ဆိုးရွားနဲ႕ သရဲနီတပ္သားေတြ ယူေပးခဲ့တဲ့ ဆယ္စုနွစ္ တစ္ခုနီးပါးအတြင္း ပထမဆံုး ယူနိုက္တက္ရဲ႕ စံခ်ိန္ေကာင္း

ညက ကစားခဲ့တဲ့ ဘုန္းေမာက္နဲ႔ပြဲမွာ မန္ခ်က္စတာ ယူနုိက္တက္က ၅ ဂိုးအထိသြင္းယူျပီး အႏိုင္ရရွိခဲ့ကာ ယူႏိုက္တက္အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ၂၀၁၁ ဒီဇင္ဘာလ ေနာက္ပိုင္း ပထမဆံုးအၾကိမ္ ငါးဂိုး သြင္းယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ထိုစဥ္က ဆာအဲလက္စ္ ဖာဂူဆန္ကိုင္တြယ္ခဲ့စဥ္ ၀ီဂန္ကို အႏိုင္ရရွိခဲ့တာျဖစ္ျပီး ထို ပြဲျပီးတဲ့ေနာက္မွာ အိုးထရက္ဖို႔ဒ္မွာ ငါးဂိုး မသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ မေန႔ကသူတို႔ရဲ႕ႏိုင္ပြဲဟာ ၉ ႏွစ္အတြင္း ပထမဆံုးအၾကိမ္အိမ္ကြင္းမွာ သြင္းဂိုး ၅ဂိုးျပန္လည္ရရွိခဲ့တာျဖစ္ျပီးေတာ့ ဆိုးရွားအတြက္ ဂုဏ္ယူဖြယ္ရာလည္း ျဖစ္လာခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ ဂိုးေတြကိုေတာ့ လူငယ္ၾကယ္ပြင့္ကစားသမားဂရင္းဝုဒ္က ၂ဂိုး၊ ရက္ရွ္ဖို႔ဒ္က ပယ္နယ္တီက ၁ဂိုး၊ မာရွယ္က လွပတဲ့ ကန္သြင္းခ်က္နဲ႔ ၁ဂိုး၊ ဘ႐ူႏို ဖာနန္ဒက္စ္က အလြတ္ တည္ကန္ေဘာကတဆင့္ ၁ ဂိုး သြင္းယူေပးခဲ့ပါတယ္။ ဘုန္းေမာက္အေနနဲ႔ ဦးေဆာင္ဂိုးရရွိခဲ့ေပမယ့္လည္း ယူႏိုုက္တက္ရဲ႕ တိုက္စစ္ပိုင္းကို မထိန္းသိမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြထဲမွာ ယူႏိုက္တက္ရဲ႕ ရလဒ္ေတြက အေကာင္းဆုံးျဖစ္ေနၿပီး ထိပ္တန္းလိဂ္ငါးခုထဲမွာလည္း ဘိုင္ယန္ တစ္သင္းတည္းသာ ယူႏိုက္တက္ထက္ ရႈံးပြဲမရွိ စံခ်ိန္ပြဲက ပိုမိုမ်ားျပားေနခဲ့တယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ဟာ လက္ရွိမွာေတာ့ ၁၆ ပြဲဆက္တိုက္ ရံႈးပြဲမရွိ မွတ္တမ္းေကာင္းလည္း ရထားျပီး ခ်န္ပီယံလိဂ္၀င္ခြင့္တစ္ေနရာအတြက္ လက္စတာ၊ ခ်ယ္လ္ဆီး တို႔ကို ဖိအားေပးေနဆဲျဖစ္ကာ လာမယ့္ရာသီမွာေတာ့ အမွတ္ေပးဖလားကုိ စိန္ေခၚႏိုင္မယ့္ အသင္းတစ္သင္းပံုစံကိုပါ ရရွိေနျပီျဖစ္ပါတယ္။

Uni – ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ၅ ဂိုးအထိသွင်းယူပြီး အနိုင်ရရှိခဲ့ကာ ယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ၂၀၁၁ ဒီဇင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် ငါးဂိုး သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုစဉ်က ဆာအဲလက်စ် ဖာဂူဆန်ကိုင်တွယ်ခဲ့စဉ် ဝီဂန်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ထို ပွဲပြီးတဲ့နောက်မှာ အိုးထရက်ဖို့ဒ်မှာ ငါးဂိုး မသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မနေ့ကသူတို့ရဲ့နိုင်ပွဲဟာ ၉ နှစ်အတွင်း ပထမဆုံးအကြိမ်အိမ်ကွင်းမှာ သွင်းဂိုး ၅ဂိုးပြန်လည်ရရှိခဲ့တာဖြစ်ပြီးတော့ ဆိုးရှားအတွက် ဂုဏ်ယူဖွယ်ရာလည်း ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကိုတော့ လူငယ်ကြယ်ပွင့်ကစားသမားဂရင်းဝုဒ်က ၂ဂိုး၊ ရက်ရှ်ဖို့ဒ်က ပယ်နယ်တီက ၁ဂိုး၊ မာရှယ်က လှပတဲ့ ကန်သွင်းချက်နဲ့ ၁ဂိုး၊ ဘရူနို ဖာနန်ဒက်စ်က အလွတ် တည်ကန်ဘောကတဆင့် ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘုန်းမောက်အနေနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို မထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိပ ရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ ယူနိုက်တက်ရဲ့ ရလဒ်တွေက အကောင်းဆုံးဖြစ်နေပြီး ထိပ်တန်းလိဂ်ငါးခုထဲမှာလည်း ဘိုင်ယန် တစ်သင်းတည်းသာ ယူနိုက်တက်ထက် ရှုံးပွဲမရှိ စံချိန်ပွဲက ပိုမိုများပြားနေခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လက်ရှိမှာတော့ ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းကောင်းလည်း ရထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် လက်စတာ၊ ချယ်လ်ဆီး တို့ကို ဖိအားပေးနေဆဲဖြစ်ကာ လာမယ့်ရာသီမှာတော့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းပုံစံကိုပါ ရရှိနေပြီဖြစ်ပါတယ်။