ယူနိုက္တက္ တိုက္စစ္ကို ဘာစီလိုနာရဲ႕ နာမည္ေက်ာ္ MSN နဲ႕ နိႈင္းျပီး အို၀င္ ခ်ီးက်ဴးစကားဆို
မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉး ၃ဦးျဖစ္တဲ့ ရပ္ဖို႔၊မာရွယ္နဲ႔ ဂရင္းဝုဒ္တို႔ဟာ ဘာစီလိုနာရဲ႕ ေက်ာ္ၾကားလွတဲ့ တိုက္စစ္ အတြဲ ျဖစ္ခဲ့တဲ့ မက္ဆီ၊ လူးဝစ္ဆြာရက္ဇ္နဲ႔ ေနမာတို႔ပါဝင္တဲ့ (MSN) တိုက္စစ္လိုပဲ စပယ္ရွယ္တိုက္စစ္အတြဲျဖစ္ေၾကာင္း ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္က ခ်ီးက်ဴးစကား ေျပာလိုက္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ဒီလို ေၾကာက္မက္ဖြယ္ ေကာင္းတဲ့ တိုက္စစ္မႉး ၃ဦးကို အိုးလ္ထရက္ဖို႔ဒ္မွာ စုစည္းထားႏိုင္ခဲ့ၿပီး သူတို႔ထဲက ၂ဦးဟာ လူငယ္ အကယ္ဒီကတဆင့္ အသင္းရဲ႕ ၾကယ္ပြင့္ ကစားသမားေတြအျဖစ္ ထြန္းေတာက္လာခဲ့ၾကတာ ျဖစ္ပါတယ္။
လူငယ္ကစားသမားေလးေတြျဖစ္တဲ့ ရပ္ရ္ွဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ဟာ အသင္းရဲ႕အကယ္ဒမီကတဆင့္ ပထမအသင္းႀကီးမွာ ေနရာရလာတာျဖစ္ၿပီး၊ သူတို႔ႏွစ္ဦးနဲ႔အတူ ျပင္သစ္လက္ေ႐ြးစင္ အေထာင္တိုက္စစ္မႉး မားရွယ္ကေတာ့ အသင္းရဲ႕ ေနာက္ပိုင္း အသင္းရဲ႕ တိုက္စစ္မွာ အေကာင္းဆုံး ေျခစြမ္းျပေနတာ ေတြ႕ရပါတယ္။
ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း အိုဝင္ဟာ ရပ္ရ္ွဖို႔ဒ္၊ မာရွယ္နဲ႔ ဂရင္းဝုဒ္တို႔ဆီကေန စိတ္လႈပ္ရွားစရာ စြမ္းေဆာင္မႈေတြကို ေမွ်ာ္လင့္ထားသလို၊ ဒီတိုက္စစ္မႈး ၃ ဦးဟာ ေခတ္သစ္ေဘာလုံးေလာရဲ႕ အေကာင္းဆုံးတိုက္စစ္အတြဲ ျဖစ္လာႏိုင္ေၾကာင္း အခုလိုေျပာခဲ့ပါတယ္။
” သူတို႔က အရင္ကထက္ ပိုေကာင္းလာသလို၊ နည္းစနစ္ပိုင္းလည္း ပိုကြၽမ္းက်င္လာၾကပါၿပီ။ ေနာက္ၿပီး သူတို႔ရဲ႕ေနာက္က ကြင္းလယ္ဖန္တီးရွင္ ႏွစ္ေယာက္ရဲ႕ ပံ့ပိုးမႈေတြနဲ႔အတူ ဂိုးေတြလည္း တဒိုင္းဒိုင္းသြင္းျပေနတယ္ေလ။ ေပါ့ဘာဟာ ယူႏိုက္တက္မွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသေနသလို၊ ဖာနန္ဒက္စ္ကလည္း ယူႏိုက္တက္နဲ႔အတူ လာျခင္းေကာင္းတဲ့သူလို႔ ဆိုရမွာပါ။
ဒီကစားသမား ၅ေယာက္ရဲ႕ေျခစြမ္းက အျမင့္ဆုံးအဆင့္မွာ ကစားႏိုင္တာေၾကာင့္၊ ဒီထက္ပိုၿပီး ထူးျခားတာေတြလုပ္ျပတာကို ကြၽန္ေတာ္တို႔ ျမင္ရဦးမွာပါ။ ကြၽန္ေတာ္တို႔က မန္စီးတီး၊ လီဗာပူးလ္နဲ႔ ဘာစီလိုနာတို႔ရဲ႕ တိုက္စစ္ေတြအေၾကာင္း ေဆြးေႏႊးခဲ့ၾကတာ ေတာ္ေတာ္ၾကာခဲ့ၿပီေလ။ အခု အဲဒီတိုက္စစ္ေတြလိုပဲ တိုးတက္လာတဲ့ ယူႏိုက္တက္ရဲ႕ စပယ္ရွယ္ တိုက္စစ္အတြဲ အေၾကာင္းေျပာဖို႔ အခ်ိန္တန္ပါၿပီ။”လို႔ တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္က ေျပာခဲ့ပါတယ္။
