ယူနိုက္တက္ ေခၚဖို႔ နဗီးလ္ အၾကံျပဳလိုက္တဲ့ ဆီနီေဂါ ေတာင္ပံတိုက္စစ္သမား

မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ဂႏၲဝင္ကစားသမားႀကီး ဂယ္ရီနဗီးလ္က အသင္း နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဝက္ဖို႔ဒ္ေတာင္ပံ ကစားသမား အစၥမိုင္လာဆားကို ေခၚယူသင့္ေၾကာင္း အႀကံေပး သြားခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ေတာင္ပံကစားသမားဟာ ဒီရာသီ ဝက္ဖို႔ဒ္အသင္းမွာ အထူးေျခစြမ္းျပေနသူဖစ္ၿပီး ႐ုန္းကန္ေနရတဲ့ ဝက္ဖို႔ဒ္အတြက္ ၿပိဳင္ပြဲစုံ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားႏိုင္သူလည္း ျဖစ္ပါတယ္။

နည္းျပ နီဂယ္ပီယာဆန္ရဲ႕ အသင္းဟာ တန္းဆင္းဇုန္ရဲ႕ အထက္ ၃ မွတ္အကြာမွာ ရွိေနၿပီး ေရွ႕ဆက္တက္ဖို႔ အလားအလာနည္းေနေပမဲ့ ဆားကေတာ့ အသင္းအတြက္ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသခဲ့တာေၾကာင့္ နဗီးလ္းက ဆားရဲ႕ ပရိသတ္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ နဗီးလ္က ဆားကို ခ်ီးက်ဴးသြားခဲ့ၿပီး ဒီေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ယူႏိုက္တက္က ဆားလို ေတာင္ပံကစားသမားမ်ိဳး ကိုေခၚယူဖို႔လိုတယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

နဗီးလ္က “မန္ခ်က္စတာယူႏိုက္တက္က ညာေတာင္ပံ ကစားသမား တစ္ေယာက္ လိုအပ္ေနတာပါ။ သူက(ဆား)ေတာ့ တကယ့္ကို ပါရမီေကာင္းလြန္းတဲ့ ကစားသမားပါ။ ကြၽန္ေတာ္တို႔ သူ႔ရဲ႕ ေျခစြမ္းကို ဟိုးအရင္ကတည္းက ျမင္ဖူးခဲ့ပါတယ္၊ ဒါေပမဲ့ ညကေတာ့ သူ႔ရဲ႕ ေျခစြမ္းက ေတာ္ေတာ္ေလး ေကာင္းခဲ့တယ္။ ပထမပိုင္းမွာတင္ ဝက္ဖို႔ဒ္ရဲ႕ တိုက္စစ္က ေတာ္ေတာ္ေလး ထက္ျမက္ခဲ့ၿပီး တိုက္စစ္စတင္မႈ အားလုံးက သူ႔ဆီကခ်ည့္ပဲ ထြက္လာတာ ျဖစ္ပါတယ္။ အဲ့ဒီေတာ့ ယူႏိုက္တက္ အေနနဲ႔ သူ႔ကိုသာ ေခၚယူခဲ့မယ္ဆိုရင္ မွန္ကန္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ ျဖစ္လာမွာ ေသခ်ာပါတယ္။

ကြၽန္ေတာ္သာ ကစားသမားတစ္ေယာက္ဆိုရင္လည္း သူနဲ႔ လုံးဝထိပ္တိုက္ယွဥ္ မကစားရဲပါဘူး။ ပထမအခ်က္ကေတာ့ ျမန္ႏႈန္းေပါ့။ ၿပီးေတာ့ သူ႔ရဲ႕ အဲ့ဒီျမန္ႏႈန္းကို ေကာင္းေကာင္း အဆုံးခ်က္တတ္တာ ဘာျဖစ္လို႔လဲဆိုတာေတာ့ သူက ေဘာလုံးကို ဆြဲထုတ္ၿပီး ေနာက္ကလိုက္ေျပးတာေရာ၊ ေဘာလုံးနဲ႔ တစ္ပါတည္း ဂိုးစည္းထဲကို ဆြဲဝင္တာမ်ိဳးေတြေရာ လုပ္တတ္ေတာ့ ေနာက္ခံ အစြန္လူေတြနဲ႔ ခံစစ္မႉးေတြအတြက္ ေတာ္ေတာ္ေလး လူကပ္ရခက္ခဲေစတယ္။

ျပီးေတာ့ သူ႔ရဲ႕ ေဘာလုံးကိုင္ကစားတတ္တဲ့ အရည္အေသြး။ တစ္ခါတစ္ေလ အရမ္းျမန္တဲ့ ကစားသမားေတြကိုလည္း ေဘာလုံးေပးကိုင္ၿပီး ကစားခိုင္းရမယ္။ ဒါေပမဲ့ သူ႔ေျခေထာက္ထဲကို ေဘာလုံး ထည့္ေပးလိုက္ရင္ေတာ့ သူကေကာင္းေကာင္း ေမႊေႏွာက္ၿပီး အရမ္းေကာင္းတဲ့ ျဖတ္တင္ေဘာေတြ တင္ေပးပါလိမ့္မယ္။ အဲ့ဒီေတာ့ ဒီလိုေျခစြမ္းမ်ိဳးရွိတဲ့ ကစားသမားတစ္ေယာက္သာ ပါလာရင္ ေနာက္ခံ အစြန္လူေတြအတြက္ တကယ့္ ျပႆနာပဲ” ဆိုၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္။

