ျပိဳင္ဘက္ေတြ ေျခေခ်ာ္ခ်ိန္ကို အခြင့္ေကာင္း မယူနုိင္ခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အျပိဳင္ ျဖစ္ေနတဲ့ ခ်ယ္ဆီးအသင္းနဲ႔ လက္စတာတို႔ ရႈံးပြဲအသီးသီး ႀကဳံေတြ႕ခဲ့ရတဲ့ရက္သတၱပတ္မွာ အခြင့္အေရးေကာင္းတစ္ခုကို အမိအရ မဆုပ္ကိုင္ႏိုင္ခဲ့ဘဲ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ေဆာက္သမ္တန္အသင္းကို ၂ဂိုးစီသေရသာ ကစားႏိုင္ခဲ့ပါတယ္။

မန္ယူႏိုက္တက္ဟာ ဒီေန႔ပြဲမွာလည္း အမွားမခံဘဲ ရလဒ္ေကာင္းတစ္ခုကို ရယူႏိုင္ဖို႔အတြက္ ၿပီးခဲ့တဲ့ပြဲစဥ္ေတြက လူစာရင္းအတိုင္းပဲ အေျပာင္းအလဲ မရွိ ပြဲထြက္လာခဲ့ပါတယ္။

ေဆာက္သမ္တန္က အမ္းစထေရာင္းရဲ႕ အဖြင့္ဂိုးကို ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔က ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြသြင္းယူၿပီး အသင္းကို ႏိုင္ပြဲရေစဖို႔ ကူညီေပးခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးမိနစ္မွာ ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကို အိုဘာဖယ္မီက အပိုင္ေခါင္းတိုက္သြင္းယူသြားခဲ့ၿပီး ေဆာက္သမ္တန္အသင္းအတြက္ ေခ်ပဂိုးကို ရယူသြားခဲ့တာ ျဖစ္ပါတယ္။

ေနာက္ဆုံးမိနစ္ေရာက္မွ မန္ယူႏိုက္တက္အသင္း နစ္နာသြားခဲ့တာ ျဖစ္ျပီး အိုဘာဖီမီရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရလို႔ ၂ဂိုးစီ သေရနဲ႔သာေက်နပ္ခဲ့ရကာ ခ်ယ္ဆီးနဲ႔ တစ္မွတ္ကြာ၊ လက္စတာနဲ႔ ရမွတ္တူ၊ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္ ၅ေနရာ မတက္ႏိုင္ခဲ့ဘဲရွိခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ယူႏိုက္တက္ကစားသမားေတြ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ တူညီတဲ့လူစာရင္းကိုပဲ ငါးပြဲဆက္တိုက္အသုံးျပဳေနခဲ့တဲ့ ဒဏ္ကို နည္းျပဆိုးလ္ရွား ခံစားခဲ့ရပါတယ္။ ကစားသမားေတြ ပြဲပန္းေနခဲ့သလို ေပါ့ဘာကလည္း အမွားအယြင္းေတြမ်ားေနခဲ့ၿပီး ဆိုးရွားရဲ႕ လူစားလဲမႈေတြ မွားယြင္းခဲ့တာကလည္း ရမွတ္ေတြ ဆုံးရႈံးေစခဲ့ပါတယ္။

ယူႏိုက္တက္သေရက်ခဲ့လို႔ ခ်ယ္လ္ဆီးအတြက္ အသက္ရႉေခ်ာင္ခဲ့ၿပီး လက္က်န္ ၃ပြဲကေတာ့ အႀကိတ္အနယ္ရွိလာေတာ့မွာျဖစ္ပါတယ္။ ယူႏိုက္တက္ နဲ႔ လက္စတာတို႔ရဲ႕ ရာသီေနာက္ဆုံးပြဲစဥ္က ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို အဆုံးအျဖတ္ေပးလာေတာ့မွာ ျဖစ္ၿပီး လမ္းပတ္ရဲ႕ ခ်ယ္ဆီးအတြက္လည္း ေမွ်ာ္လင့္ခ်င္စရာလမ္းစေတြဟာ ယူႏိုက္တက္ရဲ႕ သေရပြဲေၾကာင့္ ေပၚေပါက္လာခဲ့ရပါတယ္။

