စင္းလံုးေခ်ာ ျပည့္စံုတဲ့ တိုက္စစ္မွဴးေကာင္း ျဖစ္ဖို႔ ဂရင္း၀ုဒ္မွာ တစ္ခ်က္ပဲ လိုပါေတာ့တယ္

မန္ခ်က္စတာ ယူနုိက္တက္ အသင္းရဲ႕ နည္းျပျဖစ္သူ အိုေလဂန္နာ ဆိုးလ္ရွား ကေတာ့ ညက ကစားခဲ့တဲ့ ယူနုိက္တက္ နဲ႔ ဘုန္းေမာက္အသင္းတို႔ရဲ႕ ပြဲမွာ ေျခစြမ္းျပ ကစားႏိုင္ခဲ့တဲ့ လူငယ္ တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္ဟာ ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉး ျဖစ္လာဖို႔ လိုအပ္ခ်က္တစ္ခုတည္းသာ ရွိေတာ့ေၾကာင္း ပြဲအၿပီးမွာ ဖြင့္ဟ သြားခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ထိုပြဲစဥ္မွာ ယူနုိက္တက္ ဟာ ဘုန္းေမာက္အသင္းကို ၅ဂိုး ၂ဂိုး နဲ႔ ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲ ရရွိခဲ့သလို ဂရင္းဝုဒ္ က ထိုပြဲစဥ္မွာ ယူနုိက္တက္ အသင္းအတြက္ အေကာင္းဆုံး ေျခစြမ္းျပႏိုင္ခဲ့ၿပီး ပြဲစဥ္ရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့သလို အသင္းအတြက္လည္း သြင္းဂိုး ၂ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ ပြဲအၿပီးမွာေတာ့ ဆိုးလ္ရွားက လူငယ္ တိုက္စစ္မႉး ဂရင္းဝုဒ္ ကို အထူး ခ်ီးက်ဴးသြားခဲ့ၿပီး ဂရင္းဝုဒ္ဟာ ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉး ျဖစ္လာဖို႔ ေခါင္းတိုက္သြင္းဂိုးေတြ ရရွိေအာင္ ေလ့က်င့္ဖို႔သာ က်န္ေတာ့တယ္လို႔ ဂရင္းဝုဒ္ရဲ႕ လိုအပ္ခ်က္ကို ေထာက္ျပသြားခဲ့ပါတယ္။

” ဂရင္းဝုဒ္ဟာ ပင္ကိုယ္ စြမ္းရည္ရွိတဲ့ ကစားသမားပါ။ ၿပီးေတာ့ သူက အဆုံးသတ္ေကာင္းတဲ့ တိုက္စစ္မႉးလည္း ျဖစ္ပါတယ္။ အခုဆိုရင္ သူက ပိုပိုၿပီး ေကာင္း လာသလို ကြင္းတြင္း ၊ ကြင္းျပင္မွာ ခ်မွတ္တဲ့ ဆုံးျဖတ္ခ်က္ေတြဟာလည္း မွန္ကန္မႈေတြ ရွိလာပါၿပီ။ သူဟာ အရမ္းထူးျခားတဲ့ တိုက္စစ္မႉး တစ္ဦးပါ။ ဘယ္ေျခနဲ႔ ဂိုးသြင္းႏိုင္သလို ညာေျခနဲ႔လည္း ဂိုးသြင္းႏိုင္ပါတယ္။ ေခါင္းတိုက္သြင္းဂိုးေတြ သြင္းယူႏိုင္ခဲ့ရင္ေတာ့ သူဟာ ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉး ျဖစ္ပါၿပီ ” လို႔ ဆိုးလ္ရွားက ေထာက္ျပသြားခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့ရတဲ့ ပြဲစဥ္မွာ ျဖစ္ေပမယ့္ ထိုပြဲမွာ ဦးေဆာင္ဂိုး အရင္ ရခဲ့တဲ့အသင္းဟာ ဘုန္းေမာက္အသင္း ျဖစ္ၿပီး ပြဲခ်ိန္ ၁၅မိနစ္မွာပဲ စတိန္းနစ္လက္ က ဘုန္းေမာက္အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဦးေဆာင္ဂိုး ေပးရၿပီးေနာက္ မွာေတာ့ ယူနုိက္တက္ ရဲ႕ ကစားပုံဟာ ပိုမို ေကာင္းမြန္လာခဲ့ၿပီး ၂၉မိနစ္မွာ ဂရင္းဝုဒ္ ၊ ၃၅ မိနစ္မွာ ပင္နယ္တီကေန တဆင့္ ရက္ဖို႔ဒ္နဲ႔ ၄၇ မိနစ္မွာ မာရွယ္တို႔က အသီးသီး သြင္းဂိုးေတြ သြင္းယူေပးခဲ့ၾကပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ မန္ယူေနာက္ခံလူ ဘိုင္လီရဲ႕ အမွား ကေန တဆင့္ ဘုန္းေမာက္ဟာ ပင္နယ္တီ ကန္ခြင့္ရခဲ့သလို တိုက္စစ္မႉး ကင္းဟာလည္း ပင္နယ္တီကို အေကာင္းဆုံး အသုံးခ်ခဲ့ပါတယ္။ ပြဲခ်ိန္ ၅၄မိနစ္မွာေတာ့ ဂရင္းဝုဒ္က ယူနုိက္တက္ အတြက္ အႏိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၉မိနစ္မွာေတာ့ ဖာနန္ဒက္က ပြဲသိမ္းဂိုးကို ျပစ္ဒဏ္ေဘာ​ ကေန တဆင့္ သြင္းယူေပးခဲ့တာပါ။