Uni – မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ဂယ်ရီနဗီးလ်က အသင်း နည်းပြ ဆိုးလ်ရှားအနေနဲ့ ဝက်ဖို့ဒ်တောင်ပံ ကစားသမား အစ္စမိုင်လာဆားကို ခေါ်ယူသင့်ကြောင်း အကြံပေး သွားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ တောင်ပံကစားသမားဟာ ဒီရာသီ ဝက်ဖို့ဒ်အသင်းမှာ အထူးခြေစွမ်းပြနေသူဖစ်ပြီး ရုန်းကန်နေရတဲ့ ဝက်ဖို့ဒ်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်သူလည်း ဖြစ်ပါတယ်။

နည်းပြ နီဂယ်ပီယာဆန်ရဲ့ အသင်းဟာ တန်းဆင်းဇုန်ရဲ့ အထက် ၃ မှတ်အကွာမှာ ရှိနေပြီး ရှေ့ဆက်တက်ဖို့ အလားအလာနည်းနေပေမဲ့ ဆားကတော့ အသင်းအတွက် တောက်ပတဲ့ ခြေစွမ်းတွေ ပြသခဲ့တာကြောင့် နဗီးလ်းက ဆားရဲ့ ပရိသတ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နဗီးလ်က ဆားကို ချီးကျူးသွားခဲ့ပြီး ဒီနွေရာသီ အပြောင်းအရွေ့မှာ ယူနိုက်တက်က ဆားလို တောင်ပံကစားသမားမျိုး ကိုခေါ်ယူဖို့လိုတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နဗီးလ်က “မန်ချက်စတာယူနိုက်တက်က ညာတောင်ပံ ကစားသမား တစ်ယောက် လိုအပ်နေတာပါ။ သူက(ဆား)တော့ တကယ့်ကို ပါရမီကောင်းလွန်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့ သူ့ရဲ့ ခြေစွမ်းကို ဟိုးအရင်ကတည်းက မြင်ဖူးခဲ့ပါတယ်၊ ဒါပေမဲ့ ညကတော့ သူ့ရဲ့ ခြေစွမ်းက တော်တော်လေး ကောင်းခဲ့တယ်။ ပထမပိုင်းမှာတင် ဝက်ဖို့ဒ်ရဲ့ တိုက်စစ်က တော်တော်လေး ထက်မြက်ခဲ့ပြီး တိုက်စစ်စတင်မှု အားလုံးက သူ့ဆီကချည့်ပဲ ထွက်လာတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ယူနိုက်တက် အနေနဲ့ သူ့ကိုသာ ခေါ်ယူခဲ့မယ်ဆိုရင် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမှာ သေချာပါတယ်။

ကျွန်တော်သာ ကစားသမားတစ်ယောက်ဆိုရင်လည်း သူနဲ့ လုံးဝထိပ်တိုက်ယှဉ် မကစားရဲပါဘူး။ ပထမအချက်ကတော့ မြန်နှုန်းပေါ့။ ပြီးတော့ သူ့ရဲ့ အဲ့ဒီမြန်နှုန်းကို ကောင်းကောင်း အဆုံးချက်တတ်တာ ဘာဖြစ်လို့လဲဆိုတာတော့ သူက ဘောလုံးကို ဆွဲထုတ်ပြီး နောက်ကလိုက်ပြေးတာရော၊ ဘောလုံးနဲ့ တစ်ပါတည်း ဂိုးစည်းထဲကို ဆွဲဝင်တာမျိုးတွေရော လုပ်တတ်တော့ နောက်ခံ အစွန်လူတွေနဲ့ ခံစစ်မှူးတွေအတွက် တော်တော်လေး လူကပ်ရခက်ခဲစေတယ်။

ပြီးတော့ သူ့ရဲ့ ဘောလုံးကိုင်ကစားတတ်တဲ့ အရည်အသွေး။ တစ်ခါတစ်လေ အရမ်းမြန်တဲ့ ကစားသမားတွေကိုလည်း ဘောလုံးပေးကိုင်ပြီး ကစားခိုင်းရမယ်။ ဒါပေမဲ့ သူ့ခြေထောက်ထဲကို ဘောလုံး ထည့်ပေးလိုက်ရင်တော့ သူကကောင်းကောင်း မွှေနှောက်ပြီး အရမ်းကောင်းတဲ့ ဖြတ်တင်ဘောတွေ တင်ပေးပါလိမ့်မယ်။ အဲ့ဒီတော့ ဒီလိုခြေစွမ်းမျိုးရှိတဲ့ ကစားသမားတစ်ယောက်သာ ပါလာရင် နောက်ခံ အစွန်လူတွေအတွက် တကယ့် ပြဿနာပဲ” ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။