ယူနုိက္တက္ရဲ႕ အပယ္ခံ နွစ္ဦးကို ေခၚယူဖို႔ ၀က္စ္ဟမ္းနည္းျပ ေဒးဗစ္မိုရက္စ္ စီစဥ္ေန
ယူနိုက်တက် နည်းပြဟောင်း တစ်ဦး ဖြစ်ပြီး လက်ရှိမြှ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြ ဖြစ်သူ ဒေးဗစ် မိုရက်စ်ကတော့ ဒီဘောလုံးရာသီမှာသာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းခဲ့ရရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက် ကစားသမား နှစ်ဦးကို ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
မိုရက်စ်ဟာ လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက်မှာ အပယ်ခံ ဖြစ်နေတဲ့ လင်ဂတ်နဲ့ ဖီးဂျုံးစ် တို့ကို အသင်းထံ ခေါ်ယူကာ ဝက်စ်ဟမ်း အသင်းရဲ့ အင်အားကို တိုးမြှင့်ဖို့ စီစဉ်ထားတယ် လို့ အင်ဒီပင်းဒန့် သတင်းစာမှာ ဖော်ပြထာပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်၁၆နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်ထဲမှာ ရှိနေတဲ့ အက်စ်တွန်ဗီလာ၊ ဘုန်းမောက် စတဲ့ အသင်းတွေထက် ရမှတ် ၄မှတ်သာ အသာစီး ရထားတာကြောင့် လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်း ရစေဖို့ အနည်းငယ် ရုန်းကန်ရဖွယ် ရှိပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာ ကစားသမား အင်အား အတော်လေး နည်းပါးနေတဲ့ အသင်း ဖြစ်ပြီး နောက်ခံအစွန်လူအဖြစ် ကစားခဲ့တဲ့ အန်တိုနီယိုကိုတောင် အထောင် တိုက်စစ်ပိုင်း မှာ နေရာ ပေးခဲ့ရတဲ့အထိ လူအင်အားဟာ အတော်လေး နည်းပါးနေတာ ကြောင့် မိုရက်စ် ဟာ လာမယ့် ဘောလုံးရာသီမှာ ဝက်စ်ဟမ်း အသင်းကို အားဖြည်ဖို့အတွက် လင်ဂတ်နဲ့ ဖီးဂျုံးစ်တို့ကို တစ်ပြိုင်နက်ထဲ ခေါ်ယူသွားဖို့ စီစဉ် နေတာပါ။
တစ်ဖက်မှာလည်း ကွင်းလယ်မှာ နေရာစုံ ကစားနိုင်တဲ့ လင်ဂတ်နဲ့ ဗဟိုခံစစ်မှူး ဖီးဂျုံးစ် တို့ဟာ ယူနိုက်တက် မှာ ပုံမှန်နေရာမရတဲ့ ကစားသမားတွေ ဖြစ်ကြပြီး ကိုရိုနာဗိုင်းရပ် ကြောင့် ဘောလုံးပွဲတွေကို ရပ်နားကာ ပြန်လည် ကျင်းပခဲ့တဲ့ အချိန်မှာဆိုရင် လင်ဂတ်နဲ့ ဖီးဂျုံးစ် တို့ဟာ အသင်းအတွက် တစ်ပွဲမှ ဝင်ရောက် ကစားခွင့် မရခဲ့ပါကြပါဘူး။
မိုရက်စ် ဟာ လင်ဂတ်နဲ့ ဖီးဂျုံးစ် နှစ်ဦးပေါင်းကို ပြောင်းရွှေ့ကြေး ပေါင်၃၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ဆန္ဒ ရှိနေတာ ဖြစ်ကြောင်း သိရပြီး ယူနိုက်တက် နည်းပြတစ်ဦး အဖြစ် လုပ်ကိုင်ခဲ့စဉ် မှာ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ရင်းနှီးခဲ့တဲ့ အချက်ဟာ မိုရက်စ်အနေနဲ့ လင်ဂတ်နဲ့ ဖီးဂျုံးစ် တို့ကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူခွင့် ရရှိစေမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
