အိုးထရက္ဖို႔ဒ္မွာ တမုန္း ဂိုးမိုးရြာတဲ့ ပြဲ (သို႔မဟုတ္) ယူနိုက္တက္ ၅-၂ ဘုန္းေမာက္
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဒီတစ္ပတ္မွာလည္း တိုက္စစ္ပုံစံေကာင္းတစ္ခုကို ဆက္ထိန္းႏိုင္ခဲ့ၿပီး ဘုန္းေမာက္အသင္းကို အျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ ဂိုးျပတ္အႏိုင္ယူကာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ အမွားအယြင္းမရွိ ေရွ႕ဆက္ခဲ့ပါတယ္။ အိုးထရက္ဖို႔ဒ္မွာ တမုန္း ဂိုးမိုးရြာတဲ့ ပြဲ ျဖစ္ခဲ့ျပီး အိမ္ရွင္ ယူႏိုက္တက္ အသင္းက (၅)ဂိုး(၂)ဂိုးနဲ႔ အႏိုင္ယူၿပီး ပထမအေက်ာ့ရွံးေႂကြးကိုလည္း ဆပ္ႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္အသင္းကေတာ့ ဒီေနာက္ပိုင္း ပုံမွန္အသုံးျပဳေနၾက လူစာရင္းျဖစ္တဲ့ မာရွယ္ ရပ္ဖိုဒ့္ ဂရင္းဝုဒ္ ေပါ့ဘာ မာတစ္ ဖာနန္ဒက္စ္ လုခ္ေရွာ မက္ဂြိဳင္းယား လင္ဒီေလာ့ ဘစ္ဆာခါ ဒီဂီယာတို႔ကိုပဲ အေျပာင္းအလဲမရွိ ဆက္လက္အသုံးျပဳလာခဲ့သလို ဧည့္သည္ ဘုန္းေမာက္အသင္းဘက္မွာေတာ့ အဓိကတိုက္စစ္ကစားသမား ေကာ္လန္ဝီလ္ဆန္ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ခဲ့ရပါတယ္။
အိမ္ရွင္အသင္းက ပြဲအစကတည္းက ေတာက္ေလွ်ာက္ဖိအားေပး ကစားႏိုင္ခဲ့ေပမယ့္ မေမွ်ာ္လင့္ပဲ ဘုန္းေမာက္ဘက္ကေန အဖြင့္ဂိုးကို (၁၆)မိနစ္မွာ ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး စတန္နီစလက္စ္က သြင္းယူခဲ့ပါတယ္။
ဒါေပမယ့္ အိမ္ရွင္အသင္းက (၂၉)မိနစ္မွာ ဂရင္းဝုဒ္ရဲ႕ အေကာင္းဆုံး အဆုံးသတ္ဂိုးနဲ႔ ေခ်ပႏိုင္ခဲ့သလို (၃၅)မိနစ္မွာလည္း ရရွိခဲ့တဲ့ ပင္နယ္တီကေန ရပ္ဖိုဒ့္က ျပန္လည္ဦးေဆာင္ခဲ့ပါတယ္။ ပထမပိုင္းၿပီးခါနီးမွာလည္း မာရွယ္က လွပေသသပ္လွတဲ့ ဘယ္ေျခကန္ခ်က္နဲ႔ တတိယဂိုးကို ဆက္လက္သြင္းယူခဲ့ပါတယ္။
ပထမပိုင္း ပြဲကစားခ်ိန္အတြင္းမွာ ယူႏိုက္တက္အသင္းက ေနာက္တန္းနဲ႔ဂိုးသမားတို႔ၾကား အမွားအယြင္းတခ်ိဳ႕ရွိခဲ့လို႔ ဒုတိယပိုင္းအစမွာပဲ လင္ဒီေလာ့ေနရာ ဘိုင္လီကို ထည့္သြင္းခဲ့ေပမယ့္ ဘိုင္လီေဘာလုံးထိန္းရာမွာ လက္ထိသြားခဲ့လို႔ ဘုန္းေမာက္တို႔ ပင္နယ္တီကန္ခြင့္ရခဲ့ၿပီး ဂ်ိဳရွအာကင္းက ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ပါတယ္။
ေခ်ပဂိုးျပန္ေပးလိုက္ရေပမယ့္ ယူႏိုက္တက္ကပဲ ျပန္လည္ဖိလာႏိုင္ခဲ့ကာ (၅၄)မိနစ္မွာ ဂရင္းဝုဒ္ကပဲ အႏိုင္ဂိုးထပ္သြင္းခဲ့ပါတယ္။ ဒါ့အျပင္ (၅၉)မိနစ္မွာလည္း ဖာနန္ဒက္စ္က ဖရီးကစ္ကေနတစ္ဆင့္ ယူႏိုက္တက္အတြက္ သြင္းဂိုးထပ္မံရယူခဲ့သလို ပြဲကိုအျပတ္အသတ္နဲ႔ ဦးေဆာင္ေစခဲ့ပါတယ္။ အခြင့္အေရးေတြ ထပ္ရေပမဲ့လည္း ေရွာနဲ႔ အီဂါလိုတို႔ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ဒီရလဒ္အတိုင္းပဲ ပြဲၿပီးဆုံးခဲ့တာ ျဖစ္ပါတယ္။
နည္းျပဆိုးရွားနဲ႔ သရဲနီတို႔အဖို႔ေတာ့ အဆင့္ ၃ေနရာအထိ တက္လွမ္းႏိုင္ဖို႔ အခြင့္အေရးရွိေနခ်ိန္မွာ အမွားအယြင္းမရွိေရွ႕ဆက္ႏိုင္ခဲ့တာျဖစ္ၿပီး ဒီေျခစြမ္းအတိုင္း ရာသီကုန္အထိ ဆက္ထိန္းသြားႏိုင္ဖို႔ပဲ လိုအပ္ပါေတာ့တယ္။
