ယူနိုက္တက္က ခံစစ္တစ္ဦး လိုေနတယ္လို႔ ဆိုးရွား ကိုယ္တိုင္ သြားေျပာခံခဲ့ရတဲ့ ကစားသမား
မန္ယူႏိုက္တက္ နည္းျပ ဆိုးရွားဟာ လာမဲ့ရာသီမွာ ခံစစ္ပိုင္းကို ပိုမိုေကာင္းမြန္လာေအာင္ တည္ေဆာက္ႏိုင္ဖို႔အတြက္ ဘယ္ေျခအားသန္ ဗဟို ေနာက္ခံလူတစ္ဦးကို ေခၚယူသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
လက္ရွိ ယူနိုက္တက္ ဗဟိုခံစစ္မွာ ဟယ္ရီမက္ဂြိဳင္းယားရဲ႕ တြဲဖက္ကစားအျဖစ္ ဗစ္တာလင္ဒီေလာ့ဖ္ ကစားေနေပမဲ့ ထိပ္တန္းအဆင့္ေျခစြမ္းမ်ိဳး အၿမဲမျပသႏိုင္ဘဲ ျဖစ္ေနတာေၾကာင့္ မန္ယူႏိုက္တက္အသင္း ဗဟိုေနာက္ခံလူတစ္ဦး လိုအပ္ေနတယ္လို႔ ဂႏၴဝင္ေတြကိုယ္တိုင္က ေထာက္ျပေနၾကပါတယ္။
နည္းျပဆိုးရွားကိုယ္တိုင္ကလည္း ဒီအခ်က္ကို လက္ခံထားပုံရၿပီး လာမဲ့ေႏြေဈးကြက္မွာေတာ့ လႈပ္ရွားဖို႔ စီစဥ္ေနတယ္လို႔ အဂၤလန္ သတင္းဌာန ေတြက ေဖာ္ျပေနပါတယ္။ အဲဒီအတြက္ အဓိကပစ္မွတ္ဟာ ဘုန္းေမာက္အသင္းရဲ႕ နယ္သာလန္သား ေနသန္အကီျဖစ္လာႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
အကီဟာ ဒီရာသီမွာ ဘုန္းေမာက္အသင္းအတြက္ ေျခစြမ္းျပကစားေနတဲ့ ကစားသမားေတြထဲကတစ္ဦး ျဖစ္ပါတယ္။ အလားအလာေကာင္းတဲ့ ေျခစြမ္းေတြေၾကာင့္ ခ်ယ္ဆီး၊ မန္စီးတီးတို႔လို ထိပ္တန္းကလပ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ခံယူေနရၿပီး လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္ ကပါ စိတ္ဝင္စားလာခဲ့တာ ျဖစ္ပါတယ္။
ယူနိုက္တက္က ဘုန္းေမာက္ ကို ၅-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ အၿပီးမွာ ဆိုးရွားဟာ ဘုန္းေမာက္အသင္းရဲ႕ ဗဟိုေနာက္ခံလူ နသန္အကီဆီ သြားေရာက္ ကာ စကားစျမည္ ေျပာခဲ့တာကို ေတြ႕ရၿပီး ႐ုပ္သံလႊင့္ဌာနေတြက အမိအရ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။
ဆိုးလ္ရွားဟာ ပြဲၿပီးဆုံးခ်ိန္မွာ ကြင္းအတြင္းကို တိုက္႐ိုက္ ဝင္သြားခဲ့ၿပီး အကီနဲ႔ စကားေျပာခဲ့တာ ျဖစ္ကာ ” ငါတို႔က ဘယ္သန္ ဗဟိုခံစစ္မႉး တစ္ဦးကို လိုအပ္ေနတယ္ ” လို႔ အကီကို ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
အကီ ကေတာ့ ဆိုးလ္ရွားရဲ႕ စကားကို ၾကားလိုက္ ရတဲ့ အခ်ိန္မွာ အနည္းငယ္ အံ့ဩသြားပုံေပၚၿပီး ဘာစကားမွ မေျပာႏိုင္ခဲ့ပဲ ရယ္လ်က္သာ တုံ႔ျပန္ သြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ထို ဗြီဒီယို ဟာ ယူနိုက္တက္ ပရိသတ္ေတြ နဲ႔ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူေတြရဲ႕ ၾကားမွာ အေတာ္ေလးကို ပ်ံ႕ႏွံ႔ေနၿပီး ဆိုးလ္ရွားဟာ အကီ ကို ေခၚယူဖို႔အတြက္ လာမယ့္ ေႏြအေျပာင္းအေ႐ႊ႕မွာ ႀကိဳးစားသြားဖြယ္ ရွိတယ္လို႔ သိရွိရပါတယ္။
အသက္၂၅ႏွစ္အ႐ြယ္ နယ္သာလန္ ခံစစ္မႉး နသန္အကီဟာ အသက္အ႐ြယ္ ငယ္႐ြယ္ေသးေပမယ့္ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရင့္ ဗဟို ခံစစ္မႉး တစ္ဦးျဖစ္ၿပီး လက္ရွိမွာ သူ႔ရဲ႕ ကာလ တန္ေၾကးဟာ ယူ႐ို ၂၈သန္း ရွိေနပါတယ္။ အကီဟာ လက္ရွိ ေဘာလုံးရာသီမွာ ဆိုရင္ေတာ့ ဘုန္းေမာက္အသင္း အတြက္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၇ပြဲအထိ ကစားေပးခဲ့ၿပီး ၂ဂိုး သြင္းယူကာ ၂ဂိုး ဖန္တီးေပးထားႏိုင္ပါတယ္။
