ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆံုးျဖစ္လာတဲ့ မန္ခ်က္စတာ ယူနိုက္တက္
မေန႔က ဆြစ္ဇာလန္ႏိုင္ငံ နီယြန္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ယူ႐ိုပါလိဂ္ ကြာတားအဆင့္မဲခြဲမႈေတြအၿပီးမွာေတာ့ ယူႏိုက္တက္ အသင္းက ခ်န္ပီယံျဖစ္ဖို႔ အေလးေပးမႈ ၂ေလး၁ေလးနဲ႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။
ယူႏိုက္တက္ဟာ ၁၆သင္းအဆင့္ ပထမအေက်ာ့မွာ ၾသစႀတီးယားကလပ္ LASK အသင္းကို ၅ဂိုးျပတ္နဲ႔ အႏိုင္ရရွိထားၿပီး ဒုတိယအေက်ာ့ကိုေတာ့ အေဝးကြင္းမွာ သြားကစားရမွာျဖစ္ပါတယ္။ ပထမအေက်ာ့ရလဒ္ေၾကာင့္ ကြာတားဖိုင္နယ္ကို တက္ေရာက္ဖို႔အတြက္ ေသခ်ာသေလာက္ ရွိေနၿပီျဖစ္ၿပီး ကိုပင္ေဟဂင္-ဘာဆာဆီဟာတို႔နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

ဗိုလ္စြဲဖို႔ ေရပန္းစားဖို႔ အေလးေပးမႈမွာ ယူႏိုက္တက္အသင္းရဲ႕ ေနာက္မွာ ေတာ့ ဂ်ာမန္ကလပ္ ေလဗာကူဆင္က ၁၃ေလး ၂ေလးနဲ႔ ဒုတိယ ေနရာမွာ ရွိေနၿပီး ေနာက္ထပ္ အဂၤလန္ကိုယ္စားျပဳ အသင္းတစ္သင္းျဖစ္တဲ့ ဝုလ္ဗာဟမ္တန္အသင္းကေတာ့ ၁၃ေလး၁ေလးနဲ႔ တတိယေနရာမွာ ရွိေနပါတယ္။
ဥေရာပၿပိဳင္ပြဲြအေတြ႕အႀကဳံနည္းပါးတဲ့ ဝုလ္ဗာဟမ္တန္ဟာ အင္တာမီလန္နဲ႔ ဆီဗီလာတို႔လို အသင္းေတြထက္ ေရပန္းစားမႈ ပိုမ်ားေနတာက ထူးျခားတယ္လို႔ ဆိုရမွာပါ။ ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ဖို႔ အင္တာမီလန္က ၆ေလး၁ေလးနဲ႔ ဆီဗီလာက ၈ေလး၁ေလး လို႔ ေဈးဖြင့္လွစ္ထားတာ ျဖစ္ပါတယ္။ ေနာက္ထပ္ စီးရီးေအအသင္းႀကီးတစ္သင္းျဖစ္တဲ့ ႐ိုးမားကေတာ့ ရွက္တာဒိုးနက္နဲ႔ အတူ ၁၆ေလး၁ေလးနဲ႔ အဆင့္-၆ ေနရာမွာ ရွိေနပါတယ္။
ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္မဲခြဲမႈ ျပဳလုပ္ၿပီးေပမယ့္ ရႈံးထြက္-၁၆သင္းအဆင့္မွာ ကိုဗစ္ေၾကာင့္ မကစားျဖစ္ခဲ့တဲ့ အင္တာမီလန္-ဂီတာေဖး၊ ဆီဗီလာ-႐ိုးမားအသင္းတို႔ပြဲစဥ္ေတြကို ဂ်ာမနီႏိုင္ငံမွာ တစ္ေက်ာ့တည္းကစားေစမွာျဖစ္ပါတယ္။ ရႈံးထြက္ ၁၆သင္းအဆင့္တုန္းက အိမ္ကြင္းပြဲစဥ္ေတြမွာ ဂိုးျပတ္အေရးနိမ့္ထားခဲ့တဲ့ ရိန္းဂ်ားစ္နဲ ႔ဖရန္႕ဖတ္တို႔ကေတာ့ ခ်န္ပီ ယံျဖစ္ဖို႔ ေရပန္းစားမႈမွာ ၂၅၀ေလး ၁ေလးနဲ႔ ေနာက္ဆုံးမွာ ရပ္တည္ေနပါတယ္။
ယူႏိုက္တက္အသင္းဟာ ရႈံးထြက္ ၁၆သင္းအဆင့္ ပထမအေက်ာ့တုန္းက ၾသစႀတီးယားကလပ္ လင့္ဇက္ကို ငါးဂိုးျပတ္နဲ႔ အႏိုင္ရထားတာေၾကာင့္ ကြာတားဖိုင္နယ္တက္ေရာက္ဖို႔ မ်ားေနၿပီး ကြာတားအဆင့္မွာ ဘာဆက္ဆီဟာ-ကိုပင္ေဟဂင္ အတြဲက အႏိုင္ရတဲ့အသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။ ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ေတြက စၿပီး ဗိုလ္လုပြဲအထိ ဂ်ာမနီႏိုင္ငံ ကိုလုံးၿမိဳ႕မွာ တစ္ေက်ာ့တည္း ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။

