မက္ေလာက္စရာ ေငြေၾကး ပမာဏနဲ႕ ဂရင္း၀ုဒ္ကို ကမ္းလွမ္းဖို႔ စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္ ျပင္ဆင္ေန

စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္ဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ေျခစြမ္းျပကစားေနတဲ့ လူငယ္ကစားသမား ဂရင္း၀ုဒ္ အား မ်က္စိက်ေနျပီး ကစားသမားကို ဘ၀ၾကီးတစ္ခုလံုးကို ေျပာင္းလဲ သြားေစမယ့္ ေငြေၾကးပမာဏမ်ိဳးနဲ႕ မက္ေလာက္ဖြယ္ ကမ္းလွမ္းသြားရန္ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

ဂရင္း၀ုဒ္ဟာ ဒီရာသီ ယူနုိက္တက္ အတြက္ ျပိဳင္ပြဲစံုသြင္းဂိုး ၁၅ ဂိုးအထိ သြင္းယူေပးထားနိုင္ခဲ့ျပီးေနာက္ လူငယ္ကစားသမားတစ္ဦးအေနနဲ႔ အားလံုးရဲ႕ သတိထားမိျခင္းကို ခံလာခဲ့ရတာျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ကစားသမားဟာ ယူႏိုက္တက္နဲ႔ ေလးႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္ကို ၂၀၁၉ အတြင္း ခ်ဳပ္ဆိုထားခဲ့သူျဖစ္ျပီး အကယ္ဒမီထြက္ ကစားသမား တစ္ဦးလည္းျဖစ္ပါတယ္။

အဂၤလန္သား လူငယ္ေလးရဲ႕ ဒီရာသီစြမ္းေဆာင္ရည္ေကာင္းျပသေနမႈေတြက ဥေရာပအသင္းၾကီးေတြကို စိတ္လႈပ္ရွားေစခဲ့ျပီး လက္ရွိမွာ ရီးရဲလ္မက္ဒရစ္ကလည္း ေစာင့္ၾကည့္ေနတယ္လို႔ ဆုိပါတယ္။

အဂၤလန္ သတင္းဌာန The Athletic ရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ ဂ်ဴဗီက ကစားသမားကို မ်ားျပားလွတဲ့၊ မက္ေမာဖြယ္ေငြေၾကးမ်ိဳးနဲ႔ ကမ္းလွမ္း သြားဖို႔ အသင့္ျဖစ္ေနျပီျဖစ္ျပီး လာမယ့္ေစ်းကြက္အတြင္းမွာ လႈပ္ရွားလိမ့္မယ္လုိ႔ သိရပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္အတြက္ေတာ့ ဂရင္း၀ုဒ္ဟာ အနာဂတ္အတြက္ အားထားရမယ့္ ကစားသမားျဖစ္ေနလို႔ ဂ်ဴဗင္တပ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္သြားဖို႔ ရွိေနပါတယ္။

မာရွယ္၊ ရက္ရွ္ဖို႔ဒ္တို႔နဲ႔ အတူတူတြဲဖက္ကစားျပီး မယံုၾကည္ႏိုင္ေလာက္စရာသြင္းဂိုးေတြကို ဂရင္း၀ုဒ္က သြင္းယူေပးေနခဲ့ျပီး အဂၤလန္လက္ေရြးစင္အသင္းအတြက္ပါ အနာဂတ္ ၾကယ္ပြင့္ အျဖစ္ သတ္မွတ္ျခင္း ခံထားရပါတယ္။

Uni – စီးရီးအေထိပ်သီး ဂျူဗင်တပ်ဟာ မန်ချက်စတာယူနိုက်တက်မှာ ခြေစွမ်းပြကစားနေတဲ့ လူငယ်ကစားသမား ဂရင်းဝုဒ် အား မျက်စိကျနေပြီး ကစားသမားကို ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲ သွားစေမယ့် ငွေကြေးပမာဏမျိုးနဲ့ မက်လောက်ဖွယ် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

ဂရင်းဝုဒ်ဟာ ဒီရာသီ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီးနောက် လူငယ်ကစားသမားတစ်ဦးအနေနဲ့ အားလုံးရဲ့ သတိထားမိခြင်းကို ခံလာခဲ့ရတာဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်နဲ့ လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ၂၀၁၉ အတွင်းချုပ်ဆိုထားခဲ့သူဖြစ်ပြီး အကယ်ဒမီထွက်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အင်္ဂလန်သား လူငယ်လေးရဲ့ ဒီရာသီစွမ်းဆောင်ရည်ကောင်းပြသနေမှုတွေက ဥရောပအသင်းကြီးတွေကို စိတ်လှုပ်ရှားစေခဲ့ပြီး လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ကလည်း စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အင်္ဂလန် သတင်းဌာန The Athletic ရဲ့ ဖော်ပြချက်အရဆိုရင် ဂျူဗီက ကစားသမားကို များပြားလှတဲ့၊ မက်မောဖွယ်ငွေကြေးမျိုးနဲ့ ကမ်းလှမ်း သွားဖို့ အသင့်ဖြစ်နေပြီဖြစ်ပြီး လာမယ့်ဈေးကွက်အတွင်းမှာ လှုပ်ရှားလိမ့်မယ်လို့ သိရပါတယ်။

ဒါပေမယ့် ယူနိုက်တက်အတွက်တော့ ဂရင်းဝုဒ်ဟာ အနာဂတ်အတွက် အားထားရမယ့် ကစားသမားဖြစ်နေလို့ ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်သွားဖို့ ရှိနေပါတယ်။

မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ အတူတူတွဲဖက်ကစားပြီး မယုံကြည်နိုင်လောက်စရာသွင်းဂိုးတွေကို ဂရင်းဝုဒ်က သွင်းယူပေးနေခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါ အနာဂတ် ကြယ်ပွင့် အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။