ယူနုိက္တက္ ျပံဳးဖို႔ အခြင့္ရခဲ့ျပီလို႔ ေၾကြးေၾကာ္လိုက္တဲ့ နည္းျပ ဆိုးရွား

အိုလီဂန္နာဆိုးလ္ရွားဟာ ပဲေလ့စ္ကို အႏိုင္ရရွိၿပီးေနာက္ ၎ရဲ႕ ထူးျခားေကာင္းမြန္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကို ခ်ီးက်ဴးခဲ့ၿပီး ကစားသမားေတြအေနနဲ႔ ၿပဳံးႏိုင္ဖို႔ အခြင့္အေရးရခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ေဆာက္သမ္တန္ကို ၂-၂ နဲ႔ သေရက်ခဲ့တဲ့ စိတ္ပ်က္စရာေတြကိုခ်န္ရစ္ထားခဲ့ၿပီး မေန႔ကပြဲမွာ အေရးပါတဲ့အႏိုင္၃မွတ္ ရယူႏိုင္ခဲ့တာပါ။ ဆိုးလ္ရွားရဲ႕အသင္းဟာ ထိပ္ဆုံးေလးသင္းထဲ ဝင္ဖို႔အတြက္ ခ်ဲလ္ဆီး၊ လက္စတာတို႔ကို ဆက္လက္ဖိအားေပးႏိုင္ေအာင္ ႏိုင္ပြဲရရွိဖို႔ လိုအပ္ခဲ့တာနဲ႔အတူ ရက္ရွ္ဖို႔ဒ္၊ မာရွယ္တို႔ရဲ႕ ဂိုးေတြနဲ႔ဆဲဟက္ပက္ခ္မွာ ၂-၀နဲ႔ အႏိုင္ရခဲ့ပါတယ္။

အခုဆိုရင္ သရဲနီေတြဟာရႈံးပြဲမရွိ ၁၉ပြဲ ရွိၿပီျဖစ္ၿပီး သူတို႔အေနနဲ႔ ေနာက္ထပ္၂ပြဲကိုႏိုင္ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္၁ေနရာရရွိဖို႔ အာမခံႏိုင္မွာျဖစ္သလို ခက္ခဲတဲ့ စမ္းသပ္မႈကို ေက်ာ္ျဖတ္ႏိုင္ခဲ့လို႔ ဆိုးလ္ရွားက ေက်နပ္ေနပါတယ္။

“ဒါက ခက္ခဲတဲ့ပြဲျဖစ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ေပးပို႔မႈေတြမွာ ရစ္သမ္ေကာင္းေကာင္းမရခဲ့ေပမယ့္ သိပ္ေကာင္းတဲ့ဂိုး၂ဂိုးက ႏိုင္ပြဲရရွိေစခဲ့တယ္၊ ရက္ရွ္ဖို႔ဒ္ရဲ႕ဂိုးအတြက္ အဆုံးသတ္ပုံက အရမ္းေကာင္းခဲ့ပါတယ္၊ ဒါေပမယ့္ အဲ့ဒါက build-up မွာ လ်င္ျမန္တဲ့ ေနရာလဲ ေပးပို႔မႈျဖစ္ခဲ့တယ္၊ ကြၽန္ေတာ္တို႔ အဲ့ဒါကို လုံလုံေလာက္ေလာက္ မလုပ္ခဲ့ဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ထိန္းသိမ္းရခက္တယ္ေလ၊ သူတို႔ကိုယ္သူတို႔ ပိုၿပီးယုံၾကည္မႈရွိဖို႔လိုတယ္၊

လင္ဒီေလာ့ဖ္က အရင္ဆုံး ေဘာလုံးကိုကန္ခဲ့သလို ျဖစ္ခဲ့ၿပီး ဒါက ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ျဖစ္ေပမယ့္ မာရွယ္အတြက္လဲအတူတူပါပဲ၊ အဲ့ဒါက ပင္နယ္တီလို႔မထင္ပါဘူး၊ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔က သူတို႔ကိုယ္သူတို႔ ေက်နပ္ေနၾကတယ္၊ သူတို႔ေတြ ေနရာလဲဖို႔ ကြင္းထဲမွာ သြားတဲ့အခါ သူတို႔ေတြက ၿပဳံးေနၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္လဲ ကာကြယ္ေပးၾကတယ္၊ ကြၽန္ေတာ္တို႔ ၿပဳံးၿပီးေတာ့ သြားဖို႔လိုပါတယ္၊ ကြၽန္ေတာ္တို႔မွာ အဲ့လိုအခြင့္အေရးရခဲ့ၿပီ၊