Uni – မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ညက ကစားခဲ့တဲ့ ယူနိုက်တက် နဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ လူငယ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး ဖြစ်လာဖို့ လိုအပ်ချက်တစ်ခုတည်းသာ ရှိတော့ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ သွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ထိုပွဲစဉ်မှာ ယူနိုက်တက် ဟာ ဘုန်းမောက်အသင်းကို ၅ဂိုး ၂ဂိုး နဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရရှိခဲ့သလို ဂရင်းဝုဒ် က ထိုပွဲစဉ်မှာ ယူနိုက်တက် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို အသင်းအတွက်လည်း သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ ဆိုးလ်ရှားက လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ် ကို အထူး ချီးကျူးသွားခဲ့ပြီး ဂရင်းဝုဒ်ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး ဖြစ်လာဖို့ ခေါင်းတိုက်သွင်းဂိုးတွေ ရရှိအောင် လေ့ကျင့်ဖို့သာ ကျန်တော့တယ်လို့ ဂရင်းဝုဒ်ရဲ့ လိုအပ်ချက်ကို ထောက်ပြသွားခဲ့ပါတယ်။

” ဂရင်းဝုဒ်ဟာ ပင်ကိုယ် စွမ်းရည်ရှိတဲ့ ကစားသမားပါ။ ပြီးတော့ သူက အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ အခုဆိုရင် သူက ပိုပိုပြီး ကောင်း လာသလို ကွင်းတွင်း ၊ ကွင်းပြင်မှာ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း မှန်ကန်မှုတွေ ရှိလာပါပြီ။ သူဟာ အရမ်းထူးခြားတဲ့ တိုက်စစ်မှူး တစ်ဦးပါ။ ဘယ်ခြေနဲ့ ဂိုးသွင်းနိုင်သလို ညာခြေနဲ့လည်း ဂိုးသွင်းနိုင်ပါတယ်။ ခေါင်းတိုက်သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ရင်တော့ သူဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး ဖြစ်ပါပြီ ” လို့ ဆိုးလ်ရှားက ထောက်ပြသွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဖြစ်ပေမယ့် ထိုပွဲမှာ ဦးဆောင်ဂိုး အရင် ရခဲ့တဲ့အသင်းဟာ ဘုန်းမောက်အသင်း ဖြစ်ပြီး ပွဲချိန် ၁၅မိနစ်မှာပဲ စတိန်းနစ်လက် က ဘုန်းမောက်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးရပြီးနောက် မှာတော့ ယူနိုက်တက် ရဲ့ ကစားပုံဟာ ပိုမို ကောင်းမွန်လာခဲ့ပြီး ၂၉မိနစ်မှာ ဂရင်းဝုဒ် ၊ ၃၅ မိနစ်မှာ ပင်နယ်တီကနေ တဆင့် ရက်ဖို့ဒ်နဲ့ ၄၇ မိနစ်မှာ မာရှယ်တို့က အသီးသီး သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ မန်ယူနောက်ခံလူ ဘိုင်လီရဲ့ အမှား ကနေ တဆင့် ဘုန်းမောက်ဟာ ပင်နယ်တီ ကန်ခွင့်ရခဲ့သလို တိုက်စစ်မှူး ကင်းဟာလည်း ပင်နယ်တီကို အကောင်းဆုံး အသုံးချခဲ့ပါတယ်။ ပွဲချိန် ၅၄မိနစ်မှာတော့ ဂရင်းဝုဒ်က ယူနိုက်တက် အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပွဲချိန် ၅၉မိနစ်မှာတော့ ဖာနန်ဒက်က ပွဲသိမ်းဂိုးကို ပြစ်ဒဏ်ဘော ကနေ တဆင့် သွင်းယူပေးခဲ့တာပါ။