ဒီဂီယာ နဲ႕ အဆင္မေျပလို႔ ယူနုိက္တက္ကေန နႈတ္ထြက္သြားတဲ့ ဂိုးနည္းျပ
မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ ဂိုးသမားနည္းျပျဖစ္သူ အီမီလီယို အဲလ္ဗာရက္ဇ္ ဟာ ယူႏိုက္တက္အသင္းရဲ႕ နံပတ္တစ္ ဂိုးသမား ဒီဂီယာကို ဆက္လက္ နည္းမျပေတာ့ပဲ အသင္းကေနႏုတ္ထြက္သြားခဲ့ၿပီျဖစ္တယ္လို႔ သတင္းေတြထြက္လာခဲ့ပါတယ္။
အီမီလီယိုကေတာ့ ထို ဆုံးျဖတ္ခ်က္ဟာ သူ႔သေဘာဆႏၵနဲ႔ သူ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ဝန္ခံသြားခဲ့ၿပီး ကာရင္တန္ေလ့က်င့္ေရးကြင္းကေန သူ႔ကို ထုတ္ပယ္လိုက္တာဆိုတဲ့ အခ်က္ေတြကို ေတာ့ ပယ္ခ်သြားခဲ့တာျဖစ္ပါတယ္။ ဆက္လက္ၿပီး သူအခုလို ဂိုးသမားနည္းျပအျဖစ္ကေန ႏုတ္ထြက္ခဲ့ရတာဟာ စပိန္ဂိုးသမား ဒီဂီယာရဲ႕ ကိုယ္ေရးကိုယ္တာနဲ႔ ပေရာ္ဖက္ရွင္နယ္ မခြဲျခားႏိုင္ျဖစ္ခဲ့ရတဲ့ အခ်က္ေတြေၾကာင့္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီဂီယာကို ၿပီးခဲ့တဲ့စက္တင္ဘာလက စာခ်ဳပ္သက္တမ္း ထပ္မံတိုးျမႇင့္ခဲ့တာျဖစ္ၿပီး ေလးႏွစ္ စာခ်ဳပ္သက္တမ္း ထပ္မံ တိုးခဲ့တာေၾကာင့္ ဒီဂီယာဟာ ယူႏိုက္တက္အသင္းမွာ ဆယ္ႏွစ္ေက်ာ္ အတူကစားခြင့္ဆက္လက္ရရွိခဲ့တာျဖစ္ပါတယ္။ ဂိုးနည္းျပျဖစ္သူ အီမီလီယိုကို ေတာ့ ယခင္ယူႏိုက္တက္နည္းျပေဟာင္းျဖစ္သူ ေမာ္ရင္ညိဳ လက္ထက္တုန္းက ေခၚဆိုခဲ့တာျဖစ္ပါတယ္။
“ ယူႏိုက္တက္အသင္းဘက္ကေန ကြၽန္ေတာ့္ကို တာဝန္ကေနရပ္ဆိုင္းလိုက္တယ္ဆိုတာ မဟုတ္ပါဘူး။ တကယ္တမ္းက ယူႏိုက္တက္ အသင္း ဒီဂီယာကို စာခ်ဳပ္သက္တမ္းတိုးလိုက္ကတည္းက ကြၽန္ေတာ့္ကိုပါ အသင္းမွာဆက္ရွိေနဖို႔ ကမ္းလွမ္းခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္က ကလပ္အသင္း တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခြင့္ေတာင္းခဲ့ၿပီး အသင္းကေနထြက္ခြာခြင့္ျပဳဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ အစည္းအေဝးတုန္းကလည္း သူတို႔ ကြၽန္ေတာ့္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ေတာင္းဆိုခဲ့ပါေသးတယ္။ ကြၽန္ေတာ္က ယူႏိုက္တက္အသင္းမွာ ဆက္ရွိေနခ်င္ေပမယ့္ အသင္းကေနထြက္ခြာေတာ့မွာျဖစ္တယ္လို႔ျပန္ေျပာလိုက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီဂီယာကို ဆက္ၿပီး နည္းမျပေပးခ်င္ေတာ့တာေၾကာင့္ပါပဲ။အက္တလက္တီကို အသင္းမွာ သူ႔ကို နည္းေပးလမ္းျပလုပ္ခဲ့တာလဲ ကြၽန္ေတာ္ပါပဲ။
ယူႏိုက္တက္အသင္းနဲ႔ သူစာခ်ဳပ္ခ်ဳပ္ဖို႔ သူ႔ကို ေထာက္ခံအားေပးခဲ့တာကလည္း ကြၽန္ေတာ္ပါပဲ။ ေျပာရရင္ယူႏိုက္တက္အတြက္ ကြၽန္ေတာ္က ညာလက္႐ုန္းလိုျဖစ္ေနတာပါ။ ယူႏိုက္တက္အသင္းကို ကြၽန္ေတာ္ေရာက္လာခဲ့ရတာက ေမာ္ရင္ညိဳနဲ႔ ေဂ်ာ့မန္ဒက္စ္ တို႔ရဲ႕ ေက်းဇူးေတြေၾကာင့္ပါပဲ။ ေမာ္ရင္ညိဳကဒီဂီယာကို အသင္းမွာ ဆက္ထိန္းထားဖို႔ ဆႏၵရွိေနတဲ့ အခ်ိန္မွာ သူက အသင္းကထြက္ခ်င္ေနပါတယ္။
