စိန္႔ေတြကို ဂိုးေပး သေရက်ခဲ့ေပမယ့္ ယူနိုက္တက္ ခံစစ္ပိုင္း တိုးတက္မႈေတြ ရွိတယ္လို႔ မက္ဂြဲရား ဆို

မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက ကစားသြားတဲ့ ေဆာက္သမ္တန္နဲ႕ ပြဲမွာ တစ္ဖက္ နွစ္ဂိုးစီနဲ႕ သေရက်သြားခဲ့ေသာ္လည္း ယူနုိက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားကေတာ့ အသင္း စစ္ပိုင္း တိုးတက္မႈေတြ အမ်ားႀကီး ရွိတယ္လို႔ ဆိုပါတယ္။

ေပါ့ဘာရဲ႕ အမွားကတဆင့္ ေပးလိုက္ရတဲ့ ေဆာင္သင္တန္ရဲ႕ ပြဲအစ ၁၂ မိနစ္ ဦးေဆာင္ဂိုးကိုရပ္ဖို႔နဲ႔ မာရွယ္တို႔ ျပန္လည္ ေခ်ပႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္း တပိုင္းလုံး ဂိုးေတြ မသြင္းႏိုင္ခဲ့ပဲ ေနာက္ဆုံး စကၠန႔္ ေထာင့္ကန္ေဘာကနဆင့္ ယူႏိုက္တက္တို႔ ဂိုးေပးခဲ့ရလို႔ သေရတမွတ္သာ ရခဲ့တာပါ။

ယူနိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားက အသင္းသားအားလုံး စိတ္ပ်က္ေနမွာ ေသခ်ာေပမယ့္ လက္က်န္ပြဲစဥ္ေတြ အတြက္ အားတင္းၿပီး လိုခ်င္တဲ့ ရလဒ္အတြက္ ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္။

” ကြၽန္ေတာ္တို႔ ခံစစ္ကစားပုံပိုင္းမွာ တိုးတက္မႈေတြ ရွိလာတယ္။ ရာသီအစမွာ မွတ္တမ္းဆိုးေတြ ရွိလာခဲ့ေပမယ့္ အခုဆိုရင္ အေတာ္ေလး အဆင္ေျပလာေနၿပီ။

သူတို႔ဖက္က ကစားသမား ေလးေယာက္ေလာက္ ဂိုးေရွ႕မွာ ရွိေနရင္ေတာင္မွ ဂိုးသြင္းလို႔ မရခဲ့ဖူး။ ဒီေတာ့ ကြၽန္ေတာ္တို႔ ဒီအခ်က္ကို ေလ့လာၿပီး အသုံးခ်ရမယ္။ အခုအခ်ိန္မွာ စိတ္ပ်က္ေနရတယ္။ ဒါေပမယ့္ အသုံးမက်တဲ့သူေတြလို ခံစားေနလို႔ မရပဲ မနက္ျဖန္ အတြက္ ျပင္ဆင္ရမယ္။ ” လို႔ မက္ဂြဲရားက ေျပာဆိုခဲ့ပါတယ္။

ဒီတစ္ပတ္မွာ ခ်ယ္ဆီးနဲ႔ လက္စတာတို႔ရဲ႕ ရႈံးပြဲကို အခြင့္ေကာင္းမယူႏိုင္ခဲ့တဲ့ ူယနိုက္တက္ တို႔ အေနနဲ႔ ရမွတ္ တစ္မွတ္သာ စုေဆာင္းႏိုင္ခဲ့ၿပီး လက္စတာနဲ႔ ရမွတ္တူ ဂိုးကြာ အေနထားနဲ႔ အဆင့္ ၅ ေနရာမွာသာ ဆက္လက္ ရပ္တည္ခဲ့ပါတယ္။

