ယူနိုက္တက္ အတြက္ အစားထိုးဖို႔ ခက္ခဲတဲ့ ကစားသမားကို မေမ့ဖို႔ ဖာဒီနန္ သတိေပး
ယူနိုက္တက္ ဂႏၴဝင္ ကစားသမားႀကီး ရီယိုဖာဒီနန္ကေတာ့ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဂ္ဘာဟာ အစားထိုးဖို႔ ခက္ခဲတဲ့ ကစားသမား ျဖစ္ၿပီး မန္ယူႏိုက္တက္ အသင္းအေနနဲ႔ ဆက္လက္ထိန္းသိမ္းသြားရလိမ့္မယ္လို႔ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။
ျပင္သစ္သားဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ေတြ တေလွ်ာက္လုံး ရီးရဲလ္မက္ဒရစ္၊ ယူဗင္တပ္အသင္းတို႔နဲ႔ သတင္းေတြ အဆက္မျပတ္ ထြက္ေပၚ ခဲ့သူ ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ သရဲနီတို႔အတြက္ ေျခစြမ္းျပ ကစားေနပါတယ္။
ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့ၿပီးေနာက္ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ အေကာင္းဆုံး တြဲဖက္ ကစားေနတဲ့ အသက္ ၂၇ႏွစ္သားကို ယူနိုက္တက္ အေနနဲ႔ ၅ႏွစ္ သက္တမ္းရွိစာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုႏိုင္ေတာ့မယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။
ေပါလ္ေပါ့ဘာကိုသာ မန္ယူႏိုက္တက္အသင္း လက္လႊတ္ခဲ့ရရင္ ေဈးကြက္ထဲမွာ ဒီလိုကစားသမားမ်ိဳး ရွာေဖြရ ခက္ခဲလိမ့္မယ္လို႔ ဖာဒီနန္က သတိေပး လာခဲ့တာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ ဆက္ထိန္းထားႏိုင္ဖို႔အတြက္ နည္းလမ္းမ်ိဳးစုံနဲ႔ ႀကိဳးပမ္းသင့္ေၾကာင္း အႀကံျပဳခဲ့တာပါ။
“ကြၽန္ေတာ့္ အေနနဲ႔ ေပါလ္ေပါ့ဂ္ဘာကို မန္ယူႏိုက္တက္အသင္း အျမန္ဆုံး ေရာင္းခ်သင့္ၿပီဆိုတဲ့ လူေတြ၊ ပရိသတ္ေတြနဲ႔ ကြၽမ္းက်င္သူေတြ ေတာ္ေတာ္မ်ားမ်ားကို ေတြ႕ခဲ့ရပါတယ္။ သူတို႔ကေတာ့ မန္ယူႏိုက္တက္အသင္းကို ဒီထက္တိုးတက္ခ်င္ရင္ဆိုတဲ့ အေၾကာင္းျပခ်က္မ်ိဳး ေပးၾကတယ္။
ေသခ်ာၾကည့္ရင္ေတာ့ ေပါလ္ေပါ့ဂ္ဘာမပါတဲ့ မန္ယူႏိုက္တက္အသင္းရဲ႕ အေကာင္းဆုံးပုံစံမ်ိဳးကို ျမင္ေတြ႕ရျခင္း မရွိေသးပါဘူး။ အခုခ်ိန္မွာေတာ့ အေကာင္းဆုံး မန္ယူႏိုက္တက္ဆိုတာကို ၾကည့္ခြင့္ရေနၿပီ။ အရမ္းကိုပဲ ဆြဲေဆာင္မႈ ရွိလွပါတယ္။
အခုခ်ိန္မွာ သူဟာ အလားအလာအရမ္းေကာင္းတဲ့ ကစားသမားမ်ိဳးဆိုတာ ကြၽန္ေတာ္တို႔ေတြ ျမင္ေနေတြ႕ေနရပါၿပီ။ ကြၽန္ေတာ္တို႔ သူ႔ကို ေခၚယူခဲ့စဥ္ကတည္းက ေမွ်ာ္လင့္ထားတဲ့ ပုံစံမ်ိဳးကို ျပသေနႏိုင္ၿပီ။ စတင္ျမင္ေတြ႕ေနရၿပီ။ ဘာလို႔ သူ႔ကို ေရာင္းရဦးမွာလဲ။
တကယ္လို႔ ေရာင္းလိုက္သည္ပဲထား။ ဘယ္သူနဲ႔ အစားထိုးသြားမွာလဲ။ ေဈးကြက္ထဲမွာ သူ႔ထက္ ပိုေကာင္းတဲ့ ကစားသမား ဘယ္သူရွိမလဲ။ မရွိပါဘူး။ ဒီေတာ့ သူ႔ကို ဆက္ထိန္းထားဖို႔သာ ႀကိဳးစားသင့္ပါတယ္။ အခုဆိုရင္ သူဟာ လမ္းေၾကာင္းမွန္တစ္ခုကို စတင္ ေလွ်ာက္လွမ္းေန ခဲ့ၿပီပဲေလ။” လို႔ ဖာဒီနန္က ေျပာၾကားခဲ့ပါတယ္။
