ျမန္မာေရႊ႔ေျပာင္းလုပ္သားမ်ား တရားမဝင္ ဝင္လို႔မရေအာင္ ထိုင္းဘက္က နယ္စပ္ လံုျခံဳးေရးတိုးျမွင့္

ထိုင္းႏိုင္ငံဟာ တရားမဝင္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ား ၄င္းတို႔ တိုင္းျပည္ထံ မဝင္လာေစေရးႏွင့္ COVID-19 ေရာဂါပ်ံ႕ႏွံ႔မည့္ အေရး စိုးရိမ္ေသာေၾကာင့္ ျမန္မာႏိုင္ငံနယ္စပ္သို႔ ကင္းလွည့္ရန္ တပ္ဖြဲ႕ဝင္ရာႏွင့္ခ်ီ၍ ေစလႊတ္ထားေၾကာင္း ထိုင္းလူဝင္မႈႀကီးၾကပ္ေရးဌာနက ေၾကညာလိုက္သည္။

စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ နယ္စပ္ၿမိဳ႕ျဖစ္ေသာ မဲေဆာက္မွ အစိုးရအရာရွိမ်ားက ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံၾကား ပိုင္းျခားထားေသာ အဓိကေဒသ ႏွစ္ခုျဖစ္သည့္ မဲေခါင္ျမစ္ႏွင့္ ေတာအုပ္မ်ားတစ္ေလွ်ာက္တြင္ စစ္ေဆးမႈမ်ားျပဳလုပ္ေနသည္။

ဗိုင္းရပ္စ္ေၾကာင့္ ေလာ့ခ္ ေဒါင္းခ်ထားမႈအတြင္း နယ္စပ္ကို ပိတ္ထားေသာ္လည္း ျမန္မာလုပ္ သားမ်ား တရားမဝင္လာေရာက္ မႈမ်ားရွိေၾကာင္း ၾကားသိထား သည္ဟု ထိုင္း COVID-19 အ ေျခအေန စီမံခန႔္ခြဲေရးစင္တာ CCSA က ေျပာၾကားသည္။

‘‘ ကြၽန္ေတာ္တို႔မွာ ေဒသတြင္း ေရာဂါကူးစက္မႈ မရွိတာ ရက္ ၅၀ ရွိပါၿပီ။ အဝင္ ေလေၾကာင္းခရီးစဥ္ေတြကို ပိတ္ထားတုန္းပဲျဖစ္တာေၾကာင့္ ေရာဂါကူးစက္မႈ ဒုတိယလႈိင္းဟာ အဲဒီနယ္စပ္ကို တရားမဝင္ျဖတ္ၿပီး ထိုင္းႏိုင္ငံထဲဝင္လာတဲ့ လူေတြဆီက ထြက္ေပၚလာဖြယ္ရွိပါတယ္’’ ဟု CCSA ေျပာေရးဆိုခြင့္ရွိသူ တာ ဝီဆင္းဗီဆာႏုယိုသင္းက ေျပာၾကားသည္။

ထိုင္းႏိုင္ငံတြင္ စီပြားေရး လုပ္ငန္းမ်ားအား ပိတ္ပင္ထားမႈမ်ားကို ေျဖေလွ်ာ့ရာတြင္ ပၪၥမအဆင့္သို႔ ဝင္ေရာက္လာေနၿပီျဖစ္ကာ ေဈးေပါေသာ အလုပ္သမား ရလိုအား ျမင့္တက္ေနမႈႏွင့္အတူ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားသည္ ထိုင္းႏိုင္ငံသို႔ ဝင္ရာက္ရန္ နည္းလမ္းမ်ားရွာေဖြ ေနၾကေၾကာင္း တာဝီဆင္းက ေျပာၾကားသည္။

မိမိတို႔နယ္စပ္သည္ ရႈပ္ေထြးၿပီး လုံၿခဳံမႈမရွိေသာေၾကာင့္ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူ မ်ားဝင္ေရာက္မႈကို တားဆီးေရး နယ္စပ္တပ္ဖြဲ႕မ်ားအတြက္ စိန္ ေခၚမႈတစ္ရပ္ျဖစ္ေနေၾကာင္း တာ ဝီဆင္းက ျဖည့္စြက္ေျပာၾကားသည္။

ထိုင်းနိုင်ငံဟာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ ၎င်းတို့ တိုင်းပြည်ထံ မဝင်လာစေရေးနှင့် COVID-19 ရောဂါပျံ့နှံ့မည့် အရေး စိုးရိမ်သောကြောင့် မြန်မာနိုင်ငံနယ်စပ်သို့ ကင်းလှည့်ရန် တပ်ဖွဲ့ဝင်ရာနှင့်ချီ၍ စေလွှတ်ထားကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာလိုက်သည်။

စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်စပ်မြို့ဖြစ်သော မဲဆောက်မှ အစိုးရအရာရှိများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ပိုင်းခြားထားသော အဓိကဒေသ နှစ်ခုဖြစ်သည့် မဲခေါင်မြစ်နှင့် တောအုပ်များတစ်လျှောက်တွင် စစ်ဆေးမှုများပြုလုပ်နေသည်။

ဗိုင်းရပ်စ်ကြောင့် လော့ခ် ဒေါင်းချထားမှုအတွင်း နယ်စပ်ကို ပိတ်ထားသော်လည်း မြန်မာလုပ် သားများ တရားမဝင်လာရောက် မှုများရှိကြောင်း ကြားသိထား သည်ဟု ထိုင်း COVID-19 အ ခြေအနေ စီမံခန့်ခွဲရေးစင်တာ CCSA က ပြောကြားသည်။

‘‘ ကျွန်တော်တို့မှာ ဒေသတွင်း ရောဂါကူးစက်မှု မရှိတာ ရက် ၅၀ ရှိပါပြီ။ အဝင် လေကြောင်းခရီးစဉ်တွေကို ပိတ်ထားတုန်းပဲဖြစ်တာကြောင့် ရောဂါကူးစက်မှု ဒုတိယလှိုင်းဟာ အဲဒီနယ်စပ်ကို တရားမဝင်ဖြတ်ပြီး ထိုင်းနိုင်ငံထဲဝင်လာတဲ့ လူတွေဆီက ထွက်ပေါ်လာဖွယ်ရှိပါတယ်’’ ဟု CCSA ပြောရေးဆိုခွင့်ရှိသူ တာ ဝီဆင်းဗီဆာနုယိုသင်းက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် စီပွားရေး လုပ်ငန်းများအား ပိတ်ပင်ထားမှုများကို ဖြေလျှော့ရာတွင် ပဉ္စမအဆင့်သို့ ဝင်ရောက်လာနေပြီဖြစ်ကာ ဈေးပေါသော အလုပ်သမား ရလိုအား မြင့်တက်နေမှုနှင့်အတူ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် ထိုင်းနိုင်ငံသို့ ဝင်ရာက်ရန် နည်းလမ်းများရှာဖွေ နေကြကြောင်း တာဝီဆင်းက ပြောကြားသည်။

မိမိတို့နယ်စပ်သည် ရှုပ်ထွေးပြီး လုံခြုံမှုမရှိသောကြောင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ များဝင်ရောက်မှုကို တားဆီးရေး နယ်စပ်တပ်ဖွဲ့များအတွက် စိန် ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း တာ ဝီဆင်းက ဖြည့်စွက်ပြောကြားသည်။