ဆန္းခ်က္ဇ္၊ လူကာကူတို႔ကို လက္လႊတ္ခဲ့တာ အတြက္ ေနာင္တ မရေၾကာင္း ဆိုးရွား ဆို

ယူႏိုက္တက္နည္းျပ ဆိုးရွားက လူကာကူတို႔လို နာမည္ႀကီး ကစားသမားအေပၚ ခ်ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး လုံး၀ ေနာင္တလုံး၀ မရဘူးလို႔ ဝန္ခံေျပာၾကားသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီက လူကာကူဟာ အင္တာမီလန္အသင္းဆီကို ေပါင္ ၇၄ သန္း နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး အလက္ဆစ္ ဆန္းခ်က္ဇ္လည္း ဆန္စီ႐ိုထံ အငွားသြားေရာက္ ကစားေနတာျဖစ္ပါတယ္။

ဟာရဲရား၊ ဗလင္စီယာ နဲ႔ ဒါမီယန္း တို႔ကိုလည္း အိုးထရက္ဖိုဒ့္ကေန ထြက္ခြာခြင့္ေပးခဲ့ၿပီး အက္ရွ္ေလယန္း လည္း ဇန္နဝါရီက ထြက္ခြာ သြားၿပီးေနာက္ စေမာလင္း နဲ႔ ႐ိုဂ်ိဳ တို႔ဟာလည္း အငွားကိုယ္စီနဲ႔ အသီးသီး ထြက္ခြာခဲ့ပါတယ္။

လူကာကူ လို ေနရာမွာ ေက်ာနံပါတ္ (၉) တိုက္စစ္မႉး အစားထိုးမေခၚယူခဲ့တဲ့ ၿပီးခဲ့တဲ့ေႏြရာသီက သူ႔ကိုနာမည္မႀကီးေစႏိုင္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး လက္ရွိအသင္းရဲ႕ စြမ္းေဆာင္ရည္အေပၚ ေမးျမန္းခဲ့ရာ ဆိုးရွားက – “ ဒါဟာ နာမည္ႀကီးေစတဲ့ ၿပိဳင္ပြဲမဟုတ္တာ အေသအခ်ာပါ။ ကြၽန္ေတာ္က အသင္းအတြက္ အက်ိဳးအျမတ္ရွိေစမယ့္ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့တယ္လို႔ ထင္ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီက နဲ႔ ဇန္နဝါရီတုန္းက အသင္းကို ေခၚယူခဲ့တဲ့ ကစားအဝင္ နဲ႔ အထြက္ေတြအားလုံးဟာ ကြၽန္ေတာ့္စိတ္ထဲမွာ အသင္းအတြက္ ေကာင္းေစမယ္လို႔ ထင္ၿပီး လူငယ္ေတြကို အခြင့္အေရးေပးေစခ်င္လို႔ ခ်ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေတြျဖစ္ပါတယ္။ ေနာက္ကို ျပန္သြားမယ္ဆိုရင္လည္း အဲ့လို ဆုံးျဖတ္ခ်က္မ်ိဳး ထပ္ခ်ဦးမွာပါ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္ဟာ ၿပိဳင္ပြဲစုံ (၁၆) ပြဲဆက္တိုက္ ရႈံးပြဲမရွိထားပဲ ပရီးမီးယားလိဂ္ အဆင့္ (၄) အတြင္း ဝင္ေရာက္ႏိုင္ေရး အတြက္ အားစိုက္ေနၿပီး အက္ဖ္ေအဖလား နဲ႔ ယူ႐ိုပါလိဂ္တို႔မွာလည္း ယွဥ္ၿပိဳင္ေနဆဲျဖစ္ပါတယ္။

ဒါ့အျပင္ နည္းျပႀကီးဆာအဲလက္စ္ဖာဂူဆန္ေနာက္ပိုင္း အေကာင္းဆုံး တိုက္စစ္ပိုင္းကို ပိုင္ဆိုင္ထားၿပီး မာရွယ္လ္၊ ရပ္ရွ္ဖိုဒ့္ နဲ႔ ဂရင္းဝုဒ္ တို႔ (၃) ေယာက္တိုက္စစ္အတြဲဟာ စုစုေပါင္း (၅၅) ဂိုးသြင္းထားပါတယ္။

Uni – ယူနိုက်တက်နည်းပြ ဆိုးရှားက လူကာကူတို့လို နာမည်ကြီး ကစားသမားအပေါ် ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး လုံး၀ နောင်တလုံး၀ မရဘူးလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက လူကာကူဟာ အင်တာမီလန်အသင်းဆီကို ပေါင် ၇၄ သန်း နဲ့ ပြောင်းရွှေ့ခဲ့ပြီး အလက်ဆစ် ဆန်းချက်ဇ်လည်း ဆန်စီရိုထံ အငှားသွားရောက် ကစားနေတာဖြစ်ပါတယ်။

ဟာရဲရား၊ ဗလင်စီယာ နဲ့ ဒါမီယန်း တို့ကိုလည်း အိုးထရက်ဖိုဒ့်ကနေ ထွက်ခွာခွင့်ပေးခဲ့ပြီး အက်ရှ်လေယန်း လည်း ဇန်နဝါရီက ထွက်ခွာ သွားပြီးနောက် စမောလင်း နဲ့ ရိုဂျို တို့ဟာလည်း အငှားကိုယ်စီနဲ့ အသီးသီး ထွက်ခွာခဲ့ပါတယ်။

လူကာကူ လို နေရာမှာ ကျောနံပါတ် (၉) တိုက်စစ်မှူး အစားထိုးမခေါ်ယူခဲ့တဲ့ ပြီးခဲ့တဲ့နွေရာသီက သူ့ကိုနာမည်မကြီးစေနိုင်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လက်ရှိအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် မေးမြန်းခဲ့ရာ ဆိုးရှားက – “ ဒါဟာ နာမည်ကြီးစေတဲ့ ပြိုင်ပွဲမဟုတ်တာ အသေအချာပါ။ ကျွန်တော်က အသင်းအတွက် အကျိုးအမြတ်ရှိစေမယ့် ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက နဲ့ ဇန်နဝါရီတုန်းက အသင်းကို ခေါ်ယူခဲ့တဲ့ ကစားအဝင် နဲ့ အထွက်တွေအားလုံးဟာ ကျွန်တော့်စိတ်ထဲမှာ အသင်းအတွက် ကောင်းစေမယ်လို့ ထင်ပြီး လူငယ်တွေကို အခွင့်အရေးပေးစေချင်လို့ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။ နောက်ကို ပြန်သွားမယ်ဆိုရင်လည်း အဲ့လို ဆုံးဖြတ်ချက်မျိုး ထပ်ချဦးမှာပါ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ (၁၆) ပွဲဆက်တိုက် ရှုံးပွဲမရှိထားပဲ ပရီးမီးယားလိဂ် အဆင့် (၄) အတွင်း ဝင်ရောက်နိုင်ရေး အတွက် အားစိုက်နေပြီး အက်ဖ်အေဖလား နဲ့ ယူရိုပါလိဂ်တို့မှာလည်း ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်း အကောင်းဆုံး တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားပြီး မာရှယ်လ်၊ ရပ်ရှ်ဖိုဒ့် နဲ့ ဂရင်းဝုဒ် တို့ (၃) ယောက်တိုက်စစ်အတွဲဟာ စုစုပေါင်း (၅၅) ဂိုးသွင်းထားပါတယ်။