Uni – မနေ့က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ကျင်းပခဲ့တဲ့ ယူရိုပါလိဂ် ကွာတားအဆင့်မဲခွဲမှုတွေအပြီးမှာတော့ ယူနိုက်တက် အသင်းက ချန်ပီယံဖြစ်ဖို့ အလေးပေးမှု ၂လေး၁လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
ယူနိုက်တက်ဟာ ၁၆သင်းအဆင့် ပထမအကျော့မှာ သြစတြီးယားကလပ် LASK အသင်းကို ၅ဂိုးပြတ်နဲ့ အနိုင်ရရှိထားပြီး ဒုတိယအကျော့ကိုတော့ အဝေးကွင်းမှာ သွားကစားရမှာဖြစ်ပါတယ်။ ပထမအကျော့ရလဒ်ကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့အတွက် သေချာသလောက် ရှိနေပြီဖြစ်ပြီး ကိုပင်ဟေဂင်-ဘာဆာဆီဟာတို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
ဗိုလ်စွဲဖို့ ရေပန်းစားဖို့ အလေးပေးမှုမှာ ယူနိုက်တက်အသင်းရဲ့ နောက်မှာ တော့ ဂျာမန်ကလပ် လေဗာကူဆင်က ၁၃လေး ၂လေးနဲ့ ဒုတိယ နေရာမှာ ရှိနေပြီး နောက်ထပ် အင်္ဂလန်ကိုယ်စားပြု အသင်းတစ်သင်းဖြစ်တဲ့ ဝုလ်ဗာဟမ်တန်အသင်းကတော့ ၁၃လေး၁လေးနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
ဥရောပပြိုင်ပွဲအတွေ့အကြုံနည်းပါးတဲ့ ဝုလ်ဗာဟမ်တန်ဟာ အင်တာမီလန်နဲ့ ဆီဗီလာတို့လို အသင်းတွေထက် ရေပန်းစားမှု ပိုများနေတာက ထူးခြားတယ်လို့ ဆိုရမှာပါ။ ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ အင်တာမီလန်က ၆လေး၁လေးနဲ့ ဆီဗီလာက ၈လေး၁လေး လို့ ဈေးဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ နောက်ထပ် စီးရီးအေအသင်းကြီးတစ်သင်းဖြစ်တဲ့ ရိုးမားကတော့ ရှက်တာဒိုးနက်နဲ့ အတူ ၁၆လေး၁လေးနဲ့ အဆင့်-၆ နေရာမှာ ရှိနေပါတယ်။
ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မဲခွဲမှု ပြုလုပ်ပြီးပေမယ့် ရှုံးထွက်-၁၆သင်းအဆင့်မှာ ကိုဗစ်ကြောင့် မကစားဖြစ်ခဲ့တဲ့ အင်တာမီလန်-ဂီတာဖေး၊ ဆီဗီလာ-ရိုးမားအသင်းတို့ပွဲစဉ်တွေကို ဂျာမနီနိုင်ငံမှာ တစ်ကျော့တည်းကစားစေမှာဖြစ်ပါတယ်။ ရှုံးထွက် ၁၆သင်းအဆင့်တုန်းက အိမ်ကွင်းပွဲစဉ်တွေမှာ ဂိုးပြတ်အရေးနိမ့်ထားခဲ့တဲ့ ရိန်းဂျားစ်နဲ့ဖရန့်ဖတ်တို့ကတော့ ချန်ပီ ယံဖြစ်ဖို့ ရေပန်းစားမှုမှာ ၂၅၀လေး ၁လေးနဲ့ နောက်ဆုံးမှာ ရပ်တည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ရှုံးထွက် ၁၆သင်းအဆင့် ပထမအကျော့တုန်းက သြစတြီးယားကလပ် လင့်ဇက်ကို ငါးဂိုးပြတ်နဲ့ အနိုင်ရထားတာကြောင့် ကွာတားဖိုင်နယ်တက်ရောက်ဖို့ များနေပြီး ကွာတားအဆင့်မှာ ဘာဆက်ဆီဟာ-ကိုပင်ဟေဂင် အတွဲက အနိုင်ရတဲ့အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေက စပြီး ဗိုလ်လုပွဲအထိ ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ တစ်ကျော့တည်း ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
