အိုးထရက္ဖို႔ဒ္က ရွံဳးေၾကြး ျပန္ဆပ္ခဲ့ျခင္း (သို႔မဟုတ္) ပဲေလ့စ္ ၀-၂ ယူနုိက္တက္
မန္ယူႏိုက္တက္အသင္းကေတာ့ ဒီတစ္ပတ္ပြဲစဥ္မွာ ခရစ္စတယ္ပဲေလ့စ္အသင္းကို အမွားအယြင္းမရွိ အႏိုင္ကစားႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီး၊ လက္စတာတို႔နဲ႔အၿပိဳင္ ထပ္ၾကပ္မကြာလိုက္ႏိုင္ခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးပါဆုံးအခ်ိန္ကို ေရာက္ေနခ်ိန္မွာ နည္းျပဆိုးရွားဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပသခဲ့တဲ့ အထိုင္ကိုမဖ်က္ဘဲ ပြဲထုတ္လာခဲ့တယ္။
လုခ္ေရွာနဲ႔ ဘရန္ဒန္ဝီလီယံစ္တို႔ ႏွစ္ဦးစလုံး ဒဏ္ရာရေနတဲ့ ဘယ္ေနာက္ခံလူေနရာမွာ ဖိုဆူ-မန္ဆာကို သုံးခဲ့တာကလြဲရင္ ဝါရင့္ကြင္းလယ္ ကစားသမားႀကီး မာတစ္ ကို အနားေပးၿပီး မက္တြန္မီေနးကို ပြဲထုတ္ခဲ့တာကလြဲရင္ အေျပာင္းအလဲမရွိခဲ့ပါဘူး။
တန္းဆင္းဇုန္အႏၲရာယ္ကေန လြတ္ကင္းခဲ့ၿပီျဖစ္တဲ့ ခရစ္စတယ္ပဲေလ့စ္ကလည္း ဘာေမွ်ာ္လင့္ခ်က္မွ မရွိေတာ့ေပမဲ့ အိမ္ကြင္းမွာ မန္ယူႏိုက္တက္ အသင္းကို အေကာင္းဆုံးရင္ဆိုင္ကစားႏိုင္ခဲ့ပါတယ္။ ပဲေလ့စ္က ယူႏိုက္တက္ရဲ႕ အထေနွးတတ္တဲ့ ကစားဟန္ကို အခြင့္ေကာင္းယူႏိုင္ဖို႔ တိုက္စစ္ဆင္မႈေတြ လုပ္ေဆာင္ႏိုင္ခဲ့သလို ကစားပုံမွာလည္း မာေက်ာေနခဲ့လို႔ ယူႏိုက္တက္တို႔ သြင္းဂိုးရဖို႔ ခက္ခဲခဲ့ရပါတယ္။
ကစားသမားေဟာင္းဇာဟာကလည္း ပထမပိုင္းမွာ ယူႏိုက္တက္ခံစစ္ကို ေမႊေႏွာက္ႏိုင္ခဲ့ၿပီး ဒီဂီယာ ကာကြယ္မႈေတြ ေကာင္းခဲ့လို႔သာ ဂိုး မေပးခဲ့ရတာျဖစ္သလို (၄၄)မိနစ္ခန္႔ မွာလည္း ဇာဟာကို လင္ဒီေလာ့က ဧရိယာထဲမွာ ကစားပုံၾကမ္းမိခဲ့တာကို ပင္နယ္တီမသတ္မွတ္ေပးခဲ့လို႔ ပဲေလ့စ္တို႔ နစ္နာခဲ့ရပါတယ္။ ေျခသိပ္မေပၚခဲ့တဲ့ ယူႏိုက္တက္က ပထမပိုင္းရဲ႕နာက်င္အခ်ိန္ပိုမွာပဲ ဦးေဆာင္ဂိုးကို ပိုင္ဆိုင္ခဲ့ရၿပီး ရပ္ဖိုဒ့္က သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
ပထမပိုင္းကတည္းက ကစားပုံေကာင္းမြန္လို႔ေနတဲ့ ပဲေလ့စ္အသင္းဟာ ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာလည္း ယူႏိုက္တက္ဘက္ကို ဖိအားေတြေပးႏိုင္ခဲ့ၿပီး (၅၅)မိနစ္ေလာက္မွာပဲ ဇာဟာရဲ႕ေပးပို႔မႈကေန အယူးက ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ရာမွာေတာ့ လူကြၽံေနလို႔ ျပန္လည္ပယ္ဖ်က္ခံခဲ့ရပါတယ္။ ပြဲကစားခ်ိန္(၇၈)မိနစ္မွာ ရပ္ဖိုဒ့္ရဲ႕ေပးပို႔မႈကေနတစ္ဆင့္ မာရွယ္လ္က အႏိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။
မန္ယူႏိုက္တက္အတြက္ေတာ့ ဒီေန႔ပြဲမွာ ခက္ခဲမႈေတြ ရွိခဲ့ေပမဲ့လည္း ကစားသမားေတြရဲ႕ အေကာင္းဆုံးအားထုတ္မႈေတြက ႏိုင္ပြဲတစ္ပြဲကို ျဖစ္လာေစခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းပြဲစဥ္ေတြမွာလည္း အေကာင္းဆုံး ေလွ်ာက္လွမ္းသြားႏိုင္ဖို႔ အားတစ္ခု ျဖစ္ေစခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ ယူနိုက္တက္တို႔ အနီးစပ္ဆုံး ဖိအားေပးနုိင္ဆဲ ျဖစ္ပါတယ္။
