ေ၀ဖန္ခံေနရတဲ့ အသင္းေဖာ္ဘက္က ကာကြယ္ေျပာဆိုသြားခဲ့တဲ့ ဘရူနို ဖာနန္ဒက္စ္
မန္ခ်က္စတာ ယူႏိုက္တက္ကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ အသင္းေဖာ္ တိုက္စစ္ကစားသမား မားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ အသင္းအတြက္ အက်ိဳးျပဳေနသူျဖစ္ၿပီး သူ႔စြမ္းေဆာင္ရည္ေတြကို အသိအမွတ္ျပဳရလိမ့္မယ္လို႔ ေျပာၾကားလာခဲ့ပါတယ္။
အဂၤလန္သားေလးဟာ ဒီရာသီမွာ သရဲနီတို႔အတြက္ ၿပိဳင္ပြဲစုံ သြင္းဂိုး ၂၀အထိ သြင္းယူေပးထားသူျဖစ္တဲ့အျပင္ ဖန္တီးမႈေတြလည္း ျပဳလုပ္ထားႏိုင္ကာ ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပသေနတာပါ။
ဘုန္းေမာက္အသင္းနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပယ္နယ္တီကေနတဆင့္ ဦးေဆာင္ဂိုးတစ္ဂိုး သြင္းယူေပးခဲ့ေပမဲ့လည္း ၿပီးခဲ့တဲ့လ ပြဲစဥ္ေတြ ျပန္လည္စတင္ခ်ိန္ကစၿပီး အသက္ ၂၂ႏွစ္သားေလးဟာ ကစားကြက္ပိုင္းကေန သြင္းဂိုးေတြ မရရွိေသးတာေၾကာင့္ ေဝဖန္မႈေတြ ခံလာရပါတယ္။
ဒါေပမဲ့လည္း ရက္ရွ္ဖို႔ဒ္ဟာ မန္ယူႏိုက္တက္အသင္းရဲ႕ ကစားကြက္ပိုင္းအတြက္ အေရးပါသူတစ္ဦးျဖစ္ၿပီး ႏိုင္ပြဲေတြ ဆက္တိုက္ရယူထားႏိုင္ရာမွာ သူ႔စြမ္းေဆာင္ရည္ေတြကလည္း အဓိကက်ေနတယ္လို႔ ဖာနန္ဒက္စ္က ဆိုလာခဲ့ပါတယ္။
“လူတိုင္းကေတာ့ မားကပ္စ္ (ရက္ရွ္ဖို႔ဒ္)ဟာ ဂိုးေတြအမ်ားႀကီး မသြင္းယူထားႏိုင္ဘူးလို႔ ေျပာေနၾကတယ္ ထင္ပါတယ္။ ဒါေပမဲ့လည္း သူဟာ မန္ယူႏိုက္တက္အတြက္ အေကာင္းဆုံး စြမ္းေဆာင္ေပးထားႏိုင္ပါတယ္။
လက္ရွိအခ်ိန္မွာ သူဟာ ကစားဟန္အရ သြင္းဂိုးေတြ မရယူထားႏိုင္ေသးေပမဲ့လည္း အခုလက္ရွိ ကြၽန္ေတာ္တို႔ရဲ႕ ကစားပုံအတိုင္းသာဆိုရင္ မၾကာမီမွာ ဒီထက္ပိုၿပီး သြင္းဂိုးေတြ၊ ဖန္တီးမႈေတြ ရရွိလာမွာ ေသခ်ာေနပါတယ္။
ေဘာလုံးဆိုတာမ်ိဳးက ေျပာရရင္ သြင္းဂိုးေတြ၊ ဖန္တီးမႈေတြ ရယူႏိုင္ဖို႔ တစ္ခုတည္း မဟုတ္ဘူးေလ။ အသင္းအတြက္ ဘယ္ေလာက္အထိ ကစားေပးႏိုင္သလဲဆိုတာ အေရးပါပါတယ္။ မားကပ္စ္ဟာ အသင္းအတြက္ အေကာင္းဆုံး ကစားေပးေနပါတယ္။” လို႔ ဖာနန္ဒက္စ္က ေျပာဆိုခဲ့ပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ အသင်းဖော် တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် အကျိုးပြုနေသူဖြစ်ပြီး သူ့စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုရလိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။
အင်္ဂလန်သားလေးဟာ ဒီရာသီမှာ သရဲနီတို့အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀အထိ သွင်းယူပေးထားသူဖြစ်တဲ့အပြင် ဖန်တီးမှုတွေလည်း ပြုလုပ်ထားနိုင်ကာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတာပါ။
ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပယ်နယ်တီကနေတဆင့် ဦးဆောင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့လ ပွဲစဉ်တွေ ပြန်လည်စတင်ချိန်ကစပြီး အသက် ၂၂နှစ်သားလေးဟာ ကစားကွက်ပိုင်းကနေ သွင်းဂိုးတွေ မရရှိသေးတာကြောင့် ဝေဖန်မှုတွေ ခံလာရပါတယ်။
ဒါပေမဲ့လည်း ရက်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ ကစားကွက်ပိုင်းအတွက် အရေးပါသူတစ်ဦးဖြစ်ပြီး နိုင်ပွဲတွေ ဆက်တိုက်ရယူထားနိုင်ရာမှာ သူ့စွမ်းဆောင်ရည်တွေကလည်း အဓိကကျနေတယ်လို့ ဖာနန်ဒက်စ်က ဆိုလာခဲ့ပါတယ်။
“လူတိုင်းကတော့ မားကပ်စ် (ရက်ရှ်ဖို့ဒ်)ဟာ ဂိုးတွေအများကြီး မသွင်းယူထားနိုင်ဘူးလို့ ပြောနေကြတယ် ထင်ပါတယ်။ ဒါပေမဲ့လည်း သူဟာ မန်ယူနိုက်တက်အတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်ပါတယ်။
လက်ရှိအချိန်မှာ သူဟာ ကစားဟန်အရ သွင်းဂိုးတွေ မရယူထားနိုင်သေးပေမဲ့လည်း အခုလက်ရှိ ကျွန်တော်တို့ရဲ့ ကစားပုံအတိုင်းသာဆိုရင် မကြာမီမှာ ဒီထက်ပိုပြီး သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ ရရှိလာမှာ သေချာနေပါတယ်။
ဘောလုံးဆိုတာမျိုးက ပြောရရင် သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ ရယူနိုင်ဖို့ တစ်ခုတည်း မဟုတ်ဘူးလေ။ အသင်းအတွက် ဘယ်လောက်အထိ ကစားပေးနိုင်သလဲဆိုတာ အရေးပါပါတယ်။ မားကပ်စ်ဟာ အသင်းအတွက် အကောင်းဆုံး ကစားပေးနေပါတယ်။” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။