ယူႏိုက္တက္သာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ အဆင့္ ၄ ေနရာကို လက္စတာနဲ႔ ခ်ယ္ဆီးတို႔ အၿပိဳင္လုရမွာျဖစ္ေပမယ့္ သေရက်ခဲ့တာေၾကာင့္ အသင္း ၃သင္းရဲ႕ အၿပိဳင္အဆိုင္ႀကိဳးပမ္းမႈေတြကို ျမင္ေတြ႕ရဦးမွာလည္းျဖစ္ပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပြိုင် ဖြစ်နေတဲ့ ချယ်ဆီးအသင်းနဲ့ လက်စတာတို့ ရှုံးပွဲအသီးသီး ကြုံတွေ့ခဲ့ရတဲ့ရက်သတ္တပတ်မှာ အခွင့်အရေးကောင်းတစ်ခုကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ဘဲ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဆောက်သမ်တန်အသင်းကို ၂ဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာလည်း အမှားမခံဘဲ ရလဒ်ကောင်းတစ်ခုကို ရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ပွဲစဉ်တွေက လူစာရင်းအတိုင်းပဲ အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပါတယ်။

ဆောက်သမ်တန်က အမ်းစထရောင်းရဲ့ အဖွင့်ဂိုးကို ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေသွင်းယူပြီး အသင်းကို နိုင်ပွဲရစေဖို့ ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို အိုဘာဖယ်မီက အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့ပြီး ဆောက်သမ်တန်အသင်းအတွက် ချေပဂိုးကို ရယူသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးမိနစ်ရောက်မှ မန်ယူနိုက်တက်အသင်း နစ်နာသွားခဲ့တာ ဖြစ်ပြီး အိုဘာဖီမီရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရလို့ ၂ဂိုးစီ သရေနဲ့သာကျေနပ်ခဲ့ရကာ ချယ်ဆီးနဲ့ တစ်မှတ်ကွာ၊ လက်စတာနဲ့ ရမှတ်တူ၊ဂိုးကွာခြားချက်ကြောင့် အဆင့် ၅နေရာ မတက်နိုင်ခဲ့ဘဲရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်ကစားသမားတွေ ခြေစွမ်းမပြနိုင်ခဲ့ဘဲ တူညီတဲ့လူစာရင်းကိုပဲ ငါးပွဲဆက်တိုက်အသုံးပြုနေခဲ့တဲ့ ဒဏ်ကို နည်းပြဆိုးလ်ရှား ခံစားခဲ့ရပါတယ်။ ကစားသမားတွေ ပွဲပန်းနေခဲ့သလို ပေါ့ဘာကလည်း အမှားအယွင်းတွေများနေခဲ့ပြီး ဆိုးရှားရဲ့ လူစားလဲမှုတွေ မှားယွင်းခဲ့တာကလည်း ရမှတ်တွေ ဆုံးရှုံးစေခဲ့ပါတယ်။

ယူနိုက်တက်သရေကျခဲ့လို့ ချယ်လ်ဆီးအတွက် အသက်ရှူချောင်ခဲ့ပြီး လက်ကျန် ၃ပွဲကတော့ အကြိတ်အနယ်ရှိလာတော့မှာဖြစ်ပါတယ်။ ယူနိုက်တက် နဲ့ လက်စတာတို့ရဲ့ ရာသီနောက်ဆုံးပွဲစဉ်က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို အဆုံးအဖြတ်ပေးလာတော့မှာ ဖြစ်ပြီး လမ်းပတ်ရဲ့ ချယ်ဆီးအတွက်လည်း မျှော်လင့်ချင်စရာလမ်းစတွေဟာ ယူနိုက်တက်ရဲ့ သရေပွဲကြောင့် ပေါ်ပေါက်လာခဲ့ရပါတယ်။

ယူနိုက်တက်သာ အနိုင်ရရှိခဲ့မယ်ဆိုရင် အဆင့် ၄ နေရာကို လက်စတာနဲ့ ချယ်လ်ဆီးတို့ အပြိုင်လုရမှာဖြစ်ပေမယ့် သရေကျခဲ့တာကြောင့် အသင်း ၃သင်းရဲ့ အပြိုင်အဆိုင်ကြိုးပမ်းမှုတွေကို မြင်တွေ့ရဦးမှာလည်းဖြစ်ပါတယ်။