ခ်ယ္ဆီးကို အနုိင္ယူ ေက်ာ္ျဖတ္ျပီး အက္ဖ္ေအဗိုလ္လုပြဲ တက္ဖို႔ အစ္ဟာလို ပစ္မွတ္ထား
မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉး အီဂါလိုက ခ်ယ္ဆီးနဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲမတိုင္ခင္ ၎ရဲ႕ ဖိုင္နယ္ပြဲ အိမ္မက္အေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ ယူနိုက္တက္ ဟာ ၂၀၁၇ ေနာက္ပိုင္း ၎တို႔ရဲ႕ ပထမဆုံး ဖလားကို ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနသလို တနဂၤေႏြေန႔ ဝင္ဘေလမွာ ခ်ယ္ဆီးနဲ႔ ေတြ႕ဆုံရဖို႔ရွိေနတာပါ။
ဆိုးလ္ရွားရဲ႕အသင္းဟာ ဒီရာသီမွာ ခ်ယ္ဆီးနဲ႔ ၃ႀကိမ္ေတြ႕ဆုံကာ အႏိုင္ရရွိထားၿပီးျဖစ္ၿပီး လက္ရွိမွာေတာ့ ၿပိဳင္ပြဲစုံ ၁၉ပြဲဆက္ မရႈံးေသးတဲ့ မွတ္တမ္းကို ကာကြယ္ဖို႔ အလိုရွိေနပါတယ္။ ေနာဝစ္ကို ၂-၁နဲ႔ အႏိုင္ရခဲ့တဲ့ ကြာတားဖိုင္နယ္မွာ အစ္ဟာလိုက ဂိုးသြင္းယူခဲ့သလို ၎ဟာ ဇန္နဝါရီမွာ အငွားနဲ႔ ေျပာင္းေ႐ႊ႕လာကတည္းက အသင္းမွာအထင္ႀကီးစရာ စြမ္းေဆာင္ျပထား ပါတယ္။
အသက္၃၁ႏွစ္အ႐ြယ္ ကစားသမားဟာ ၂၀၁၆ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာ ဝက္ဖို႔ဒ္နဲ႔အတူ ပါဝင္ခဲ့ၿပီး ပဲေလ့စ္ကို ရႈံးခဲ့ဖူးတာနဲ႔အတူ ဒီတစ္ပတ္မွာေတာ့ အတိတ္က အေတြ႕အႀကဳံကို ေရွာင္လႊဲႏိုင္ဖို႔ စိတ္ဆုံးျဖတ္ထားပါတယ္။
“လူတိုင္းက ခ်ယ္ဆီးလို အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံခ်င္ၾကတယ္၊ ဒီပြဲကိုအႏိုင္ရရင္ ဖိုင္နယ္တက္ရမယ္ဆိုတာ သိပါတယ္၊ ဒါေၾကာင့္ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ၿပီး အႏိုင္ရဖို႔အတြက္ အရာအားလုံး ေပးဆပ္ကစားဖို႔ လိုတယ္၊ ဖိုင္နယ္ေရာက္ရင္ေတာ့ ကြၽန္ေတာ့္အတြက္ သိပ္ေကာင္းမွာပဲ၊ ၂၀၁၆ တုန္းက ဒါကို ကြၽန္ေတာ္ လြဲေခ်ာ္ခဲ့တယ္။
