စပိန္သား တိုက္စစ္သမားကို ေခၚဖို႔ ထိပ္တိုက္ေတြ႔ေတာ့မယ့္ စီးတီးနဲ႕ ယူနုိက္တက္

မန္ခ်က္စတာ ျမိဳ႔ခံနွစ္သင္း ျဖစ္တဲ့ ယူႏိုက္တက္ အသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ ဆိုစီဒက္ တိုက္စစ္ကစားသမား အိုယာဇာဘယ္လ္ ကို ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ လက္မွတ္ထိုးေခၚယူရန္ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ ဆိုစီဒက္အသင္းအတြက္ ေျခစြမ္းျပေနသူျဖစ္ပါတယ္။ သူဟာ ဒီရာသီ အသင္း အတြက္ ၿပိဳင္ပြဲစုံ (၄၂) ပြဲကစားထားၿပီး (၁၂) ဂိုးသြင္း (၁၂) ဂိုးဖန္တီးေပးထားပါတယ္။

အိုယာဇာဘယ္လ္ဟာ ဆိုစီဒက္အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးေပမယ့္ စပိန္သတင္းဌာန အဆိုအရ စပိန္လက္ေ႐ြးစင္ ကစားသမားဟာ ၂၀၂၀-၂၁ ေဘာလုံးရာသီမတိုင္ခင္ အသင္းက ထြက္ခြာဖြယ္ရွိတယ္လို႔ သိရပါတယ္။

အိုယာဇာဘယ္လ္ ကို ယူႏိုက္တက္ နဲ႔ မန္စီးတီး (၂) သင္းစလုံးက စိတ္ဝင္စားေနၾကၿပီး လာမယ့္ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ တိုက္စစ္ အင္အားကို ျမႇင့္တင္ခ်င္ေနၾကတာ ျဖစ္ပါတယ္။

အိုယာဇာဘယ္လ္ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ေပါင္ ၆၄ သန္း ရွိေသာ္လည္း လက္ရွိကာလတန္ေၾကးဟာ ေပါင္ ၄၅ သန္း ပဲ ရွိတယ္လို႔ သိရပါတယ္။ တိုက္စစ္ကစားသမားဟာ ဒီႏွစ္ စပိန္လာလီဂါမွာ (၃၅) ပြဲကစားထားၿပီး (၁၀) ဂိုးသြင္း (၁၁) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။

Uni – မန်ချက်စတာ မြို့ခံနှစ်သင်း ဖြစ်တဲ့ ယူနိုက်တက် အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ဆိုစီဒက် တိုက်စစ်ကစားသမား အိုယာဇာဘယ်လ် ကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ လက်မှတ်ထိုးခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဆိုစီဒက်အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပါတယ်။ သူဟာ ဒီရာသီ အသင်း အတွက် ပြိုင်ပွဲစုံ (၄၂) ပွဲကစားထားပြီး (၁၂) ဂိုးသွင်း (၁၂) ဂိုးဖန်တီးပေးထားပါတယ်။

အိုယာဇာဘယ်လ်ဟာ ဆိုစီဒက်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် စပိန်သတင်းဌာန အဆိုအရ စပိန်လက်ရွေးစင် ကစားသမားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမတိုင်ခင် အသင်းက ထွက်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။

အိုယာဇာဘယ်လ် ကို ယူနိုက်တက် နဲ့ မန်စီးတီး (၂) သင်းစလုံးက စိတ်ဝင်စားနေကြပြီး လာမယ့် အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ် အင်အားကို မြှင့်တင်ချင်နေကြတာ ဖြစ်ပါတယ်။

အိုယာဇာဘယ်လ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၆၄ သန်း ရှိသော်လည်း လက်ရှိကာလတန်ကြေးဟာ ပေါင် ၄၅ သန်း ပဲ ရှိတယ်လို့ သိရပါတယ်။ တိုက်စစ်ကစားသမားဟာ ဒီနှစ် စပိန်လာလီဂါမှာ (၃၅) ပွဲကစားထားပြီး (၁၀) ဂိုးသွင်း (၁၁) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။