လက္ရွိ အသင္းသား တစ္ဦး ဆက္ရွိေနသမွ် ယူနိုက္တက္ ပရီးမီးယားလိဂ္ ခ်န္ပီယံ မျဖစ္နုိင္ဘူးလို႔ ကာေရဂါ ေျပာ

လီဗာပူး ဂႏၶ၀င္ကစားသမားေဟာင္း ဂ်င္မီ ကာေရဂါ က လက္ရွိယူႏိုက္တက္အသင္း တိုက္စစ္မွဴး မာရွယ္ကို ေ၀ဖန္စကားေျပာဆိုသြားခဲ့ျပီး ယူႏိုက္တက္ အသင္းအေနနဲ႕မာရွယ္ရဲ႕ ေနရာမွာ အျခားကစားသမားတစ္ေယာက္နဲ႕ အစားထိုးမွသာ ယူႏိုက္တက္အသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံ အျဖစ္ ျပန္လည္ ေမွ်ာ္မွန္းႏိုင္လိမ့္မယ္လို႕ ယံုၾကည္ေနပါတယ္။

ယူႏိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ ၁၇ ပြဲဆက္တိုက္ အႏိုင္ယူထားၿပီး နည္းျပ ဆိုးလ္ရွားလက္ထက္မွာ အေကာင္းဆံုး ပံုစံ တစ္ခုကို ျပန္လည္တည္ေဆာက္ႏိုင္ခဲ႕ပါတယ္။

ေနာက္လာမယ့္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္တစ္ေနရာအတြက္ အဆင့္ေလးေနရာက လက္စတာစီးတီးအသင္းကို တစ္မွတ္အကြာနဲ႕ ေနာက္ကေန ဖိအားေပးေနေပမယ့္ ကာေရဂါကေတာ့ သူ႕အသင္းေဟာင္း လီဗာပူးလ္အသင္းကို ယူႏိုက္တက္အသင္း စိ္န္ေခၚႏိုင္ဖို႕ လိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႕ ယူဆထားပံုရပါတယ္။

ကာေရဂါက “ လီဗာပူးလ္အသင္းဟာ လက္ရွိအခ်ိန္မွာ ကမာၻ႕အေကာင္းဆံုး သံုးေယာက္တိုက္စစ္ အတြဲကို ပိုင္ဆိုင္ထားပါတယ္။
ယူႏိုက္တက္ ရဲ႕ မာရွယ္၊ ရက္ရွ္ဖို႕ဒ္ နဲ႕ ဂရင္း၀ုဒ္တို႕ရဲ႕ တိုက္စစ္ဟာလည္းလီဗာပူးလ္အသင္းရဲ႕ သံုးေယာက္တိုက္စစ္လို ျဖစ္လာေနၿပီလို႕ ေျပာဆုိေနၾကတဲ႕ အေပၚ ကၽြန္ေတာ့္အျမင္ကေတာ့ မာရွယ္ေနရာမွာ အျခား ကမာၻ႕အဆင့္မွီ ကစားသမားတစ္ေယာက္ အစားထိုးဖို႕ လိုေနေသးတယ္လို႕ ထင္ပါတယ္ ” လို႕ တယ္လီဂရက္ဖ္ ကေန ကာေရဂါက ေျပာဆိုခဲ့ပါတယ္။

“ မာရွယ္ရဲ႕ ဂိုးသြင္းစံခ်ိန္ေတြ တိုးတက္လာတာမွန္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို စိန္ေခၚႏိုင္ဖို႕ဆိုရင္ ယူႏိုက္တက္ အသင္းအေနနဲ႕မာရွယ္ကို အသင္းကေန ခ်န္ထားဖို႕ လုိတယ္လို႕ ယံုၾကည္ေနပါေသးတယ္” လို႕လည္း ကာေရဂါက ဆိုခဲ့ပါတယ္။

Uni – လီဗာပူး ဂန္ဓဝင်ကစားသမားဟောင်း ဂျင်မီ ကာရေဂါ က လက်ရှိယူနိုက်တက်အသင်း တိုက်စစ်မှူး မာရှယ်ကို ဝေဖန်စကားပြောဆိုသွားခဲ့ပြီး ယူနိုက်တက် အသင်းအနေနဲ့မာရှယ်ရဲ့ နေရာမှာ အခြားကစားသမားတစ်ယောက်နဲ့ အစားထိုးမှသာ ယူနိုက်တက်အသင်းပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် ပြန်လည် မျှော်မှန်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ၁၇ ပွဲဆက်တိုက် အနိုင်ယူထားပြီး နည်းပြ ဆိုးလ်ရှားလက်ထက်မှာ အကောင်းဆုံး ပုံစံ တစ်ခုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။

နောက်လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အဆင့်လေးနေရာက လက်စတာစီးတီးအသင်းကို တစ်မှတ်အကွာနဲ့ နောက်ကနေ ဖိအားပေးနေပေမယ့် ကာရေဂါကတော့ သူ့အသင်းဟောင်း လီဗာပူးလ်အသင်းကို ယူနိုက်တက်အသင်း စိန်ခေါ်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ယူဆထားပုံရပါတယ်။

ကာရေဂါက “ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး သုံးယောက်တိုက်စစ် အတွဲကို ပိုင်ဆိုင်ထားပါတယ်။
ယူနိုက်တက် ရဲ့ မာရှယ်၊ ရက်ရှ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့ရဲ့ တိုက်စစ်ဟာလည်းလီဗာပူးလ်အသင်းရဲ့ သုံးယောက်တိုက်စစ်လို ဖြစ်လာနေပြီလို့ ပြောဆိုနေကြတဲ့ အပေါ် ကျွန်တော့်အမြင်ကတော့ မာရှယ်နေရာမှာ အခြား ကမ္ဘာ့အဆင့်မှီ ကစားသမားတစ်ယောက် အစားထိုးဖို့ လိုနေသေးတယ်လို့ ထင်ပါတယ် ” လို့ တယ်လီဂရက်ဖ် ကနေ ကာရေဂါက ပြောဆိုခဲ့ပါတယ်။

“ မာရှယ်ရဲ့ ဂိုးသွင်းစံချိန်တွေ တိုးတက်လာတာမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ဖို့ဆိုရင် ယူနိုက်တက် အသင်းအနေနဲ့မာရှယ်ကို အသင်းကနေ ချန်ထားဖို့ လိုတယ်လို့ ယုံကြည်နေပါသေးတယ်” လို့လည်း ကာရေဂါက ဆိုခဲ့ပါတယ်။