မက္ဂြဲရားကေတာ့ ေဆာက္သမ္တန္နဲ႕ ပြဲစဥ္က အရႈံးပြဲမဟုတ္သလို ယူႏိုက္တက္ အသင္းသားေတြ အေနနဲ႔ အရမ္းခံစားေနဖို႔ မလိုပဲ လက္က်န္ သုံးပြဲျဖစ္တဲ့ ပဲေလ့စ္၊ဝက္ဟမ္း၊ လက္စတာ တို႔နဲ႔ ပြဲေတြမွာ အေကာင္းဆံုး ေျခစြမ္းထုတ္ၾကဖို႔ အသင္းေဖာ္ေတြအား တိုက္တြန္းသြားပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်ဟာ ညက ကစားသွားတဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ တစ်ဖက် နှစ်ဂိုးစီနဲ့ သရေကျသွားခဲ့သော်လည်း ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ အသင်း စစ်ပိုင်း တိုးတက်မှုတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။

ပေါ့ဘာရဲ့ အမှားကတဆင့် ပေးလိုက်ရတဲ့ ဆောင်သင်တန်ရဲ့ ပွဲအစ ၁၂ မိနစ် ဦးဆောင်ဂိုးကိုရပ်ဖို့နဲ့ မာရှယ်တို့ ပြန်လည် ချေပနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း တပိုင်းလုံး ဂိုးတွေ မသွင်းနိုင်ခဲ့ပဲ နောက်ဆုံး စက္ကန့် ထောင့်ကန်ဘောကနဆင့် ယူနိုက်တက်တို့ ဂိုးပေးခဲ့ရလို့ သရေတမှတ်သာ ရခဲ့တာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားက အသင်းသားအားလုံး စိတ်ပျက်နေမှာ သေချာပေမယ့် လက်ကျန်ပွဲစဉ်တွေ အတွက် အားတင်းပြီး လိုချင်တဲ့ ရလဒ်အတွက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

” ကျွန်တော်တို့ ခံစစ်ကစားပုံပိုင်းမှာ တိုးတက်မှုတွေ ရှိလာတယ်။ ရာသီအစမှာ မှတ်တမ်းဆိုးတွေ ရှိလာခဲ့ပေမယ့် အခုဆိုရင် အတော်လေး အဆင်ပြေလာနေပြီ။

သူတို့ဖက်က ကစားသမား လေးယောက်လောက် ဂိုးရှေ့မှာ ရှိနေရင်တောင်မှ ဂိုးသွင်းလို့ မရခဲ့ဖူး။ ဒီတော့ ကျွန်တော်တို့ ဒီအချက်ကို လေ့လာပြီး အသုံးချရမယ်။ အခုအချိန်မှာ စိတ်ပျက်နေရတယ်။ ဒါပေမယ့် အသုံးမကျတဲ့သူတွေလို ခံစားနေလို့ မရပဲ မနက်ဖြန် အတွက် ပြင်ဆင်ရမယ်။ ” လို့ မက်ဂွဲရားက ပြောဆိုခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ချယ်ဆီးနဲ့ လက်စတာတို့ရဲ့ ရှုံးပွဲကို အခွင့်ကောင်းမယူနိုင်ခဲ့တဲ့ ူယနိုက်တက် တို့ အနေနဲ့ ရမှတ် တစ်မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး လက်စတာနဲ့ ရမှတ်တူ ဂိုးကွာ အနေထားနဲ့ အဆင့် ၅ နေရာမှာသာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။

မက်ဂွဲရားကတော့ ဆောက်သမ်တန်နဲ့ ပွဲစဉ်က အရှုံးပွဲမဟုတ်သလို ယူနိုက်တက် အသင်းသားတွေ အနေနဲ့ အရမ်းခံစားနေဖို့ မလိုပဲ လက်ကျန် သုံးပွဲဖြစ်တဲ့ ပဲလေ့စ်၊ဝက်ဟမ်း၊ လက်စတာ တို့နဲ့ ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းထုတ်ကြဖို့ အသင်းဖော်တွေအား တိုက်တွန်းသွားပါတယ်။