Uni – မန်ယူနိုက်တက် နည်းပြ ဆိုးရှားဟာ လာမဲ့ရာသီမှာ ခံစစ်ပိုင်းကို ပိုမိုကောင်းမွန်လာအောင် တည်ဆောက်နိုင်ဖို့အတွက် ဘယ်ခြေအားသန် ဗဟို နောက်ခံလူတစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ယူနိုက်တက် ဗဟိုခံစစ်မှာ ဟယ်ရီမက်ဂွိုင်းယားရဲ့ တွဲဖက်ကစားအဖြစ် ဗစ်တာလင်ဒီလော့ဖ် ကစားနေပေမဲ့ ထိပ်တန်းအဆင့်ခြေစွမ်းမျိုး အမြဲမပြသနိုင်ဘဲ ဖြစ်နေတာကြောင့် မန်ယူနိုက်တက်အသင်း ဗဟိုနောက်ခံလူတစ်ဦး လိုအပ်နေတယ်လို့ ဂန္ထဝင်တွေကိုယ်တိုင်က ထောက်ပြနေကြပါတယ်။
နည်းပြဆိုးရှားကိုယ်တိုင်ကလည်း ဒီအချက်ကို လက်ခံထားပုံရပြီး လာမဲ့နွေဈေးကွက်မှာတော့ လှုပ်ရှားဖို့ စီစဉ်နေတယ်လို့ အင်္ဂလန် သတင်းဌာန တွေက ဖော်ပြနေပါတယ်။ အဲဒီအတွက် အဓိကပစ်မှတ်ဟာ ဘုန်းမောက်အသင်းရဲ့ နယ်သာလန်သား နေသန်အကီဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အကီဟာ ဒီရာသီမှာ ဘုန်းမောက်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ ကစားသမားတွေထဲကတစ်ဦး ဖြစ်ပါတယ်။ အလားအလာကောင်းတဲ့ ခြေစွမ်းတွေကြောင့် ချယ်ဆီး၊ မန်စီးတီးတို့လို ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံယူနေရပြီး လက်ရှိအချိန်မှာတော့ ယူနိုက်တက် ကပါ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်က ဘုန်းမောက် ကို ၅-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပြီးမှာ ဆိုးရှားဟာ ဘုန်းမောက်အသင်းရဲ့ ဗဟိုနောက်ခံလူ နသန်အကီဆီ သွားရောက် ကာ စကားစမြည် ပြောခဲ့တာကို တွေ့ရပြီး ရုပ်သံလွှင့်ဌာနတွေက အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဆိုးလ်ရှားဟာ ပွဲပြီးဆုံးချိန်မှာ ကွင်းအတွင်းကို တိုက်ရိုက် ဝင်သွားခဲ့ပြီး အကီနဲ့ စကားပြောခဲ့တာ ဖြစ်ကာ ” ငါတို့က ဘယ်သန် ဗဟိုခံစစ်မှူး တစ်ဦးကို လိုအပ်နေတယ် ” လို့ အကီကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။
အကီ ကတော့ ဆိုးလ်ရှားရဲ့ စကားကို ကြားလိုက် ရတဲ့ အချိန်မှာ အနည်းငယ် အံ့ဩသွားပုံပေါ်ပြီး ဘာစကားမှ မပြောနိုင်ခဲ့ပဲ ရယ်လျက်သာ တုံ့ပြန် သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ထို ဗွီဒီယို ဟာ ယူနိုက်တက် ပရိသတ်တွေ နဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေရဲ့ ကြားမှာ အတော်လေးကို ပျံ့နှံ့နေပြီး ဆိုးလ်ရှားဟာ အကီ ကို ခေါ်ယူဖို့အတွက် လာမယ့် နွေအပြောင်းအရွှေ့မှာ ကြိုးစားသွားဖွယ် ရှိတယ်လို့ သိရှိရပါတယ်။
အသက်၂၅နှစ်အရွယ် နယ်သာလန် ခံစစ်မှူး နသန်အကီဟာ အသက်အရွယ် ငယ်ရွယ်သေးပေမယ့် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ဗဟို ခံစစ်မှူး တစ်ဦးဖြစ်ပြီး လက်ရှိမှာ သူ့ရဲ့ ကာလ တန်ကြေးဟာ ယူရို ၂၈သန်း ရှိနေပါတယ်။ အကီဟာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင်တော့ ဘုန်းမောက်အသင်း အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ပွဲအထိ ကစားပေးခဲ့ပြီး ၂ဂိုး သွင်းယူကာ ၂ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။