Zawgyi – ယူနိုက္တက္ နည္းျပေဟာင္း တစ္ဦး ျဖစ္ျပီး လက္ရွိမွၾ ဝက္စ္ဟမ္းအသင္းရဲ႕ နည္းျပ ျဖစ္သူ ေဒးဗစ္ မိုရက္စ္ကေတာ့ ဒီေဘာလုံးရာသီမွာသာ ပရီးမီးယားလိဂ္ကေန တန္းမဆင္းခဲ့ရရင္ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ယူနိုက္တက္ ကစားသမား ႏွစ္ဦးကို ေခၚယူဖို႔အတြက္ စီစဥ္ေနတယ္လို႔ သိရပါတယ္။
မိုရက္စ္ဟာ လာမယ့္ ေဘာလုံးရာသီမွာ ယူနိုက္တက္မွာ အပယ္ခံ ျဖစ္ေနတဲ့ လင္ဂတ္နဲ႔ ဖီးဂ်ဳံးစ္ တို႔ကို အသင္းထံ ေခၚယူကာ ဝက္စ္ဟမ္း အသင္းရဲ႕ အင္အားကို တိုးျမႇင့္ဖို႔ စီစဥ္ထားတယ္ လို႔ အင္ဒီပင္းဒန္႔ သတင္းစာမွာ ေဖာ္ျပထာပါတယ္။
ဝက္စ္ဟမ္းအသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ရဲ႕ အဆင့္၁၆ေနရာမွာ ရွိေနၿပီး တန္းဆင္းဇုန္ထဲမွာ ရွိေနတဲ့ အက္စ္တြန္ဗီလာ၊ ဘုန္းေမာက္ စတဲ့ အသင္းေတြထက္ ရမွတ္ ၄မွတ္သာ အသာစီး ရထားတာေၾကာင့္ လက္ရွိ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ကေန တန္းမဆင္း ရေစဖို႔ အနည္းငယ္ ႐ုန္းကန္ရဖြယ္ ရွိပါတယ္။
ဝက္စ္ဟမ္းအသင္းဟာ လက္ရွိမွာ ကစားသမား အင္အား အေတာ္ေလး နည္းပါးေနတဲ့ အသင္း ျဖစ္ၿပီး ေနာက္ခံအစြန္လူအျဖစ္ ကစားခဲ့တဲ့ အန္တိုနီယိုကိုေတာင္ အေထာင္ တိုက္စစ္ပိုင္း မွာ ေနရာ ေပးခဲ့ရတဲ့အထိ လူအင္အားဟာ အေတာ္ေလး နည္းပါးေနတာ ေၾကာင့္ မိုရက္စ္ ဟာ လာမယ့္ ေဘာလုံးရာသီမွာ ဝက္စ္ဟမ္း အသင္းကို အားျဖည္ဖို႔အတြက္ လင္ဂတ္နဲ႔ ဖီးဂ်ဳံးစ္တို႔ကို တစ္ၿပိဳင္နက္ထဲ ေခၚယူသြားဖို႔ စီစဥ္ ေနတာပါ။
တစ္ဖက္မွာလည္း ကြင္းလယ္မွာ ေနရာစုံ ကစားႏိုင္တဲ့ လင္ဂတ္နဲ႔ ဗဟိုခံစစ္မႉး ဖီးဂ်ဳံးစ္ တို႔ဟာ ယူနိုက္တက္ မွာ ပုံမွန္ေနရာမရတဲ့ ကစားသမားေတြ ျဖစ္ၾကၿပီး ကို႐ိုနာဗိုင္းရပ္ ေၾကာင့္ ေဘာလုံးပြဲေတြကို ရပ္နားကာ ျပန္လည္ က်င္းပခဲ့တဲ့ အခ်ိန္မွာဆိုရင္ လင္ဂတ္နဲ႔ ဖီးဂ်ဳံးစ္ တို႔ဟာ အသင္းအတြက္ တစ္ပြဲမွ ဝင္ေရာက္ ကစားခြင့္ မရခဲ့ပါၾကပါဘူး။
မိုရက္စ္ ဟာ လင္ဂတ္နဲ႔ ဖီးဂ်ဳံးစ္ ႏွစ္ဦးေပါင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္၃၀သန္း ဝန္းက်င္နဲ႔ ေခၚယူဖို႔ ဆႏၵ ရွိေနတာ ျဖစ္ေၾကာင္း သိရၿပီး ယူနုိက္တက္ နည္းျပတစ္ဦး အျဖစ္ လုပ္ကိုင္ခဲ့စဥ္ မွာ အသင္းရဲ႕ တာဝန္ရွိသူေတြနဲ႔ ရင္းႏွီးခဲ့တဲ့ အခ်က္ဟာ မိုရက္စ္အေနနဲ႔ လင္ဂတ္နဲ႔ ဖီးဂ်ဳံးစ္ တို႔ကို ေစ်းသက္သက္သာသာနဲ႔ ေခၚယူခြင့္ ရရွိေစမွာ ျဖစ္ေၾကာင္း သိရွိရပါတယ္။