လီဗာပူး တိုက္စစ္ သံုးေယာက္တြဲထက္ အစြမ္းျပထားတဲ့ မာရွယ္၊ ရပ္ဖို႔ဒ္၊ ဂရင္းဝုဒ္
ဒီရာသီမွာ အထူးေျခစြမ္းျပကစားေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉးသုံးဦးကို ယူနိုက္တက္ ကြင္းလယ္ ကစားသမားေဟာင္း တစ္ဦးျဖစ္သူ အိုဝင္ဟားဂေရ႕ဗ္က ခ်ီးက်ဴး စကား ေျပာၾကားလိုက္ပါတယ္။
လက္ရွိ ယူနိုက္တက္ ရဲ႕ သုံးေယာက္တြဲတိုက္စစ္ကို ပုံေဖာ္ေနတဲ့ မာရွယ္၊ ရပ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးရဲ႕ နာမည္ေက်ာ္ တိုက္စစ္အတြဲ ဖာမီႏို-မာေနး-ဆာလာထက္ သြင္းဂိုးပိုမ်ားေနတာဟာ တကယ္ကို စိတ္လႈပ္ရွားစရာေကာင္းလွတယ္လို႔ ဟားဂေရ႕ဗ္က ဆိုပါတယ္။
၂၀၁၉-၂၀ ေဘာလုံးရာသီမွာ ယူနိုက္တက္ သုံးေယာက္တြဲတိုက္စစ္ဟာ ၿပိဳင္ပြဲစုံသြင္းဂိုး ၅၅ ဂိုးထိ ရယူႏိုင္ခဲ့ပါတယ္။ မာရွယ္နဲ႔ ရပ္ဖို႔ဒ္တို႔က ဂိုး၂၀ စီသြင္းယူႏိုင္ခဲ့သလို လူငယ္ တိုက္စစ္မႉးေလး ဂရင္းဝုဒ္ကလည္း ၁၅ ဂိုးထိသြင္းယူႏိုင္ခဲ့တာပါ။
လီဗာပူးရဲ႕နာမည္ေက်ာ္ သုံးေယာက္တြဲတိုက္စစ္ျဖစ္တဲ့ ဖာမီႏို၊ မာေနးနဲ႔ ဆာလာတို႔ကေတာ့ ဒီရာသီမွာ သုံးေယာက္ေပါင္း သြင္းဂိုး ၅၁ ဂိုးသာရွိေနခဲ့တာျဖစ္ပါတယ္။ ဒါဟာ ယူနိုက္တက္ လူငယ္တိုက္စစ္ကစားသမား၃ဦးအတြက္ တကယ္ကို ခ်ီးက်ဴးစရာျဖစ္တယ္လို႔ ဟားဂေရ႕ဗ္ကသုံးသပ္သြားခဲ့ပါတယ္။
“လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးတိုက္စစ္အတြဲဟာ လီဗာပူးရဲ႕ ဖာမီႏို-မာေနး-ဆာလာျဖစ္တယ္လို႔ အမ်ားစုက ဆိုၾကပါတယ္။ သူတို႔သုံးေယာက္စလုံးကလည္း ကိုယ့္တန္ဖိုးကိုယ္ သက္ေသျပၿပီးတဲ့သူေတြ ခ်ည္းပါပဲ၊ ဒါကို ျငင္းစရာမရွိပါဘူး။
ဒီရာသီမွာ ဖာမီႏို-မာေနး-ဆာလာအတြဲက သြင္းဂိုး ၅၁ ဂိုးရထားပါတယ္၊ သူတို႔ထက္ပိုၿပီး ရပ္ဖို႔ဒ္-မာရွယ္-ဂရင္းဝုဒ္တိုက္စစ္အတြဲက ဂိုးပိုရထားတာက တကယ္ကို ခ်ီးက်ဴးစရာပါ၊ ဂရင္းဝုဒ္က ဆယ္ေက်ာ္သက္ေလးတစ္ေယာက္ျဖစ္သလို မာရွယ္နဲ႔ရပ္ဖို႔ဒ္တို႔ကလည္း လူငယ္ကစားသမား အဆင့္မွာပဲ ရွိေနေသးတာကို ထည့္စဥ္းစားရင္ ပိုၿပီး ခ်ီးက်ဴးဖို႔ေကာင္းပါတယ္။
ေဘာလုံးဆိုတာ သုံးေယာက္-သုံးေယာက္ဂိုးသြင္းၿပိဳင္ရတဲ့ၿပိဳင္ပြဲမ်ိဳးေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ တကယ့္ဒိတ္ဒိတ္ႀကဲတိုက္စစ္အတြဲတစ္ခုထက္ လူငယ္သုံးေယာက္က ဂိုး ပိုရထားတာကေတာ့ အသင္းအတြက္ တကယ္ အျပဳသေဘာ ေဆာင္တဲ့ကိစၥပါပဲ။ မန္ယူနိုက္တက္ အသင္းမွာ ရင္ခုန္စိတ္လႈပ္ရွားစရာေတြ ျဖစ္ေပၚေနပါၿပီ”လို႔ ဟားဂေရ႕ဗ္ က ေျပာၾကားခဲ့ပါတယ္။
