ယူနိုက္တက္က လူငယ္ေျခတက္ ၾကယ္ပြင့္ကစားသမားေတြကို ဆြဲေဆာင္နုိင္ျပီလို႔ ဆိုးရွား ယံုၾကည္

ယူႏိုက္တက္နည္းျပ ဆိုးရွားဟာ လက္ရွိ အသင္းရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ လူငယ္ကစားသမားေတြကို ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ခ်က္ ရွိေနပါတယ္။

ဇန္နဝါရီလတုန္းကေတာ့ ဟာလန္းကို ေခၚယူရန္ ႀကိဳးစားခဲ့ရာမွာ ကစားသမားက ယူႏိုက္တက္အသင္းထက္ လူငယ္ေတြ ပိုေျခစြာတဲ့ ေဒါ့မြန္ကို ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဟာလန္း နဲ႔ ဘာမင္ဂမ္ၾကယ္ပြင့္ ဘယ္လင္ဂမ္တို႔ကို အိုးထရက္ဖိုဒ့္ဆီ ေခၚယူရန္ ဆက္သြယ္ခဲ့ေပမယ့္ (၂) ေယာက္စလုံး ဟာ ေဒါ့မြန္အသင္းကိုပဲ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္ ကို ေခၚယူၿပီးေနာက္ အကယ္ဒမီ ကစားသမား ဂရင္းဝုဒ္တို႔ရဲ႕ ေျခစြမ္းေကာင္းေတြေၾကာင့္ ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံ (၁၇) ပြဲဆက္တိုက္ ရႈံးပြဲ မရွိ ပံုစံေကာင္း ရေနပါတယ္။

ဒါေၾကာင့္ ဒီပံုစံနဲ႕ ဆိုရင္ေတာ့ ယူနုိက္တက္ဟာ လိုခ်င္တဲ့ လူငယ္ကစားသမားေတြကို ေခၚယူလို႔ရႏိုင္ၿပီလို႔ ဆိုးရွားက ယူဆေနပါတယ္။

” ကြၽန္ေတာ္ကေတာ့ ယူႏိုက္တက္အသင္းဟာ လူငယ္ကစားသမားေတြကို ဆြဲေဆာင္ႏိုင္ၿပီလို႔ ထင္ပါတယ္။ ရလဒ္ေကာင္းေတြနဲ႔ စြမ္းေဆာင္ရည္ ေကာင္းေတြက ရေနပါၿပီ။ ယူႏိုက္တက္မွာဆိုရင္ တိုက္စစ္ကို ျမန္ျမန္ဆန္ဆန္ကစားႏိုင္မွာ ျဖစ္ၿပီး လူငယ္ေတြလည္း ရွိေနပါတယ္။ ” လို႔ ဆိုးရွားက ေဆာက္သမ္တန္အသင္းနဲ႔ ကစားမယ့္ ပြဲမတိုင္မီမွာ ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္မွာ ေနာက္ဆုံး (၃) ပြဲမွာ (၄) ဂိုးအထိ သြင္းယူလာတဲ့ ဂရင္းဝုဒ္ဟာ အသက္ ၁၈ ႏွစ္အ႐ြယ္ပဲ ရွိေသးျပီး ယူနုိက္တက္ အသင္းအတြက္ ၾကယ္ပြင့္အသစ္တစ္ေယာက္ျဖစ္လာပါတယ္။

Uni – ယူနိုက်တက်နည်းပြ ဆိုးရှားဟာ လက်ရှိ အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် လူငယ်ကစားသမားတွေကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။

ဇန်နဝါရီလတုန်းကတော့ ဟာလန်းကို ခေါ်ယူရန် ကြိုးစားခဲ့ရာမှာ ကစားသမားက ယူနိုက်တက်အသင်းထက် လူငယ်တွေ ပိုခြေစွာတဲ့ ဒေါ့မွန်ကို ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဟာလန်း နဲ့ ဘာမင်ဂမ်ကြယ်ပွင့် ဘယ်လင်ဂမ်တို့ကို အိုးထရက်ဖိုဒ့်ဆီ ခေါ်ယူရန် ဆက်သွယ်ခဲ့ပေမယ့် (၂) ယောက်စလုံး ဟာ ဒေါ့မွန်အသင်းကိုပဲ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ် ကို ခေါ်ယူပြီးနောက် အကယ်ဒမီ ကစားသမား ဂရင်းဝုဒ်တို့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံ (၁၇) ပွဲဆက်တိုက် ရှုံးပွဲ မရှိ ပုံစံကောင်း ရနေပါတယ်။

ဒါကြောင့် ဒီပုံစံနဲ့ ဆိုရင်တော့ ယူနိုက်တက်ဟာ လိုချင်တဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူလို့ရနိုင်ပြီလို့ ဆိုးရှားက ယူဆနေပါတယ်။

” ကျွန်တော်ကတော့ ယူနိုက်တက်အသင်းဟာ လူငယ်ကစားသမားတွေကို ဆွဲဆောင်နိုင်ပြီလို့ ထင်ပါတယ်။ ရလဒ်ကောင်းတွေနဲ့ စွမ်းဆောင်ရည် ကောင်းတွေက ရနေပါပြီ။ ယူနိုက်တက်မှာဆိုရင် တိုက်စစ်ကို မြန်မြန်ဆန်ဆန်ကစားနိုင်မှာ ဖြစ်ပြီး လူငယ်တွေလည်း ရှိနေပါတယ်။ ” လို့ ဆိုးရှားက ဆောက်သမ်တန်အသင်းနဲ့ ကစားမယ့် ပွဲမတိုင်မီမှာ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်မှာ နောက်ဆုံး (၃) ပွဲမှာ (၄) ဂိုးအထိ သွင်းယူလာတဲ့ ဂရင်းဝုဒ်ဟာ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးပြီး ယူနိုက်တက် အသင်းအတွက် ကြယ်ပွင့်အသစ်တစ်ယောက်ဖြစ်လာပါတယ်။