အခု ကြၽန္ေတာ္အားေပးခဲ့တဲ့ ကလပ္နဲ႔အတူ ဖိုင္နယ္ကိုသြားဖို႔အခြင့္အေရး ရွိေနၿပီ၊ ဒါက ကြၽန္ေတာ့္အိမ္မက္ေတြကို ၿပီးျပည့္စုံေစမွာပါ၊ ခက္ခဲမွာ ျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔မွာ အရည္အခ်င္းရွိပါတယ္၊ ကြၽန္ေတာ္တို႔ေတြ ဒီရာသီမွာသူတို႔ကို ၃ႀကိမ္အႏိုင္ရခဲ့ေပမယ့္ ဒါက မတူညီတဲ့ပြဲပါ၊ အစကေန အဆုံးထိ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္ရမယ္၊ သူတို႔နဲ႔ ေတြ႕ရတာအၿမဲခက္ခဲေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ အရည္အေသြး၊ အရွိန္အဟုန္နဲ႔အတူ အႏိုင္ယူအဖို႔ အဆင္သင့္ ျဖစ္ေနပါၿပီ”လို႔ အစ္ဟာလိုက ဆိုပါတယ္။
အရန္တိုက္စစ္မႉးအေနနဲ႔ သူ႔ရဲ႕ တာဝန္ေတြနဲ႔ ပတ္သက္ၿပီးေတာ့လဲ အီဂါလိုက “ပေရာ္ဖက္ရွင္နယ္ တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ အဆင္သင့္ ျဖစ္ဖို႔လိုတယ္၊ စိတ္ဓာတ္ခိုင္မာမႈရွိရမယ္၊ ကြၽန္ေတာ္တို႔ေတြ ႀကံ့ခိုင္မႈျပည့္ဝေနဖို႔အၿမဲႀကိဳးစားေလ့က်င့္ခဲ့ၿပီး ကြၽန္ေတာ္က လိုတဲ့အခ်ိန္ အသင့္ရွိေနေအာင္ ျပင္ဆင္ထားတယ္၊ ကြၽန္ေတာ္ ရာႏႈန္းျပည့္ ေပးဆပ္ကစားသြားမွာပါ၊ ပြဲအတြက္ အၿမဲတမ္း အာရံုစိုက္ထားဖို႔လို တယ္”လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ႏိုင္ဂ်ီးရီးယားသားဟာ ဆိုးလ္ရွားရဲ႕အသင္းမွာ အနည္းငယ္သာ ေနရာရခဲ့ေပမယ့္ ၁၄ပြဲကစားရာမွာ ၅ဂိုးသြင္းယူခဲ့တာနဲ႔အတူ ၂၀၂၁ အေစာပိုင္း အထိ စာခ်ဳပ္သက္တမ္း တိုးႏိုင္ခဲ့ပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အီဂါလိုက ချယ်ဆီးနဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ၎င်းရဲ့ ဖိုင်နယ်ပွဲ အိမ်မက်အကြောင်းကို ထုတ်ဖော်ပြောကြားလာပါတယ်။ ယူနိုက်တက် ဟာ ၂၀၁၇ နောက်ပိုင်း ၎င်းတို့ရဲ့ ပထမဆုံး ဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေသလို တနင်္ဂနွေနေ့ ဝင်ဘလေမှာ ချယ်ဆီးနဲ့ တွေ့ဆုံရဖို့ရှိနေတာပါ။
ဆိုးလ်ရှားရဲ့အသင်းဟာ ဒီရာသီမှာ ချယ်ဆီးနဲ့ ၃ကြိမ်တွေ့ဆုံကာ အနိုင်ရရှိထားပြီးဖြစ်ပြီး လက်ရှိမှာတော့ ပြိုင်ပွဲစုံ ၁၉ပွဲဆက် မရှုံးသေးတဲ့ မှတ်တမ်းကို ကာကွယ်ဖို့ အလိုရှိနေပါတယ်။ နောဝစ်ကို ၂-၁နဲ့ အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်မှာ အစ်ဟာလိုက ဂိုးသွင်းယူခဲ့သလို ၎င်းဟာ ဇန်နဝါရီမှာ အငှားနဲ့ ပြောင်းရွှေ့လာကတည်းက အသင်းမှာအထင်ကြီးစရာ စွမ်းဆောင်ပြထား ပါတယ်။