Uni – မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာလည်း တိုက်စစ်ပုံစံကောင်းတစ်ခုကို ဆက်ထိန်းနိုင်ခဲ့ပြီး ဘုန်းမောက်အသင်းကို အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အမှားအယွင်းမရှိ ရှေ့ဆက်ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ တမုန်း ဂိုးမိုးရွာတဲ့ ပွဲ ဖြစ်ခဲ့ပြီး အိမ်ရှင် ယူနိုက်တက် အသင်းက (၅)ဂိုး(၂)ဂိုးနဲ့ အနိုင်ယူပြီး ပထမအကျော့ရှံးကြွေးကိုလည်း ဆပ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကတော့ ဒီနောက်ပိုင်း ပုံမှန်အသုံးပြုနေကြ လူစာရင်းဖြစ်တဲ့ မာရှယ် ရပ်ဖိုဒ့် ဂရင်းဝုဒ် ပေါ့ဘာ မာတစ် ဖာနန်ဒက်စ် လုခ်ရှော မက်ဂွိုင်းယား လင်ဒီလော့ ဘစ်ဆာခါ ဒီဂီယာတို့ကိုပဲ အပြောင်းအလဲမရှိ ဆက်လက်အသုံးပြုလာခဲ့သလို ဧည့်သည် ဘုန်းမောက်အသင်းဘက်မှာတော့ အဓိကတိုက်စစ်ကစားသမား ကော်လန်ဝီလ်ဆန် ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရပါတယ်။
အိမ်ရှင်အသင်းက ပွဲအစကတည်းက တောက်လျှောက်ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် မမျှော်လင့်ပဲ ဘုန်းမောက်ဘက်ကနေ အဖွင့်ဂိုးကို (၁၆)မိနစ်မှာ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး စတန်နီစလက်စ်က သွင်းယူခဲ့ပါတယ်။
ဒါပေမယ့် အိမ်ရှင်အသင်းက (၂၉)မိနစ်မှာ ဂရင်းဝုဒ်ရဲ့ အကောင်းဆုံး အဆုံးသတ်ဂိုးနဲ့ ချေပနိုင်ခဲ့သလို (၃၅)မိနစ်မှာလည်း ရရှိခဲ့တဲ့ ပင်နယ်တီကနေ ရပ်ဖိုဒ့်က ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာလည်း မာရှယ်က လှပသေသပ်လှတဲ့ ဘယ်ခြေကန်ချက်နဲ့ တတိယဂိုးကို ဆက်လက်သွင်းယူခဲ့ပါတယ်။
ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ယူနိုက်တက်အသင်းက နောက်တန်းနဲ့ဂိုးသမားတို့ကြား အမှားအယွင်းတချို့ရှိခဲ့လို့ ဒုတိယပိုင်းအစမှာပဲ လင်ဒီလော့နေရာ ဘိုင်လီကို ထည့်သွင်းခဲ့ပေမယ့် ဘိုင်လီဘောလုံးထိန်းရာမှာ လက်ထိသွားခဲ့လို့ ဘုန်းမောက်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဂျိုရှအာကင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။
ချေပဂိုးပြန်ပေးလိုက်ရပေမယ့် ယူနိုက်တက်ကပဲ ပြန်လည်ဖိလာနိုင်ခဲ့ကာ (၅၄)မိနစ်မှာ ဂရင်းဝုဒ်ကပဲ အနိုင်ဂိုးထပ်သွင်းခဲ့ပါတယ်။ ဒါ့အပြင် (၅၉)မိနစ်မှာလည်း ဖာနန်ဒက်စ်က ဖရီးကစ်ကနေတစ်ဆင့် ယူနိုက်တက်အတွက် သွင်းဂိုးထပ်မံရယူခဲ့သလို ပွဲကိုအပြတ်အသတ်နဲ့ ဦးဆောင်စေခဲ့ပါတယ်။ အခွင့်အရေးတွေ ထပ်ရပေမဲ့လည်း ရှောနဲ့ အီဂါလိုတို့ အသုံးမချနိုင်ခဲ့တာကြောင့် ဒီရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
နည်းပြဆိုးရှားနဲ့ သရဲနီတို့အဖို့တော့ အဆင့် ၃နေရာအထိ တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှိနေချိန်မှာ အမှားအယွင်းမရှိရှေ့ဆက်နိုင်ခဲ့တာဖြစ်ပြီး ဒီခြေစွမ်းအတိုင်း ရာသီကုန်အထိ ဆက်ထိန်းသွားနိုင်ဖို့ပဲ လိုအပ်ပါတော့တယ်။