ေျခစြမ္းေကာင္း ျပဖို႔ မဆုတ္မနစ္ ၾကိဳးစားခဲ့တဲ့ ယူနိုက္တက္ တိုက္စစ္မွဴးကို ဆိုးရွား ခ်ီးက်ဴး
မန္ခ်က္စတာ ယူႏိုက္တက္နည္းျပဆိုးရွားကေတာ့ တိုက္စစ္မႉး အန္တိုနီယို မာရွယ္ရဲ႕ ၾကိဳးစားတဲ့ လံု႕လကို ခ်ီးက်ဴးလိုက္ျပီး မာရွယ္ ဟာ တစ္ရာသီကို သြင္းဂိုး ၂၀ ေလာက္ သြင္းယူႏိုင္တဲ့ နံပါတ္ ၉ စစ္စစ္ ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
ျပင္သစ္သားဟာ ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ သူ႔ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဟက္ထရစ္သြင္းဂိုးရရွိခဲ့သလို ဘုန္းေမာက္အသင္းနဲ႔ ပြဲ မွာလည္း သရဲနီတို႔အတြက္ အႏိုင္ဂိုးတစ္ဂိုးကို ဧရိယာျပင္ဘက္ကေန လွလွပပ ကန္သြင္းယူျပခဲ့ပါတယ္။
ဒီႏွစ္ရာသီအတြင္း ႐ုန္းကန္ရမႈေတြ ရွိခဲ့ေပမဲ့ မာရွယ္ တစ္ေယာက္ ေျခစြမ္းေကာင္းေတြ ျပသလာႏိုင္တာဟာ မဆုတ္မနစ္ႀကိဳးစားျခင္းေၾကာင့္သာျဖစ္ေၾကာင္း နည္းျပ ဆိုးရွားက မွတ္ခ်က္ျပဳလာခဲ့တာပါ။
“အသင္းကလည္း အခြင့္အေရးေတြ ဖန္တီးလာႏိုင္တယ္။ အန္တိုနီယို (မာရွယ္)ကလည္း မဆုတ္မနစ္ ႀကိဳးစားတယ္။ သူဟာ နံပါတ္ ၉ ေနရာမွာ အသားက်ဖို႔ အတြက္ အရာအားလုံး ႀကိဳးစားခဲ့တာပါ။ တစ္ခါတစ္ေလမွာ မားကပ္စ္ (ရက္ဖို႔ဒ္)နဲ႔ ေနရာေျပာင္းကစားတာေတာ့ ရွိတာေပါ့။
ဘုန္းေမာက္အသင္းနဲ႔ ပြဲတုန္းက သူ႔ရဲ႕သြင္းဂိုးဆိုရင္ သူဟာ ဘယ္ျခမ္းကေန ေဘာလုံးဆြဲယူလာခဲ့ၿပီး ေဝ့ဝိုက္ ကန္သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။” လို႔ နည္းျပဆိုးရွားက မာရွယ္ရဲ႕ေျခစြမ္းကို ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ မာရွယ္လ္ဟာ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၅ဂိုး အထိ သြင္းယူႏိုင္ခဲ့ၿပီျဖစ္ၿပီး အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားတို႔ ကစားဖို႔ရာ က်န္ရွိေနေသးတဲ့ ယူႏိုက္တက္ အတြက္ ဆုဖလား ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ရာ ေမွ်ာ္လင့္ခ်က္တစ္ခုလည္း ျဖစ္လာခဲ့ပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက်နည်းပြဆိုးရှားကတော့ တိုက်စစ်မှူး အန်တိုနီယို မာရှယ်ရဲ့ ကြိုးစားတဲ့ လုံ့လကို ချီးကျူးလိုက်ပြီး မာရှယ် ဟာ တစ်ရာသီကို သွင်းဂိုး ၂၀ လောက် သွင်းယူနိုင်တဲ့ နံပါတ် ၉ စစ်စစ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ပြင်သစ်သားဟာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ သူ့ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းဂိုးရရှိခဲ့သလို ဘုန်းမောက်အသင်းနဲ့ ပွဲ မှာလည်း သရဲနီတို့အတွက် အနိုင်ဂိုးတစ်ဂိုးကို ဧရိယာပြင်ဘက်ကနေ လှလှပပ ကန်သွင်းယူပြခဲ့ပါတယ်။
ဒီနှစ်ရာသီအတွင်း ရုန်းကန်ရမှုတွေ ရှိခဲ့ပေမဲ့ မာရှယ် တစ်ယောက် ခြေစွမ်းကောင်းတွေ ပြသလာနိုင်တာဟာ မဆုတ်မနစ်ကြိုးစားခြင်းကြောင့်သာဖြစ်ကြောင်း နည်းပြ ဆိုးရှားက မှတ်ချက်ပြုလာခဲ့တာပါ။
“အသင်းကလည်း အခွင့်အရေးတွေ ဖန်တီးလာနိုင်တယ်။ အန်တိုနီယို (မာရှယ်)ကလည်း မဆုတ်မနစ် ကြိုးစားတယ်။ သူဟာ နံပါတ် ၉ နေရာမှာ အသားကျဖို့ အတွက် အရာအားလုံး ကြိုးစားခဲ့တာပါ။ တစ်ခါတစ်လေမှာ မားကပ်စ် (ရက်ဖို့ဒ်)နဲ့ နေရာပြောင်းကစားတာတော့ ရှိတာပေါ့။
ဘုန်းမောက်အသင်းနဲ့ ပွဲတုန်းက သူ့ရဲ့သွင်းဂိုးဆိုရင် သူဟာ ဘယ်ခြမ်းကနေ ဘောလုံးဆွဲယူလာခဲ့ပြီး ဝေ့ဝိုက် ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။” လို့ နည်းပြဆိုးရှားက မာရှယ်ရဲ့ခြေစွမ်းကို ချီးကျူးစကား ဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာ မာရှယ်လ်ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ ကစားဖို့ရာ ကျန်ရှိနေသေးတဲ့ ယူနိုက်တက် အတွက် ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ရာ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။