သုံးႏွစ္ေလာက္ ၾကိဳးႀကိဳးစားစားနဲ႔ သူယူႏိုက္တက္အသင္းအတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ကို ေဆြးေႏႊးခဲ့ရၿပီး သူ႔ကို ကမာၻ႔ လစာအမ်ားဆုံး ဂိုးသမား တစ္ေယာက္ျဖစ္ေအာင္ ကြၽန္ေတာ္ေက်ာေထာက္ေနာက္ခံျပဳေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ့္အေပၚ သူ သစၥာရွိမႈ ကင္းမဲ့ေနတယ္လို႔ ခံစားခဲ့ရပါတယ္။ သူအသင္းမွာ ဆက္ၿပီး ရွိေနဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနစဥ္မွာအျခားလူတစ္ေယာက္ ၾကားဝင္လာခဲ့ၿပီး အဲ့ဒါကို ကြၽန္ေတာ္မႀကိဳက္ဘူးလို႔ ေျပာခဲ့မိပါေသးတယ္။
ဒါဟာသစၥာမရွိတဲ့ လုပ္ရပ္တစ္ခုလို႔ ခံစားရပါတယ္။ ကြၽန္ေတာ္သူ႔ကို ေမးခဲ့ပါေသးတယ္ဘာလို႔ ငါ့ကို မေျပာရတာလဲဆိုၿပီးေတာ့ေပါ့။ ဒါေပမယ့္ သူက လူတိုင္းကို အေၾကာင္းစုံ လိုက္ေျပာမေနႏိုင္ဘူးလို႔ ျပန္ေျပာခဲ့တာပါ။ ဒါကြၽန္ေတာ့္ကို တိုက္႐ိုက္ေစာ္ကားလိုက္သလိုပါပဲ။
ကြၽန္ေတာ့္ ပေရာ္ဖက္ရွင္နယ္အလုပ္အတြက္ကြၽန္ေတာ္နားလည္ထားတာက တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မႈမရွိရင္ ဘယ္သူ႔ကိုမွ တိုးတက္ေအာင္ မလုပ္ေပးႏိုင္ဘူးဆိုတာပါပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္ ယူႏိုက္တက္အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ ” လို႔ အီမီလီယိုက AS သတင္းဌာနနဲ႔ ေတြ႕ဆုံမႈမွာ ေျပာၾကား သြားခဲ့ပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားနည်းပြဖြစ်သူ အီမီလီယို အဲလ်ဗာရက်ဇ် ဟာ ယူနိုက်တက်အသင်းရဲ့ နံပတ်တစ် ဂိုးသမား ဒီဂီယာကို ဆက်လက် နည်းမပြတော့ပဲ အသင်းကနေနုတ်ထွက်သွားခဲ့ပြီဖြစ်တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။
အီမီလီယိုကတော့ ထို ဆုံးဖြတ်ချက်ဟာ သူ့သဘောဆန္ဒနဲ့ သူ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပြီး ကာရင်တန်လေ့ကျင့်ရေးကွင်းကနေ သူ့ကို ထုတ်ပယ်လိုက်တာဆိုတဲ့ အချက်တွေကို တော့ ပယ်ချသွားခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး သူအခုလို ဂိုးသမားနည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ရတာဟာ စပိန်ဂိုးသမား ဒီဂီယာရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်နယ် မခွဲခြားနိုင်ဖြစ်ခဲ့ရတဲ့ အချက်တွေကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီဂီယာကို ပြီးခဲ့တဲ့စက်တင်ဘာလက စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ခဲ့တာဖြစ်ပြီး လေးနှစ် စာချုပ်သက်တမ်း ထပ်မံ တိုးခဲ့တာကြောင့် ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ ဆယ်နှစ်ကျော် အတူကစားခွင့်ဆက်လက်ရရှိခဲ့တာဖြစ်ပါတယ်။ ဂိုးနည်းပြဖြစ်သူ အီမီလီယိုကို တော့ ယခင်ယူနိုက်တက်နည်းပြဟောင်းဖြစ်သူ မော်ရင်ညို လက်ထက်တုန်းက ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။
