မထင္မွတ္တဲ့ သေရရလဒ္ အတြက္ အျပစ္မတင္ဘဲ ယူနိုက္တက္ သင္ခန္းစာ ယူဖို႔ ဆိုးရွား ေျပာဆို

မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးရွားဟာ ေဆာက္သမ္တန္နဲ႔ ၂ဂိုးစီ သေရက်ခဲ့တဲ့ ပြဲအတြက္ သူ႔အသင္းကို ေဝဖန္ဖို႔ ျငင္းပယ္ခဲ့ၿပီး ၎တို႔ ခြင့္ျပဳခဲ့ရတဲ့ေနာက္က်ဂိုးဟာ သင္ခန္းစာယူစရာပဲလို႔ ေျပာဆိုခဲ့ပါတယ္။

ေဆာက္သမ္တန္ဘက္မွ စတူးရတ္ အမ္းစထေရာင္းဟာ ဧည့္သည္ေတြအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ရဲ႕ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေၾကာင့္ ယူႏိုက္တက္တို႔ ႏိုင္ပြဲရၿပီး အဆင့္ ၃ ေနရာ တက္ႏိုင္ဖို႔ အေျခအေန ရွိခဲ့တာပါ။ ဒါေပမယ့္ အိုဘာဖီမီရဲ႕ ေနာက္က် ေခ်ပဂိုးေၾကာင့္ သူတို႔ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဲ႕အျပင္ဘက္ အဆင့္၅ေနရာမွာ ရွိေနဆဲျဖစ္ပါတယ္။

ဆိုးရွားကေတာ့ အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့တဲ့သူ႔အသင္းကို အျပစ္မတင္ခဲ့ပဲ ဒါဟာ လူငယ္ကစားသမားေတြအတြက္ သင္ခန္းစာ ယူရမယ့္အရာပဲ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ဒါက ဂိုးေပးလိုက္ရတဲ့ အဆိုးဆုံးအခ်ိန္ပါပဲ၊ ဒါေပမယ့္ ေဘာလုံးေလာကမွာ ဒါမ်ိဳးက ျဖစ္တတ္ပါတယ္၊ အသင္းအတြက္ သင္ယူရမယ့္ အရာေတြေပါ့၊ ၃မွတ္ရၿပီလို႔ထင္ၿပီးေတာ့မွ ဂိုးျပန္ေပးလိုက္ရတာ တကယ္ကို စိတ္ပ်က္စရာေကာင္းပါတယ္။” လို႔ ဆိုးရွားက ဆိုပါတယ္။

ယူႏိုက္တက္ဟာ အေကာင္းဆုံးပုံစံမွာ ရွိမေနခဲ့ဘူးလို႔ ေနာ္ေဝနည္းျပက ဝန္ခံခဲ့သလို ၿပိဳင္ဘက္ကို ေဘာလုံးပိုင္ဆိုင္မႈ ၅၂% ေပးခဲ့ရၿပီး ေဘာလံုး ေပးပို႔တာ တိက်မႈနဲ႔ မွန္ကန္မႈေတြမွာလဲ ေဆာက္သမ္တန္က သာေနခဲ့တာပါ။

“ဒီေန႔မွာ ကြၽန္ေတာ္တို႔ေတြ ၃မွတ္ရဖို႔ မထိုက္တန္ခဲ့ဘူး၊ သူတို႔ေတြ ေကာင္းေကာင္းကစားခဲ့တယ္၊ ဒီေန႔မွာ ကြၽန္ေတာ္တို႔ရဲ႕ ေပးပို႔မႈေတြက စည္းခ်က္ မညီခဲ့ဘူး၊ အထူးသျဖင့္ ၂-၁ ျဖစ္ၿပီးတဲ့ေနာက္မွာေပါ့၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတြ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ၿပီး ေကာင္းေကာင္း ေတာ့ ကစားႏိုင္ခဲ့ပါတယ္။” လို႔ ဆိုးရွားက ဆိုပါတယ္။

၁၉၉၃ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ႏွစ္ပြဲ ဆက္တိုက္ ပြဲထြက္ ၁၁ေယာက္စာရင္းကို အတူတူ ျပန္သုံးခဲ့တဲ့အတြက္ အသင္းဟာ အနည္းငယ္ ပင္ပန္းပုံေပၚေနတယ္လို႔ ထင္လားလို႔ ေမးျမန္းခဲ့ရာ ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔မွာလုံေလာက္တဲ့ နားခ်ိန္ မရွိခဲ့ဘူး၊ ဒါက ကြၽန္ေတာ္တို႔ အခြင့္အေရး မယူႏိုင္ခဲ့တဲ့ ေန႔ေတြထဲက တစ္ေန႔ပါပဲ။

