို့အတွက် သတိပေးစကား ပြောလိုက်တယ်လို့ သိရပါတယ်။
ရွိုင်ကိန်းဟာ စပါးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဂိုးသမား ဒီဂီယာကို စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး ကြိမ်းဝါးပြော ဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရွိုင်ကိန်းအနေနဲ့ ကစားသမား ဘဝတုန်းက ကစားခဲ့တဲ့ပွဲစဉ်တွေမှာလည်း အမှားရှိခဲ့နိုင်ကြောင်း ဒွိုင်ယောက်ခ်က ပြောခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ လက်ရှိနည်းပြဖြစ်တဲ့ ဆိုးလ်ရှားကပဲ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ပြောခဲ့ပါတယ်။
ယူနိုက်တက်ဟာ နည်းပြဆိုးလ်ရှားရဲ့လက်အောက်မှာ တိုးတက်မှုရှိလာပြီး ချန်ပီယံလိဂ်ကစားခွင့်ကို မျှော်လင့်နိုင် လာသလို အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီလို့ ဒွိုင်ယောက်ခ်က ထောက်ခံမှု ပြုလုပ် ခဲ့ပါတယ်။
” ရွိုင်ကိန်းရဲ့ လက်အောက် ဆန်းဒါးလန်းအသင်းမှာ ကစားခဲ့ဖူးတာကြောင့် သူအနေနဲ့ ဘာကိုနှစ်သက် တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ အားလုံးအမှားလုပ်နိုင်ပါတယ်။ ကစားသမားဘဝတုန်းက ရွိုင်ကိန်းအနေ နဲ့ ပွဲတိုင်းကို အကောင်းဆုံးကစားနိုင်ခဲ့တာမဟုတ်ပါဘူး။သူအနေနဲ့ ယူနိုက်တက်အသင်းကို ဝေဖန်နေတာတွေနဲ့ လျော့သင့်ပါတယ်။
အခုဆို ဆိုးလ်ရှားအနေနဲ့ အသင်းကို ဆွဲဆောင်မှုရှိတဲ့ကစားဟန်ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အသင်း က ရလဒ်တွေကောင်းပြီး အကောင်းဆုံး ကစားနိုင်နေပါပြီ။ ယူနိုက်တက်ကို နည်းပြခွင့်ရတာဟာ ဆိုးလ်ရှားအတွက် အကောင်းဆုံး အခွင့်အရေးပါပဲ။ ” လို့ ဒွိုင်ယောက်ခ်က ပြောခဲ့ပါတယ်။
ဒွိုင်ယောက်ခ်အနေနဲ့ အသင်းရဲ့လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂရင်းဝုဒ်ကိုလည်း ရွန်းနီလိုမျိုး ယူနိုက်တက်အသင်းကို အကျိုးပြုနိုင်မယ့် ကစားသမားလို့ မှတ်ချက်ပြု ချီးကျူး ခဲ့ပါတယ်။