Uni – ယူနိုက်တက် ဂန္ထဝင် ကစားသမားကြီး ရီယိုဖာဒီနန်ကတော့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာဟာ အစားထိုးဖို့ ခက်ခဲတဲ့ ကစားသမား ဖြစ်ပြီး မန်ယူနိုက်တက် အသင်းအနေနဲ့ ဆက်လက်ထိန်းသိမ်းသွားရလိမ့်မယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ပြင်သစ်သားဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေ တလျှောက်လုံး ရီးရဲလ်မက်ဒရစ်၊ ယူဗင်တပ်အသင်းတို့နဲ့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ် ခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ သရဲနီတို့အတွက် ခြေစွမ်းပြ ကစားနေပါတယ်။
ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် ဘရူနိုဖာနန်ဒက်စ်နဲ့ အကောင်းဆုံး တွဲဖက် ကစားနေတဲ့ အသက် ၂၇နှစ်သားကို ယူနိုက်တက် အနေနဲ့ ၅နှစ် သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်တော့မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပေါလ်ပေါ့ဘာကိုသာ မန်ယူနိုက်တက်အသင်း လက်လွှတ်ခဲ့ရရင် ဈေးကွက်ထဲမှာ ဒီလိုကစားသမားမျိုး ရှာဖွေရ ခက်ခဲလိမ့်မယ်လို့ ဖာဒီနန်က သတိပေး လာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ဆက်ထိန်းထားနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းသင့်ကြောင်း အကြံပြုခဲ့တာပါ။
“ကျွန်တော့် အနေနဲ့ ပေါလ်ပေါ့ဂ်ဘာကို မန်ယူနိုက်တက်အသင်း အမြန်ဆုံး ရောင်းချသင့်ပြီဆိုတဲ့ လူတွေ၊ ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေ တော်တော်များများကို တွေ့ခဲ့ရပါတယ်။ သူတို့ကတော့ မန်ယူနိုက်တက်အသင်းကို ဒီထက်တိုးတက်ချင်ရင်ဆိုတဲ့ အကြောင်းပြချက်မျိုး ပေးကြတယ်။
သေချာကြည့်ရင်တော့ ပေါလ်ပေါ့ဂ်ဘာမပါတဲ့ မန်ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးပုံစံမျိုးကို မြင်တွေ့ရခြင်း မရှိသေးပါဘူး။ အခုချိန်မှာတော့ အကောင်းဆုံး မန်ယူနိုက်တက်ဆိုတာကို ကြည့်ခွင့်ရနေပြီ။ အရမ်းကိုပဲ ဆွဲဆောင်မှု ရှိလှပါတယ်။
အခုချိန်မှာ သူဟာ အလားအလာအရမ်းကောင်းတဲ့ ကစားသမားမျိုးဆိုတာ ကျွန်တော်တို့တွေ မြင်နေတွေ့နေရပါပြီ။ ကျွန်တော်တို့ သူ့ကို ခေါ်ယူခဲ့စဉ်ကတည်းက မျှော်လင့်ထားတဲ့ ပုံစံမျိုးကို ပြသနေနိုင်ပြီ။ စတင်မြင်တွေ့နေရပြီ။ ဘာလို့ သူ့ကို ရောင်းရဦးမှာလဲ။
တကယ်လို့ ရောင်းလိုက်သည်ပဲထား။ ဘယ်သူနဲ့ အစားထိုးသွားမှာလဲ။ ဈေးကွက်ထဲမှာ သူ့ထက် ပိုကောင်းတဲ့ ကစားသမား ဘယ်သူရှိမလဲ။ မရှိပါဘူး။ ဒီတော့ သူ့ကို ဆက်ထိန်းထားဖို့သာ ကြိုးစားသင့်ပါတယ်။ အခုဆိုရင် သူဟာ လမ်းကြောင်းမှန်တစ်ခုကို စတင် လျှောက်လှမ်းနေ ခဲ့ပြီပဲလေ။” လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။