ယူနိုက္တက္နဲ႕ ကစားတာ ၁၀ နွစ္ျပည့္ေတာ့မယ့္ ဒီဂီယာရဲ႕ စိတ္ကူးဆႏၵ

မန္ယူနိုက္တက္အသင္းကေန ထြက္ခြါဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ အသင္းရဲ႕ အဓိက ဂိုးသမား ဒီဂီယာကေတာ့ ယူနိုက္တက္မွာ ကစားရတာဟာ ဂုဏ္ယူစရာကိစၥရပ္ျဖစ္ၿပီး ဒီအသင္းကေန ထြက္ခြါဖို႔အတြက္ စိတ္ကူးမရွိဘူးလို႔ ဆိုသြားခဲ့ၿပီပဲျဖစ္ပါတယ္။

ဒီဘက္ႏွစ္တခ်ိဳ႕မွာ အနည္းငယ္မွားယြင္းမႈေတြကို ကြင္းအတြင္းမွာ ေတြ႕ရွိၿပီးေနာက္ ဒီဂီယာရဲ႕အာ႐ုံစူးစိုက္မႈနည္းပါးလာျခင္းအေပၚ ေဝဖန္မႈေတြ ရွိေနပါတယ္။ ဒါ့အျပင္ ရွက္ဖီးလ္မွာ အငွားနဲ႔ သြားကစားေနတဲ့ လူငယ္ဂိုးသမားေလး ဒင္းန္းဟန္ဒါဆန္ရဲ႕လက္စြမ္းေတြေၾကာင့္လည္း မန္ယူအသင္းဟာ ဒီဂီယာေနရာမွာ ဟန္ဒါဆန္နဲ႔ အစားထိုးဖြယ္ရွိတယ္လို႔ သတင္းေတြက ဆိုလာခဲ့ၾကတာပဲျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ စက္တင္ဘာတုန္းကမွ အသင္းနဲ႔ ၂၀၂၃ ႏွစ္ အထိ ရွိႏိုင္မယ့္ စာခ်ဳပ္သက္တမ္းကို တိုးျမႇင့္ထားတဲ့ ဒီဂီယာကေတာ့ သူ႔အေနနဲ႔ ယူနိုက္တက္မွာပဲ ဆက္ကစားဖို႔ ဆႏၵရွိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ဒီဂီယာက “ မန္ယူနိုက္တက္အသင္းမွာကစားခဲ့တာ ၁၀ ႏွစ္ျပည့္ေတာ့မယ္ဆိုတာက အိပ္မက္တစ္ခုလိုပါပဲ။ အသင္းမွာ ကစားရတာက တကယ္ပဲ အရမ္းကို ႀကီးက်ယ္ခမ္းနားပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ယူနိုက္တက္ မွာပဲ ေနာက္ထပ္ နွစ္ေပါင္းေျမာက္မ်ားစြာ ဆက္ ကစားသြားခ်င္ပါတယ္။ ” လို႔ ဒီဂီယာက သူ႔သေဘာထားကို ေျပာဆိုသြားခဲ့ပါတယ္။

ယူနိုက္တက္ကလည္း ဒီတေလာမွာ အေကာင္းဆုံးေျခစြမ္းေတြနဲ႔ ရလဒ္ေကာင္းေတြလည္း ရရွိေနပါတယ္။ သူတို႔ဟာ ၿပိဳင္ပြဲစုံ ၁၇ ပြဲဆက္ ရႈံးပြဲမရွိတဲ့ စံခ်ိန္ကို ရရွိထားခဲ့ၿပီျဖစ္ၿပီး ေျခစြမ္းပိုင္းကလည္း အရမ္းကို ထက္ျမက္လာခဲ့တာပဲျဖစ္ပါတယ္။

လက္ရွိမွာ ပရီးမီးယားလိဂ္မွာ အဆင့္ ၅ မွာရွိေနေပမယ့္လည္း မန္ယူအသင္းဟာ လက္က်န္ပြဲစဥ္ကိုႏိုင္လိုက္ရင္ အနိမ့္ဆုံး အဆင့္ ၄ ကို တက္ႏိုင္မွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္လည္း အေျခအေနေကာင္းကို ပိုင္ဆိုင္သြားမွာပဲျဖစ္ပါတယ္။

