အီတလီတိုက္စစ္သမား ခ်ီေယဆာကို ေခၚယူနုိင္ဖို႔ အေျခအေနေကာင္းေနတဲ့ ယူနုိက္တက္
မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ဖီအိုရင္တီးနား တိုက္စစ္ကစားသမား ခ်ီေယဆာကို ေခၚယူရန္ ႀကိဳးစားအားထုတ္မႈဟာ တိုးတက္မႈ ရွိတယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။
ယူနုိက္တက္ အသင္းဟာ ေဒါ့မြန္အသင္းရဲ႕ ဂ်ာဒြန္ဆန္ခ်ိဳကို ေခၚယူရန္ ႀကိမ္ဖန္မ်ားစြာ ဆက္သြယ္ခဲ့ေနခ်ိန္မွာ ခ်ီေယဆာကိုလည္း အိုးထရက္ဖိုဒ့္ ကို ေခၚယူရန္ ပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။ သတင္းမ်ားအရ ယူႏိုက္တက္အသင္းဟာ ခ်ီေယဆာအတြက္ ဖီအိုရင္တီးနား အသင္းကို ေပါင္သန္း ၅၀ ေပးရန္ သေဘာတူညီမႈ ရရွိသြားၿပီလို႔ သိရပါတယ္။
အီတလီလက္ေ႐ြးစင္ကစားသမားဟာ ဖီအိုရင္တီးနားအသင္းမွာပဲ ကစားသမားဘ၀ တစ္ေလွ်ာက္လုံး ကစားေနခဲ့တာျဖစ္ၿပီး လက္ရွိ ရာသီ ကုန္ဆုံးဖို႔ကိုပဲ ဦးစားေပးထားတာ ျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ ဒီရာသီမွာ အီတလီကလပ္အသင္းအတြက္ (၆) ဂိုးသြင္း (၃) ဂိုးဖန္တီးထားပါတယ္။ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲအတြက္ အီတလီလက္ေ႐ြးစင္အသင္းမွာ ပါဝင္ခြင့္ရဖို႔အတြက္ ခ်ီေယဆာအေနနဲ႔ ပြဲကစားခြင့္ လုံလုံေလာက္ေလာက္ရရွိဖို႔ကလည္း လိုအပ္ေနတာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းမွာေတာ့ လူငယ္ၾကယ္ပြင့္ ဂရင္းဝုဒ္ဟာ အသင္းရဲ႕ ညာေတာင္ပံမွာ ပုံမွန္ေျခစြမ္းျပလာေနေပမယ့္ ဆိုးလ္ရွားက အသင္းရဲ႕ လူစာရင္းကို ပိုၿပီးအင္အားေတာင့္တင္းေအာင္ ကစားသမားအသစ္ေခၚယူခ်င္ေနတာပါ။
အသင္းဟာ လာမယ့္ရာသီအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာ ရရွိေအာင္ ယွဥ္ၿပိဳင္ေနတာျဖစ္ၿပီး လက္ရွိ အဆင့္ (၅) ေနရာမွာ အဆင့္ (၄) ေနရာက လက္စတာ နဲ႔ (၁) မွတ္ပဲ ကြာဟေနတာ ျဖစ္ပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖီအိုရင်တီးနား တိုက်စစ်ကစားသမား ချီယေဆာကို ခေါ်ယူရန် ကြိုးစားအားထုတ်မှုဟာ တိုးတက်မှု ရှိတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက် အသင်းဟာ ဒေါ့မွန်အသင်းရဲ့ ဂျာဒွန်ဆန်ချိုကို ခေါ်ယူရန် ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့နေချိန်မှာ ချီယေဆာကိုလည်း အိုးထရက်ဖိုဒ့် ကို ခေါ်ယူရန် ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ သတင်းများအရ ယူနိုက်တက်အသင်းဟာ ချီယေဆာအတွက် ဖီအိုရင်တီးနား အသင်းကို ပေါင်သန်း ၅၀ ပေးရန် သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။
အီတလီလက်ရွေးစင်ကစားသမားဟာ ဖီအိုရင်တီးနားအသင်းမှာပဲ ကစားသမားဘ၀ တစ်လျှောက်လုံး ကစားနေခဲ့တာဖြစ်ပြီး လက်ရှိ ရာသီ ကုန်ဆုံးဖို့ကိုပဲ ဦးစားပေးထားတာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ အီတလီကလပ်အသင်းအတွက် (၆) ဂိုးသွင်း (၃) ဂိုးဖန်တီးထားပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အီတလီလက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့အတွက် ချီယေဆာအနေနဲ့ ပွဲကစားခွင့် လုံလုံလောက်လောက်ရရှိဖို့ကလည်း လိုအပ်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းမှာတော့ လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ဟာ အသင်းရဲ့ ညာတောင်ပံမှာ ပုံမှန်ခြေစွမ်းပြလာနေပေမယ့် ဆိုးလ်ရှားက အသင်းရဲ့ လူစာရင်းကို ပိုပြီးအင်အားတောင့်တင်းအောင် ကစားသမားအသစ်ခေါ်ယူချင်နေတာပါ။
အသင်းဟာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိအောင် ယှဉ်ပြိုင်နေတာဖြစ်ပြီး လက်ရှိ အဆင့် (၅) နေရာမှာ အဆင့် (၄) နေရာက လက်စတာ နဲ့ (၁) မှတ်ပဲ ကွာဟနေတာ ဖြစ်ပါတယ်။