Uni – ဒီရာသီမှာ အထူးခြေစွမ်းပြကစားနေတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသုံးဦးကို ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ အိုဝင်ဟားဂရေ့ဗ်က ချီးကျူး စကား ပြောကြားလိုက်ပါတယ်။
လက်ရှိ ယူနိုက်တက် ရဲ့ သုံးယောက်တွဲတိုက်စစ်ကို ပုံဖော်နေတဲ့ မာရှယ်၊ ရပ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးရဲ့ နာမည်ကျော် တိုက်စစ်အတွဲ ဖာမီနို-မာနေး-ဆာလာထက် သွင်းဂိုးပိုများနေတာဟာ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းလှတယ်လို့ ဟားဂရေ့ဗ်က ဆိုပါတယ်။
၂၀၁၉-၂၀ ဘောလုံးရာသီမှာ ယူနိုက်တက် သုံးယောက်တွဲတိုက်စစ်ဟာ ပြိုင်ပွဲစုံသွင်းဂိုး ၅၅ ဂိုးထိ ရယူနိုင်ခဲ့ပါတယ်။ မာရှယ်နဲ့ ရပ်ဖို့ဒ်တို့က ဂိုး၂၀ စီသွင်းယူနိုင်ခဲ့သလို လူငယ် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ကလည်း ၁၅ ဂိုးထိသွင်းယူနိုင်ခဲ့တာပါ။
လီဗာပူးရဲ့နာမည်ကျော် သုံးယောက်တွဲတိုက်စစ်ဖြစ်တဲ့ ဖာမီနို၊ မာနေးနဲ့ ဆာလာတို့ကတော့ ဒီရာသီမှာ သုံးယောက်ပေါင်း သွင်းဂိုး ၅၁ ဂိုးသာရှိနေခဲ့တာဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက် လူငယ်တိုက်စစ်ကစားသမား၃ဦးအတွက် တကယ်ကို ချီးကျူးစရာဖြစ်တယ်လို့ ဟားဂရေ့ဗ်ကသုံးသပ်သွားခဲ့ပါတယ်။
“လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲဟာ လီဗာပူးရဲ့ ဖာမီနို-မာနေး-ဆာလာဖြစ်တယ်လို့ အများစုက ဆိုကြပါတယ်။ သူတို့သုံးယောက်စလုံးကလည်း ကိုယ့်တန်ဖိုးကိုယ် သက်သေပြပြီးတဲ့သူတွေ ချည်းပါပဲ၊ ဒါကို ငြင်းစရာမရှိပါဘူး။
ဒီရာသီမှာ ဖာမီနို-မာနေး-ဆာလာအတွဲက သွင်းဂိုး ၅၁ ဂိုးရထားပါတယ်၊ သူတို့ထက်ပိုပြီး ရပ်ဖို့ဒ်-မာရှယ်-ဂရင်းဝုဒ်တိုက်စစ်အတွဲက ဂိုးပိုရထားတာက တကယ်ကို ချီးကျူးစရာပါ၊ ဂရင်းဝုဒ်က ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်သလို မာရှယ်နဲ့ရပ်ဖို့ဒ်တို့ကလည်း လူငယ်ကစားသမားအဆင့်မှာပဲရှိနေသေးတာကိုထည့်စဉ်းစားရင် ပိုပြီး ချီးကျူးဖို့ကောင်းပါတယ်။
ဘောလုံးဆိုတာ သုံးယောက်-သုံးယောက်ဂိုးသွင်းပြိုင်ရတဲ့ပြိုင်ပွဲမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် တကယ့်ဒိတ်ဒိတ်ကြဲတိုက်စစ်အတွဲတစ်ခုထက် လူငယ်သုံးယောက်က ဂိုး ပိုရထားတာကတော့ အသင်းအတွက် တကယ် အပြုသဘော ဆောင်တဲ့ကိစ္စပါပဲ။ မန်ယူနိုက်တက် အသင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖြစ်ပေါ်နေပါပြီ”လို့ ဟားဂရေ့ဗ် က ပြောကြားခဲ့ပါတယ်။