ဒီဂီယာကေတာ့ အသင္းအေနနဲ႔ တကယ့္ကို တိုစတက္လာခဲ့ေၾကာင္း ၊ ဒီပုံစံကို ဆက္ထိန္းရမွာျဖစ္ေၾကာင္းနဲ႔ ေအာင္ျမင္မႈေတြရရွိဖို႔ ပစ္မွတ္ထား လုပ္ေဆာင္ရမွာျဖစ္ေၾကာင္းကိုလည္း ေျပာဆိုသြားခဲ့ပါတယ္။

Uni – မန်ယူနိုက်တက်အသင်းကနေ ထွက်ခွါဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းရဲ့ အဓိက ဂိုးသမား ဒီဂီယာကတော့ ယူနိုက်တက်မှာ ကစားရတာဟာ ဂုဏ်ယူစရာကိစ္စရပ်ဖြစ်ပြီး ဒီအသင်းကနေ ထွက်ခွါဖို့အတွက် စိတ်ကူးမရှိဘူးလို့ ဆိုသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီဘက်နှစ်တချို့မှာ အနည်းငယ်မှားယွင်းမှုတွေကို ကွင်းအတွင်းမှာ တွေ့ရှိပြီးနောက် ဒီဂီယာရဲ့အာရုံစူးစိုက်မှုနည်းပါးလာခြင်းအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ရှက်ဖီးလ်မှာ အငှားနဲ့ သွားကစားနေတဲ့ လူငယ်ဂိုးသမားလေး ဒင်းန်းဟန်ဒါဆန်ရဲ့လက်စွမ်းတွေကြောင့်လည်း မန်ယူအသင်းဟာ ဒီဂီယာနေရာမှာ ဟန်ဒါဆန်နဲ့ အစားထိုးဖွယ်ရှိတယ်လို့ သတင်းတွေက ဆိုလာခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကမှ အသင်းနဲ့ ၂၀၂၃ နှစ် အထိ ရှိနိုင်မယ့် စာချုပ်သက်တမ်းကို တိုးမြှင့်ထားတဲ့ ဒီဂီယာကတော့ သူ့အနေနဲ့ ယူနိုက်တက်မှာပဲ ဆက်ကစားဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒီဂီယာက “ မန်ယူနိုက်တက်အသင်းမှာကစားခဲ့တာ ၁၀ နှစ်ပြည့်တော့မယ်ဆိုတာက အိပ်မက်တစ်ခုလိုပါပဲ။ အသင်းမှာ ကစားရတာက တကယ်ပဲ အရမ်းကို ကြီးကျယ်ခမ်းနားပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ယူနိုက်တက် မှာပဲ နောက်ထပ် နှစ်ပေါင်းမြောက်များစွာ ဆက် ကစားသွားချင်ပါတယ်။ ” လို့ ဒီဂီယာက သူ့သဘောထားကို ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ကလည်း ဒီတလောမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ ရလဒ်ကောင်းတွေလည်း ရရှိနေပါတယ်။ သူတို့ဟာ ပြိုင်ပွဲစုံ ၁၇ ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်ကို ရရှိထားခဲ့ပြီဖြစ်ပြီး ခြေစွမ်းပိုင်းကလည်း အရမ်းကို ထက်မြက်လာခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ မှာရှိနေပေမယ့်လည်း မန်ယူအသင်းဟာ လက်ကျန်ပွဲစဉ်ကိုနိုင်လိုက်ရင် အနိမ့်ဆုံး အဆင့် ၄ ကို တက်နိုင်မှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အခြေအနေကောင်းကို ပိုင်ဆိုင်သွားမှာပဲဖြစ်ပါတယ်။

ဒီဂီယာကတော့ အသင်းအနေနဲ့ တကယ့်ကို တိုစတက်လာခဲ့ကြောင်း ၊ ဒီပုံစံကို ဆက်ထိန်းရမှာဖြစ်ကြောင်းနဲ့ အောင်မြင်မှုတွေရရှိဖို့ ပစ်မှတ်ထား လုပ်ဆောင်ရမှာဖြစ်ကြောင်းကိုလည်း ပြောဆိုသွားခဲ့ပါတယ်။