ဒါေပမယ့္ ပထမပိုင္းမွာ ဂရင္းဝုဒ္အေပၚ ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့အတြက္ အိုရီယိုရယ္ အနီကဒ္ထိခဲ့သင့္တယ္ထင္တယ္၊ ကြၽန္ေတာ္သာဆို အဲ့ေနရာမွာ ျပန္ထႏိုင္မွာမဟုတ္ဘူး၊ ဆိုးဝါးတဲ့ကိစၥျဖစ္ခဲ့ေပမယ့္ VAR အေၾကာင္း ေျပာတာ လုံေလာက္ပါၿပီ”လို႔ ေျပာဆိုခဲ့ပါတယ္။

Uni – မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးရှားဟာ ဆောက်သမ်တန်နဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲအတွက် သူ့အသင်းကို ဝေဖန်ဖို့ ငြင်းပယ်ခဲ့ပြီး ၎င်းတို့ ခွင့်ပြုခဲ့ရတဲ့နောက်ကျဂိုးဟာ သင်ခန်းစာယူစရာပဲလို့ ပြောဆိုခဲ့ပါတယ်။

ဆောက်သမ်တန်ဘက်မှ စတူးရတ် အမ်းစထရောင်းဟာ ဧည့်သည်တွေအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ရဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးကြောင့် ယူနိုက်တက်တို့ နိုင်ပွဲရပြီး အဆင့် ၃ နေရာ တက်နိုင်ဖို့ အခြေအနေ ရှိခဲ့တာပါ။ ဒါပေမယ့် အိုဘာဖီမီရဲ့ နောက်ကျ ချေပဂိုးကြောင့် သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဲ့အပြင်ဘက် အဆင့်၅နေရာမှာ ရှိနေဆဲဖြစ်ပါတယ်။

ဆိုးရှားကတော့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့သူ့အသင်းကို အပြစ်မတင်ခဲ့ပဲ ဒါဟာ လူငယ်ကစားသမားတွေအတွက် သင်ခန်းစာ ယူရမယ့်အရာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒါက ဂိုးပေးလိုက်ရတဲ့ အဆိုးဆုံးအချိန်ပါပဲ၊ ဒါပေမယ့် ဘောလုံးလောကမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်၊ အသင်းအတွက် သင်ယူရမယ့် အရာတွေပေါ့၊ ၃မှတ်ရပြီလို့ထင်ပြီးတော့မှ ဂိုးပြန်ပေးလိုက်ရတာ တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်။” လို့ ဆိုးရှားက ဆိုပါတယ်။

ယူနိုက်တက်ဟာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ဘူးလို့ နော်ဝေနည်းပြက ဝန်ခံခဲ့သလို ပြိုင်ဘက်ကို ဘောလုံးပိုင်ဆိုင်မှု ၅၂% ပေးခဲ့ရပြီး ဘောလုံး ပေးပို့တာ တိကျမှုနဲ့ မှန်ကန်မှုတွေမှာလဲ ဆောက်သမ်တန်က သာနေခဲ့တာပါ။

“ဒီနေ့မှာ ကျွန်တော်တို့တွေ ၃မှတ်ရဖို့ မထိုက်တန်ခဲ့ဘူး၊ သူတို့တွေ ကောင်းကောင်းကစားခဲ့တယ်၊ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ ပေးပို့မှုတွေက စည်းချက် မညီခဲ့ဘူး၊ အထူးသဖြင့် ၂-၁ ဖြစ်ပြီးတဲ့နောက်မှာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့တွေ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး ကောင်းကောင်း တော့ ကစားနိုင်ခဲ့ပါတယ်။” လို့ ဆိုးရှားက ဆိုပါတယ်။

၁၉၉၃နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ပွဲ ဆက်တိုက် ပွဲထွက် ၁၁ယောက်စာရင်းကို အတူတူ ပြန်သုံးခဲ့တဲ့အတွက် အသင်းဟာ အနည်းငယ် ပင်ပန်းပုံပေါ်နေတယ်လို့ ထင်လားလို့ မေးမြန်းခဲ့ရာ ဆိုးလ်ရှားက “ကျွန်တော်တို့မှာလုံလောက်တဲ့ နားချိန် မရှိခဲ့ဘူး၊ ဒါက ကျွန်တော်တို့ အခွင့်အရေး မယူနိုင်ခဲ့တဲ့ နေ့တွေထဲက တစ်နေ့ပါပဲ။

ဒါပေမယ့် ပထမပိုင်းမှာ ဂရင်းဝုဒ်အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် အိုရီယိုရယ် အနီကဒ်ထိခဲ့သင့်တယ်ထင်တယ်၊ ကျွန်တော်သာဆို အဲ့နေရာမှာ ပြန်ထနိုင်မှာမဟုတ်ဘူး၊ ဆိုးဝါးတဲ့ကိစ္စဖြစ်ခဲ့ပေမယ့် VAR အကြောင်း ပြောတာ လုံလောက်ပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။