မက္ဆီ၊ စီေရာ္နယ္ဒိုတုိ႔ ေနရာ ဆက္ခံနုိင္မယ့္ ၾကယ္ပြင့္ေတြထဲ ဂရင္း၀ုဒ္ကုိ ထည့္သြင္း

ထူးခၽြန္တယ္ ေျခစြမ္းေတြ ကိုယ္စီ ရွိေနၾကတဲ့ ၾကယ္ပြင့္ လူငယ္ ကစားသမားေတြထဲ ေနမာ၊ အမ္ဘတ္ပီနဲ႔ ဂရင္းဝုဒ္တို႔ဟာ အနာဂတ္မွာ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ မက္ဆီကို ေျခရာတိုင္းႏိူင္တဲ့ အလားအလာေတြရွိတယ္လို႔ ဘာဘာေတာ့က ေျပာဆိုခဲ့ပါတယ္။

မက္ဆီနဲ႕ ေရာ္နယ္ဒိုတို႔ ႏွစ္ေယာက္ေပါင္း ဘလြန္းဒီေအာ ၁၁ႀကိမ္ရထားတဲ့ အေကာင္းဆုံး ကစားသမား နွစ္ယာက္ဟာ အသက္ ၃၀ ေက်ာ္လြန္လာၿပီျဖစ္ၿပီး ကစားသမားဘဝ အဆုံးသတ္ဖို႔ တျဖည္းျဖည္း နီးကပ္လာေနတာပါ။

ပီအက္စ္ဂ်ီ ၾကယ္ပြင့္ေတြျဖစ္တဲ့ အမ္ဘတ္ပီနဲ႔ ေနမာတို႔ဟာ ေရာ္နယ္ဒိုနဲ႔ မက္ဆီ မရွိေတာ့ရင္ ကမာၻ႔အေကာင္းဆုံး ျဖစ္လာဖို႔အမ်ားက လက္ခံထားတာ ျဖစ္ေပမယ့္ ဘာဘာေတာ့က ယူႏိုက္တက္ ၾကယ္ပြင့္ ေမဆန္ဂရင္းဝုဒ္ကိုလဲ ဒီစာရင္းမွာ ထည့္သြင္းထားခဲ့တာ ျဖစ္ပါတယ္။

“ေသာၾကာေန႔ဆိုရင္ ခရစၥတီယာႏို ဂ်ဴဗီနဲ႔ စာခ်ဳပ္ခ်ဳပ္တာ ၂ႏွစ္ ျပည့္ေတာ့မွာပါ၊ သူ႔အသက္အ႐ြယ္နဲ႔ ေရာ္နယ္ဒိုဟာ အီတလီမွာ အံ့ဩစရာ ေကာင္းခဲ့တယ္ ဆိုတာ ဘယ္သူမွ မျငင္းႏိုင္ဘူး၊ သူ႔အသက္ ၃၃ႏွစ္ ရွိေနၿပီ၊ ဘုရားေရ ကစားသမားအမ်ားစု က်ဆင္းလာတဲ့အခ်ိန္မွာ သူ လုပ္ေနတာေတြက မယုံႏိုင္စရာပါပဲ၊ သူက သူ႔ ကိုယ္သူ ဂ႐ုစိုက္တယ္၊ အခုအ႐ြယ္မွာ ပုံစံေကာင္းမွာရွိေနဖို႔အတြက္ အလုပ္ ပိုလုပ္ဖို႔ လိုတယ္ေလ။

မက္ဆီနဲ႔ေရာ္နယ္ဒိုကို သူတို္႔ရွိေနတုန္းေလး ကြၽန္ေတာ္တို႔ တန္ဖိုးထားဖို႔လိုတယ္၊ သူတို႔က ထူးျခားတာထက္ကို ပိုခဲ့တာပါ၊ ေရာ္နယ္ဒို အနားယူ သြားတဲ့အခ်ိန္က်ရင္ ေဘာလုံးေလာကအတြက္ ဝမ္းနည္းစရာ အေကာင္းဆုံး ေန႔တစ္ေန႔ ျဖစ္မွာပါ၊ သူ႔ကို မႀကိဳက္တဲ့သူေတြေတာင္ အသိအမွတ္ျပဳလိမ့္မယ္၊ ဒါေပမယ့္ သူမရွိေတာ့ရင္ ေနာက္ထပ္ ကစားသမားေတ​ြ လာဦးမွာပဲေလ၊ ေရာ္နယ္ဒို မက္ဆီတို႔လို အဆင့္ကို ေရာက္ႏိုင္တဲ့ ေနမာ၊ အမ္ဘတ္ပီ၊ ဂရင္းဝုဒ္တို႔လို လူငယ္ၾကယ္ပြင့္ေတြရွိပါတယ္” လို႔ ဘာဘာေတာ့က ေျပာဆိုခဲ့ပါတယ္။