အသက်၃၁နှစ်အရွယ် ကစားသမားဟာ ၂၀၁၆ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဝက်ဖို့ဒ်နဲ့အတူ ပါဝင်ခဲ့ပြီး ပဲလေ့စ်ကို ရှုံးခဲ့ဖူးတာနဲ့အတူ ဒီတစ်ပတ်မှာတော့ အတိတ်က အတွေ့အကြုံကို ရှောင်လွှဲနိုင်ဖို့ စိတ်ဆုံးဖြတ်ထားပါတယ်။
“လူတိုင်းက ချယ်ဆီးလို အသင်းကြီးတွေနဲ့ တွေ့ဆုံချင်ကြတယ်၊ ဒီပွဲကိုအနိုင်ရရင် ဖိုင်နယ်တက်ရမယ်ဆိုတာ သိပါတယ်၊ ဒါကြောင့် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ပြီး အနိုင်ရဖို့အတွက် အရာအားလုံး ပေးဆပ်ကစားဖို့ လိုတယ်၊ ဖိုင်နယ်ရောက်ရင်တော့ ကျွန်တော့်အတွက် သိပ်ကောင်းမှာပဲ၊ ၂၀၁၆ တုန်းက ဒါကို ကျွန်တော် လွဲချော်ခဲ့တယ်။
အခု ကျွန်တော်အားပေးခဲ့တဲ့ ကလပ်နဲ့အတူ ဖိုင်နယ်ကိုသွားဖို့အခွင့်အရေး ရှိနေပြီ၊ ဒါက ကျွန်တော့်အိမ်မက်တွေကို ပြီးပြည့်စုံစေမှာပါ၊ ခက်ခဲမှာ ဖြစ်ပေမယ့် ကျွန်တော်တို့မှာ အရည်အချင်းရှိပါတယ်၊ ကျွန်တော်တို့တွေ ဒီရာသီမှာသူတို့ကို ၃ကြိမ်အနိုင်ရခဲ့ပေမယ့် ဒါက မတူညီတဲ့ပွဲပါ၊ အစကနေ အဆုံးထိ ကျွန်တော်တို့ တိုက်ပွဲဝင်ရမယ်၊ သူတို့နဲ့ တွေ့ရတာအမြဲခက်ခဲပေမယ့် ကျွန်တော်တို့ရဲ့ အရည်အသွေး၊ အရှိန်အဟုန်နဲ့အတူ အနိုင်ယူအဖို့ အဆင်သင့် ဖြစ်နေပါပြီ”လို့ အစ်ဟာလိုက ဆိုပါတယ်။
အရန်တိုက်စစ်မှူးအနေနဲ့ သူ့ရဲ့ တာဝန်တွေနဲ့ ပတ်သက်ပြီးတော့လဲ အီဂါလိုက “ပရော်ဖက်ရှင်နယ် တစ်ယောက်အနေနဲ့ ကျွန်တော် အဆင်သင့် ဖြစ်ဖို့လိုတယ်၊ စိတ်ဓာတ်ခိုင်မာမှုရှိရမယ်၊ ကျွန်တော်တို့တွေ ကြံ့ခိုင်မှုပြည့်ဝနေဖို့အမြဲကြိုးစားလေ့ကျင့်ခဲ့ပြီး ကျွန်တော်က လိုတဲ့အချိန် အသင့်ရှိနေအောင် ပြင်ဆင်ထားတယ်၊ ကျွန်တော် ရာနှုန်းပြည့် ပေးဆပ်ကစားသွားမှာပါ၊ ပွဲအတွက် အမြဲတမ်း အာရုံစိုက်ထားဖို့လို တယ်”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားသားဟာ ဆိုးလ်ရှားရဲ့အသင်းမှာ အနည်းငယ်သာ နေရာရခဲ့ပေမယ့် ၁၄ပွဲကစားရာမှာ ၅ဂိုးသွင်းယူခဲ့တာနဲ့အတူ ၂၀၂၁ အစောပိုင်း အထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပါတယ်။