ယူနိုက္တက္ေျခစြမ္းကို တခ်ိဳ႕ေတြ ၾကိတ္ တုန္လႈပ္ေနေလာက္ျပီလို႔ စီးတီးနဲ႕ လီဗာပူးကို ေပါစခိုးလ္ ရန္စ

နည္းျပ ဆိုးလ္ရွားရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္အသင္း ေျခစြမ္းျပေနခဲ့ၿပီးေနာက္မွာ ယူႏိုက္တက္ ကြင္းလယ္လူေဟာင္း ေပါလ္စခိုးက အသင္းေဟာင္းရဲ႕ ေျခစြမ္းအေပၚကို အသင္းႏွစ္သင္းက ထိတ္လန႔္ေနေလာက္ၿပီလို႔ သူ႔ရဲ႕အင္စတာဂရမ္ မွာ ေရးသားသြားခဲ့ပါတယ္။ ေပါလ္စခိုးက မန္စီးတီးနဲ႔ လီဗာပူးလ္ကို ရည္႐ြယ္ခဲ့တာလည္းျဖစ္ပါတယ္။

ဗီလာကို ၃-၀ နဲ႔ အေဝးကြင္းမွာ ေခ်မႈန္းခဲ့ၿပီးေနာက္ ယူႏိုက္တက္ဟာ ၁၇ ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္ကို ပိုင္ဆိုင္သြားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ေနရာအတြက္လည္း ေမွ်ာ္လင့္ခ်က္ ပိုမို ေကာင္းမြန္လာခဲ့ၿပီး ေျခစြမ္းပိုင္းအရ တိုးတက္မႈေတြရွိလာခဲ့လို႔ ေပါလ္စခိုးက အသင္းေဟာင္းရဲ႕ ေျခစြမ္းနဲ႔ပ တ္သက္ၿပီး ေက်နပ္ေနခဲ့ပါတယ္။

” ဒီအသင္းနဲ႔ ပတ္သက္ၿပီး အသင္းႏွစ္သင္းက စိုးရိမ္ေနမယ့္ အခ်ိန္ေတြစတင္ေနပါၿပီ၊ ကြၽန္ေတာ့္အျမင္ဆိုရင္ ၾကိတ္ တုန္လႈပ္တာ သူတို႔ျဖစ္ေနၿပီးေလာက္ပါၿပီ” လို႔ သူ႔ရဲ႕အင္စတာဂရမ္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

လက္ရွိ ယူႏိုက္တက္ရဲ႕ အေျခအေနဟာ ဆာအဲလက္ဖာဂူဆန္ အနားယူသြားေနာက္ပိုင္းမွာ အေကာင္းဆုံးပုံစံ တစ္ခုလို႔ ဆိုရမွာပါ။ အဂၤလန္ ပရီးမီးယားလိဂ္ ဖလားကို ၁၃ႀကိမ္အထိ ဆြတ္ခူးထားတဲ့ ယူႏိုက္တက္ဟာ အမွတ္ေပးဖလားနဲ႔ ေဝးကြာခဲ့တာ ၇ ႏွစ္ ၾကာျမင့္ေနၿပီလည္းျဖစ္ပါတယ္။

ဒီကာလအတြင္းမွာ မန္စီးတီးက လႊမ္းမိုးထားခဲ့ၿပီး ေနာက္ဆုံးႏွစ္ႏွစ္မွာေတာ့ လီဗာပူးလ္က အားေကာင္းခဲ့ကာ လက္ရွိမွာလည္း အမွတ္ေပးဖလား ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ဒုတိယေနရာက မန္စီးတီးကို ရမွတ္ ၂ဝေက်ာ္အထိ ျဖတ္ေတာက္ထားႏိုင္ခဲ့သလို ယူႏိုက္တက္ကိုလည္း ၃၄ မွတ္အထိ ျဖတ္ေတာက္ထားခဲ့ျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕နိမ့္ပါးမႈေတြေၾကာင့္ မေက်မနပ္ျဖစ္ခဲ့ရတဲ့ ကစားသမားေဟာင္းႀကီးက အသင္းရဲ႕ လက္ရွိေျခစြမ္းက လာမယ့္ရာသီမွာ မန္စီးတီးနဲ႔ လီဗာပူးလ္ကို ၿခိမ္းေျခာက္ႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

Uni – နည်းပြ ဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ခြေစွမ်းပြနေခဲ့ပြီးနောက်မှာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုးက အသင်းဟောင်းရဲ့ ခြေစွမ်းအပေါ်ကို အသင်းနှစ်သင်းက ထိတ်လန့်နေလောက်ပြီလို့ သူ့ရဲ့အင်စတာဂရမ် မှာ ရေးသားသွားခဲ့ပါတယ်။ ပေါလ်စခိုးက မန်စီးတီးနဲ့ လီဗာပူးလ်ကို ရည်ရွယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဗီလာကို ၃-၀ နဲ့ အဝေးကွင်းမှာ ချေမှုန်းခဲ့ပြီးနောက် ယူနိုက်တက်ဟာ ၁၇ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် နေရာအတွက်လည်း မျှော်လင့်ချက် ပိုမို ကောင်းမွန်လာခဲ့ပြီး ခြေစွမ်းပိုင်းအရ တိုးတက်မှုတွေရှိလာခဲ့လို့ ပေါလ်စခိုးက အသင်းဟောင်းရဲ့ ခြေစွမ်းနဲ့ပ တ်သက်ပြီး ကျေနပ်နေခဲ့ပါတယ်။

” ဒီအသင်းနဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းက စိုးရိမ်နေမယ့် အချိန်တွေစတင်နေပါပြီ၊ ကျွန်တော့်အမြင်ဆိုရင် ကြိတ် တုန်လှုပ်တာ သူတို့ဖြစ်နေပြီးလောက်ပါပြီ” လို့ သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ အခြေအနေဟာ ဆာအဲလက်ဖာဂူဆန် အနားယူသွားနောက်ပိုင်းမှာ အကောင်းဆုံးပုံစံ တစ်ခုလို့ ဆိုရမှာပါ။ အင်္ဂလန် ပရီးမီးယားလိဂ် ဖလားကို ၁၃ကြိမ်အထိ ဆွတ်ခူးထားတဲ့ ယူနိုက်တက်ဟာ အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့တာ ၇ နှစ် ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

ဒီကာလအတွင်းမှာ မန်စီးတီးက လွှမ်းမိုးထားခဲ့ပြီး နောက်ဆုံးနှစ်နှစ်မှာတော့ လီဗာပူးလ်က အားကောင်းခဲ့ကာ လက်ရှိမှာလည်း အမှတ်ပေးဖလား ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ဒုတိယနေရာက မန်စီးတီးကို ရမှတ် ၂ဝကျော်အထိ ဖြတ်တောက်ထားနိုင်ခဲ့သလို ယူနိုက်တက်ကိုလည်း ၃၄ မှတ်အထိ ဖြတ်တောက်ထားခဲ့ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့နိမ့်ပါးမှုတွေကြောင့် မကျေမနပ်ဖြစ်ခဲ့ရတဲ့ ကစားသမားဟောင်းကြီးက အသင်းရဲ့ လက်ရှိခြေစွမ်းက လာမယ့်ရာသီမှာ မန်စီးတီးနဲ့ လီဗာပူးလ်ကို ခြိမ်းခြောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။