“ ယူနိုက်တက်အသင်းဘက်ကနေ ကျွန်တော့်ကို တာဝန်ကနေရပ်ဆိုင်းလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တမ်းက ယူနိုက်တက် အသင်း ဒီဂီယာကို စာချုပ်သက်တမ်းတိုးလိုက်ကတည်းက ကျွန်တော့်ကိုပါ အသင်းမှာဆက်ရှိနေဖို့ ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော်က ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်တောင်းခဲ့ပြီး အသင်းကနေထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အစည်းအဝေးတုန်းကလည်း သူတို့ ကျွန်တော့်ကို စာချုပ်သက်တမ်းတိုးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ကျွန်တော်က ယူနိုက်တက်အသင်းမှာ ဆက်ရှိနေချင်ပေမယ့် အသင်းကနေထွက်ခွာတော့မှာဖြစ်တယ်လို့ပြန်ပြောလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဂီယာကို ဆက်ပြီး နည်းမပြပေးချင်တော့တာကြောင့်ပါပဲ။အက်တလက်တီကို အသင်းမှာ သူ့ကို နည်းပေးလမ်းပြလုပ်ခဲ့တာလဲ ကျွန်တော်ပါပဲ။
ယူနိုက်တက်အသင်းနဲ့ သူစာချုပ်ချုပ်ဖို့ သူ့ကို ထောက်ခံအားပေးခဲ့တာကလည်း ကျွန်တော်ပါပဲ။ ပြောရရင်ယူနိုက်တက်အတွက် ကျွန်တော်က ညာလက်ရုန်းလိုဖြစ်နေတာပါ။ ယူနိုက်တက်အသင်းကို ကျွန်တော်ရောက်လာခဲ့ရတာက မော်ရင်ညိုနဲ့ ဂျော့မန်ဒက်စ် တို့ရဲ့ ကျေးဇူးတွေကြောင့်ပါပဲ။ မော်ရင်ညိုကဒီဂီယာကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေတဲ့ အချိန်မှာ သူက အသင်းကထွက်ချင်နေပါတယ်။
သုံးနှစ်လောက် ကြိုးကြိုးစားစားနဲ့ သူယူနိုက်တက်အသင်းအတွက် စာချုပ်သစ်ချုပ်ဖို့ကို ဆွေးနွှေးခဲ့ရပြီး သူ့ကို ကမ္ဘာ့ လစာအများဆုံး ဂိုးသမား တစ်ယောက်ဖြစ်အောင် ကျွန်တော်ကျောထောက်နောက်ခံပြုပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့်အပေါ် သူ သစ္စာရှိမှု ကင်းမဲ့နေတယ်လို့ ခံစားခဲ့ရပါတယ်။ သူအသင်းမှာ ဆက်ပြီး ရှိနေဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေစဉ်မှာအခြားလူတစ်ယောက် ကြားဝင်လာခဲ့ပြီး အဲ့ဒါကို ကျွန်တော်မကြိုက်ဘူးလို့ ပြောခဲ့မိပါသေးတယ်။
ဒါဟာသစ္စာမရှိတဲ့ လုပ်ရပ်တစ်ခုလို့ ခံစားရပါတယ်။ ကျွန်တော်သူ့ကို မေးခဲ့ပါသေးတယ်ဘာလို့ ငါ့ကို မပြောရတာလဲဆိုပြီးတော့ပေါ့။ ဒါပေမယ့် သူက လူတိုင်းကို အကြောင်းစုံ လိုက်ပြောမနေနိုင်ဘူးလို့ ပြန်ပြောခဲ့တာပါ။ ဒါကျွန်တော့်ကို တိုက်ရိုက်စော်ကားလိုက်သလိုပါပဲ။
ကျွန်တော့် ပရော်ဖက်ရှင်နယ်အလုပ်အတွက်ကျွန်တော်နားလည်ထားတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင် ဘယ်သူ့ကိုမှ တိုးတက်အောင် မလုပ်ပေးနိုင်ဘူးဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော် ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ” လို့ အီမီလီယိုက AS သတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ပြောကြား သွားခဲ့ပါတယ်။