ကြၽန္ေတာ္တို႔ေတြ ထိပ္ဆုံးေလးေနရာအတြက္ စိန္ေခၚလိမ့္မယ္ဆိုတာ ဇန္နဝါရီမွာ ဘယ္သူမွ မေတြးခဲ့ၾကဘူး၊ ရာသီျပန္စၿပီးထဲ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ခဲ့တယ္၊ ဒါက ယူႏိုက္တက္ပါပဲ၊ ကြၽန္ေတာ္တို႔ေတြအရွိန္ျမႇင့္တင္ၿပီး ကိုယ္ရဲ႕အရည္အေသြးကို ျပသဖို႔လိုတယ္”လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Uni – အိုလီဂန်နာဆိုးလ်ရှားဟာ ပဲလေ့စ်ကို အနိုင်ရရှိပြီးနောက် ၎င်းရဲ့ ထူးခြားကောင်းမွန်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချီးကျူးခဲ့ပြီး ကစားသမားတွေအနေနဲ့ ပြုံးနိုင်ဖို့ အခွင့်အရေးရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆောက်သမ်တန်ကို ၂-၂ နဲ့ သရေကျခဲ့တဲ့ စိတ်ပျက်စရာတွေကိုချန်ရစ်ထားခဲ့ပြီး မနေ့ကပွဲမှာ အရေးပါတဲ့အနိုင်၃မှတ် ရယူနိုင်ခဲ့တာပါ။ ဆိုးလ်ရှားရဲ့အသင်းဟာ ထိပ်ဆုံးလေးသင်းထဲ ဝင်ဖို့အတွက် ချဲလ်ဆီး၊ လက်စတာတို့ကို ဆက်လက်ဖိအားပေးနိုင်အောင် နိုင်ပွဲရရှိဖို့ လိုအပ်ခဲ့တာနဲ့အတူ ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့ရဲ့ ဂိုးတွေနဲ့ဆဲဟက်ပက်ခ်မှာ ၂-ဝနဲ့ အနိုင်ရခဲ့ပါတယ်။

အခုဆိုရင် သရဲနီတွေဟာရှုံးပွဲမရှိ ၁၉ပွဲ ရှိပြီဖြစ်ပြီး သူတို့အနေနဲ့ နောက်ထပ်၂ပွဲကိုနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်၁နေရာရရှိဖို့ အာမခံနိုင်မှာဖြစ်သလို ခက်ခဲတဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့လို့ ဆိုးလ်ရှားက ကျေနပ်နေပါတယ်။

“ဒါက ခက်ခဲတဲ့ပွဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပေးပို့မှုတွေမှာ ရစ်သမ်ကောင်းကောင်းမရခဲ့ပေမယ့် သိပ်ကောင်းတဲ့ဂိုး၂ဂိုးက နိုင်ပွဲရရှိစေခဲ့တယ်၊ ရက်ရှ်ဖို့ဒ်ရဲ့ဂိုးအတွက် အဆုံးသတ်ပုံက အရမ်းကောင်းခဲ့ပါတယ်၊ ဒါပေမယ့် အဲ့ဒါက build-up မှာ လျင်မြန်တဲ့ နေရာလဲ ပေးပို့မှုဖြစ်ခဲ့တယ်၊ ကျွန်တော်တို့ အဲ့ဒါကို လုံလုံလောက်လောက် မလုပ်ခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့က ထိန်းသိမ်းရခက်တယ်လေ၊ သူတို့ကိုယ်သူတို့ ပိုပြီးယုံကြည်မှုရှိဖို့လိုတယ်၊

လင်ဒီလော့ဖ်က အရင်ဆုံး ဘောလုံးကိုကန်ခဲ့သလို ဖြစ်ခဲ့ပြီး ဒါက ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ပေမယ့် မာရှယ်အတွက်လဲအတူတူပါပဲ၊ အဲ့ဒါက ပင်နယ်တီလို့မထင်ပါဘူး၊ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့က သူတို့ကိုယ်သူတို့ ကျေနပ်နေကြတယ်၊ သူတို့တွေ နေရာလဲဖို့ ကွင်းထဲမှာ သွားတဲ့အခါ သူတို့တွေက ပြုံးနေကြပြီး တစ်ယောက်နဲ့တစ်ယောက်လဲ ကာကွယ်ပေးကြတယ်၊ ကျွန်တော်တို့ ပြုံးပြီးတော့ သွားဖို့လိုပါတယ်၊ ကျွန်တော်တို့မှာ အဲ့လိုအခွင့်အရေးရခဲ့ပြီ၊

ကျွန်တော်တို့တွေ ထိပ်ဆုံးလေးနေရာအတွက် စိန်ခေါ်လိမ့်မယ်ဆိုတာ ဇန်နဝါရီမှာ ဘယ်သူမှ မတွေးခဲ့ကြဘူး၊ ရာသီပြန်စပြီးထဲ ကျွန်တော်တို့ ကောင်းကောင်းလုပ်ခဲ့တယ်၊ ဒါက ယူနိုက်တက်ပါပဲ၊ ကျွန်တော်တို့တွေအရှိန်မြှင့်တင်ပြီး ကိုယ်ရဲ့အရည်အသွေးကို ပြသဖို့လိုတယ်”လို့ ဆိုးလ်ရှားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။