Uni – မန်ယူနိုက်တက်အသင်းကတော့ ဒီတစ်ပတ်ပွဲစဉ်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းကို အမှားအယွင်းမရှိ အနိုင်ကစားနိုင်ခဲ့ပြီး ချဲလ်ဆီး၊ လက်စတာတို့နဲ့အပြိုင် ထပ်ကြပ်မကွာလိုက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါဆုံးအချိန်ကို ရောက်နေချိန်မှာ နည်းပြဆိုးရှားဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ တောက်လျှောက်ခြေစွမ်းပြသခဲ့တဲ့ အထိုင်ကိုမဖျက်ဘဲ ပွဲထုတ်လာခဲ့တယ်။
လုခ်ရှောနဲ့ ဘရန်ဒန်ဝီလီယံစ်တို့ နှစ်ဦးစလုံး ဒဏ်ရာရနေတဲ့ ဘယ်နောက်ခံလူနေရာမှာ ဖိုဆူ-မန်ဆာကို သုံးခဲ့တာကလွဲရင် ဝါရင့်ကွင်းလယ် ကစားသမားကြီး မာတစ် ကို အနားပေးပြီး မက်တွန်မီနေးကို ပွဲထုတ်ခဲ့တာကလွဲရင် အပြောင်းအလဲမရှိခဲ့ပါဘူး။
တန်းဆင်းဇုန်အန္တရာယ်ကနေ လွတ်ကင်းခဲ့ပြီဖြစ်တဲ့ ခရစ်စတယ်ပဲလေ့စ်ကလည်း ဘာမျှော်လင့်ချက်မှ မရှိတော့ပေမဲ့ အိမ်ကွင်းမှာ မန်ယူနိုက်တက် အသင်းကို အကောင်းဆုံးရင်ဆိုင်ကစားနိုင်ခဲ့ပါတယ်။ ပဲလေ့စ်က ယူနိုက်တက်ရဲ့ အထနှေးတတ်တဲ့ ကစားဟန်ကို အခွင့်ကောင်းယူနိုင်ဖို့ တိုက်စစ်ဆင်မှုတွေ လုပ်ဆောင်နိုင်ခဲ့သလို ကစားပုံမှာလည်း မာကျောနေခဲ့လို့ ယူနိုက်တက်တို့ သွင်းဂိုးရဖို့ ခက်ခဲခဲ့ရပါတယ်။
ကစားသမားဟောင်းဇာဟာကလည်း ပထမပိုင်းမှာ ယူနိုက်တက်ခံစစ်ကို မွှေနှောက်နိုင်ခဲ့ပြီး ဒီဂီယာ ကာကွယ်မှုတွေ ကောင်းခဲ့လို့သာ ဂိုး မပေးခဲ့ရတာဖြစ်သလို (၄၄)မိနစ်ခန့် မှာလည်း ဇာဟာကို လင်ဒီလော့က ဧရိယာထဲမှာ ကစားပုံကြမ်းမိခဲ့တာကို ပင်နယ်တီမသတ်မှတ်ပေးခဲ့လို့ ပဲလေ့စ်တို့ နစ်နာခဲ့ရပါတယ်။ ခြေသိပ်မပေါ်ခဲ့တဲ့ ယူနိုက်တက်က ပထမပိုင်းရဲ့နာကျင်အချိန်ပိုမှာပဲ ဦးဆောင်ဂိုးကို ပိုင်ဆိုင်ခဲ့ရပြီး ရပ်ဖိုဒ့်က သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းကတည်းက ကစားပုံကောင်းမွန်လို့နေတဲ့ ပဲလေ့စ်အသင်းဟာ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ယူနိုက်တက်ဘက်ကို ဖိအားတွေပေးနိုင်ခဲ့ပြီး (၅၅)မိနစ်လောက်မှာပဲ ဇာဟာရဲ့ပေးပို့မှုကနေ အယူးက ချေပဂိုးသွင်းယူခဲ့ပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ရာမှာတော့ လူကျွံနေလို့ ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။ ပွဲကစားချိန်(၇၈)မိနစ်မှာ ရပ်ဖိုဒ့်ရဲ့ပေးပို့မှုကနေတစ်ဆင့် မာရှယ်လ်က အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
မန်ယူနိုက်တက်အတွက်တော့ ဒီနေ့ပွဲမှာ ခက်ခဲမှုတွေ ရှိခဲ့ပေမဲ့လည်း ကစားသမားတွေရဲ့ အကောင်းဆုံးအားထုတ်မှုတွေက နိုင်ပွဲတစ်ပွဲကို ဖြစ်လာစေခဲ့တာဖြစ်ပြီး နောက်ပိုင်းပွဲစဉ်တွေမှာလည်း အကောင်းဆုံး လျှောက်လှမ်းသွားနိုင်ဖို့ အားတစ်ခု ဖြစ်စေခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ယူနိုက်တက်တို့ အနီးစပ်ဆုံး ဖိအားပေးနိုင်ဆဲ ဖြစ်ပါတယ်။