လက္ရွိ ေဘာလုံးရာသီမွာ သူတို႔သုံးဦးေပါင္း သြင္းယူထားတဲ့ ဂိုးအေရအတြက္ဟာ ၆၀ ဂိုးအထိ ရွိလာၿပီျဖစ္ၿပီး၊ ဒါဟာ မန္စီးတီးနဲ႔ လီဗာပူးလ္ အသင္းတို႔လို ျပည္တြင္းၿပိဳင္ဘက္ေတြရဲ႕ တိုက္စစ္အတြဲေတြထက္ ပိုမိုသာလြန္တဲ့ စြမ္းေဆာင္မႈမ်ိဳးျဖစ္ပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ၃ဦးဖြစ်တဲ့ ရပ်ဖို့၊မာရှယ်နဲ့ ဂရင်းဝုဒ်တို့ဟာ ဘာစီလိုနာရဲ့ ကျော်ကြားလှတဲ့ တိုက်စစ် အတွဲ ဖြစ်ခဲ့တဲ့ မက်ဆီ၊ လူးဝစ်ဆွာရက်ဇ်နဲ့ နေမာတို့ပါဝင်တဲ့ (MSN) တိုက်စစ်လိုပဲ စပယ်ရှယ်တိုက်စစ်အတွဲဖြစ်ကြောင်း ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ချီးကျူးစကား ပြောလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီလို ကြောက်မက်ဖွယ် ကောင်းတဲ့ တိုက်စစ်မှူး ၃ဦးကို အိုးလ်ထရက်ဖို့ဒ်မှာ စုစည်းထားနိုင်ခဲ့ပြီး သူတို့ထဲက ၂ဦးဟာ လူငယ် အကယ်ဒီကတဆင့် အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေအဖြစ် ထွန်းတောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ရပ်ရ်ှဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ဟာ အသင်းရဲ့အကယ်ဒမီကတဆင့် ပထမအသင်းကြီးမှာ နေရာရလာတာဖြစ်ပြီး၊ သူတို့နှစ်ဦးနဲ့အတူ ပြင်သစ်လက်ရွေးစင် အထောင်တိုက်စစ်မှူး မားရှယ်ကတော့ အသင်းရဲ့ နောက်ပိုင်း အသင်းရဲ့ တိုက်စစ်မှာ အကောင်းဆုံး ခြေစွမ်းပြနေတာ တွေ့ရပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးဟောင်း အိုဝင်ဟာ ရပ်ရ်ှဖို့ဒ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ဆီကနေ စိတ်လှုပ်ရှားစရာ စွမ်းဆောင်မှုတွေကို မျှော်လင့်ထားသလို၊ ဒီတိုက်စစ်မှုး ၃ ဦးဟာ ခေတ်သစ်ဘောလုံးလောရဲ့ အကောင်းဆုံးတိုက်စစ်အတွဲ ဖြစ်လာနိုင်ကြောင်း အခုလိုပြောခဲ့ပါတယ်။
” သူတို့က အရင်ကထက် ပိုကောင်းလာသလို၊ နည်းစနစ်ပိုင်းလည်း ပိုကျွမ်းကျင်လာကြပါပြီ။ နောက်ပြီး သူတို့ရဲ့နောက်က ကွင်းလယ်ဖန်တီးရှင် နှစ်ယောက်ရဲ့ ပံ့ပိုးမှုတွေနဲ့အတူ ဂိုးတွေလည်း တဒိုင်းဒိုင်းသွင်းပြနေတယ်လေ။ ပေါ့ဘာဟာ ယူနိုက်တက်မှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေသလို၊ ဖာနန်ဒက်စ်ကလည်း ယူနိုက်တက်နဲ့အတူ လာခြင်းကောင်းတဲ့သူလို့ ဆိုရမှာပါ။
ဒီကစားသမား ၅ယောက်ရဲ့ခြေစွမ်းက အမြင့်ဆုံးအဆင့်မှာ ကစားနိုင်တာကြောင့်၊ ဒီထက်ပိုပြီး ထူးခြားတာတွေလုပ်ပြတာကို ကျွန်တော်တို့ မြင်ရဦးမှာပါ။ ကျွန်တော်တို့က မန်စီးတီး၊ လီဗာပူးလ်နဲ့ ဘာစီလိုနာတို့ရဲ့ တိုက်စစ်တွေအကြောင်း ဆွေးနွှေးခဲ့ကြတာ တော်တော်ကြာခဲ့ပြီလေ။ အခု အဲဒီတိုက်စစ်တွေလိုပဲ တိုးတက်လာတဲ့ ယူနိုက်တက်ရဲ့ စပယ်ရှယ် တိုက်စစ်အတွဲ အကြောင်းပြောဖို့ အချိန်တန်ပါပြီ။”လို့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပြောခဲ့ပါတယ်။
လက်ရှိ ဘောလုံးရာသီမှာ သူတို့သုံးဦးပေါင်း သွင်းယူထားတဲ့ ဂိုးအရေအတွက်ဟာ ၆၀ ဂိုးအထိ ရှိလာပြီဖြစ်ပြီး၊ ဒါဟာ မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့လို ပြည်တွင်းပြိုင်ဘက်တွေရဲ့ တိုက်စစ်အတွဲတွေထက် ပိုမိုသာလွန်တဲ့ စွမ်းဆောင်မှုမျိုးဖြစ်ပါတယ်။