ဆယ္ေက်ာ္သက္သာ ရွိေသးေပမယ့္ ယူနိုက္တက္မွာ ေျခစြမ္းေကာင္းေတြ ျပ ဂိုးေတြ သြင္းေနတဲ့ ဂရင္း၀ုဒ္ အရည္အေသြးကို အသိမွတ္ျပဳသူေတြ မ်ားလာေနျပီး ၄င္းကို စီးရီးေအ ထိပ္သီး ဂ်ဴဗင္တပ္က ေခၚယူလိုေနပါတယ္။

Uni – ထူးချွန်တယ် ခြေစွမ်းတွေ ကိုယ်စီ ရှိနေကြတဲ့ ကြယ်ပွင့် လူငယ် ကစားသမားတွေထဲ နေမာ၊ အမ်ဘတ်ပီနဲ့ ဂရင်းဝုဒ်တို့ဟာ အနာဂတ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မက်ဆီကို ခြေရာတိုင်းနိူင်တဲ့ အလားအလာတွေရှိတယ်လို့ ဘာဘာတော့က ပြောဆိုခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ယောက်ပေါင်း ဘလွန်းဒီအော ၁၁ကြိမ်ရထားတဲ့ အကောင်းဆုံး ကစားသမား နှစ်ယာက်ဟာ အသက် ၃၀ ကျော်လွန်လာပြီဖြစ်ပြီး ကစားသမားဘဝ အဆုံးသတ်ဖို့ တဖြည်းဖြည်း နီးကပ်လာနေတာပါ။

ပီအက်စ်ဂျီ ကြယ်ပွင့်တွေဖြစ်တဲ့ အမ်ဘတ်ပီနဲ့ နေမာတို့ဟာ ရော်နယ်ဒိုနဲ့ မက်ဆီ မရှိတော့ရင် ကမ္ဘာ့အကောင်းဆုံး ဖြစ်လာဖို့အများက လက်ခံထားတာ ဖြစ်ပေမယ့် ဘာဘာတော့က ယူနိုက်တက် ကြယ်ပွင့် မေဆန်ဂရင်းဝုဒ်ကိုလဲ ဒီစာရင်းမှာ ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။

“သောကြာနေ့ဆိုရင် ခရစ္စတီယာနို ဂျူဗီနဲ့ စာချုပ်ချုပ်တာ ၂နှစ် ပြည့်တော့မှာပါ၊ သူ့အသက်အရွယ်နဲ့ ရော်နယ်ဒိုဟာ အီတလီမှာ အံ့ဩစရာ ကောင်းခဲ့တယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး၊ သူ့အသက် ၃၃နှစ် ရှိနေပြီ၊ ဘုရားရေ ကစားသမားအများစု ကျဆင်းလာတဲ့အချိန်မှာ သူ လုပ်နေတာတွေက မယုံနိုင်စရာပါပဲ၊ သူက သူ့ ကိုယ်သူ ဂရုစိုက်တယ်၊ အခုအရွယ်မှာ ပုံစံကောင်းမှာရှိနေဖို့အတွက် အလုပ် ပိုလုပ်ဖို့ လိုတယ်လေ။

မက်ဆီနဲ့ရော်နယ်ဒိုကို သူတို့်ရှိနေတုန်းလေး ကျွန်တော်တို့ တန်ဖိုးထားဖို့လိုတယ်၊ သူတို့က ထူးခြားတာထက်ကို ပိုခဲ့တာပါ၊ ရော်နယ်ဒို အနားယူ သွားတဲ့အချိန်ကျရင် ဘောလုံးလောကအတွက် ဝမ်းနည်းစရာ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်မှာပါ၊ သူ့ကို မကြိုက်တဲ့သူတွေတောင် အသိအမှတ်ပြုလိမ့်မယ်၊ ဒါပေမယ့် သူမရှိတော့ရင် နောက်ထပ် ကစားသမားတွေ လာဦးမှာပဲလေ၊ ရော်နယ်ဒို မက်ဆီတို့လို အဆင့်ကို ရောက်နိုင်တဲ့ နေမာ၊ အမ်ဘတ်ပီ၊ ဂရင်းဝုဒ်တို့လို လူငယ်ကြယ်ပွင့်တွေရှိပါတယ်” လို့ ဘာဘာတော့က ပြောဆိုခဲ့ပါတယ်။

ဆယ်ကျော်သက်သာ ရှိသေးပေမယ့် ယူနိုက်တက်မှာ ခြေစွမ်းကောင်းတွေ ပြ ဂိုးတွေ သွင်းနေတဲ့ ဂရင်းဝုဒ် အရည်အသွေးကို အသိမှတ်ပြုသူတွေ များလာနေပြီး ၎င်းကို စီးရီးအေ ထိပ်သီး ဂျူဗင်တပ်က ခေါ်ယူလိုနေပါတယ်။