ယူနိုက္တက္ ပရိသတ္ေတြ အလိုရွိ ေတာင့္တေနခဲ့တဲ့ ဟီးရိုး တစ္ေယာက္ အသင္းမွာ ရွိေနျပီလို႔ ေပါလ္အင့္စ္ ဆို
ယူနိုက္တက္ ကစားသမားေဟာင္း ျဖစ္သူ ေပါလ္ အင့္စ္က လက္ရွိ ယူနိုက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ အသင္းကို ေရာက္လာကတည္းက ျခားနားမႈေတြကို ျပဳလုပ္ခဲ့ၿပီး ၄င္းက ယူနိုက္တက္ ပရိသတ္ေတြ ေတာင့္တ အလိုရွိေနခဲ့တဲ့ ဟီးရိုးပဲ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
နည္းျပ ဆိုးလ္ရွားရဲ႕ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ အေျပာင္းအေ႐ြ႕မွာ ကြင္းလယ္လူ ဖာနန္ဒက္စ္ကို စပို႔တင္း လစၥဘြန္အသင္းကေန ေခၚယူခဲ့ၿပီးတဲ့ေနာက္ အသင္းရဲ႕ ရလဒ္ေတြက တိုးတတ္လာခဲ့ၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ (၁၉) ပြဲဆက္ ရႈံးပြဲ မရွိေသးတာ ျဖစ္ပါတယ္။
ယူနိုက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ပြဲစဥ္ (၁၇) ပြဲ ကစားထားရာမွာ ဂိုးဖန္တီးမႈ (၈) ႀကိမ္ နဲ႔ သြင္းဂိုး (၈) ဂိုး သြင္းယူခဲ့တာေၾကာင့္ ယူနိုက္တက္ ကစားသမားေဟာင္း ေပါလ္ အင့္စ္က ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ ပရိသတ္ေတြ လိုခ်င္ေနခဲ့တဲ့ သူရဲေကာင္း ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
ေပါလ္ အင့္စ္က “အခု ျမင္ေနရတဲ့ ယူနိုက္တက္ က ခိုင္မာက်စ္လစ္တဲ့ အသင္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဆန္ခ်ိဳ နဲ႔ ဟာဗက္စ္တို႔လို အေျပာင္းအေ႐ြ႕ေတြလည္းပဲ ရွိေနပါတယ္။ အခုအခ်ိန္က ယူနိုက္တက္ အတြက္ စိတ္လႈပ္ရွားစရာ အခ်ိန္ပါပဲ။ နည္းျပ ဆိုးလ္ရွားက ႏိုင္ပြဲ ရယူႏိုင္တဲ့ အေနအထား ေရာက္ေနၿပီ ျဖစ္ၿပီး ပိုခ်ယ္တီႏိုအေၾကာင္းက ေပ်ာက္ကြယ္သြားပါၿပီ။ ယူနိုက္တက္ မွာ ေတာက္ပခဲ့တဲ့ အခ်ိန္ေတြ အမ်ားႀကီး ရွိခဲ့ၿပီး အခု အသင္းက တိုးတတ္လာၿပီ ျဖစ္ပါတယ္။
အစကတည္းက ျခားနားမႈေတြ ျပဳလုပ္ခဲ့တာက ဖာနန္ဒက္စ္ပဲ ျဖစ္ပါတယ္။ သူက ကမာၻ႔ အႀကီးမားဆုံး အသင္း တစ္သင္းကို ေရာက္ရွိလာခဲ့ပါတယ္။ သူက မခ်ိန္မယူဘဲနဲ႔ ေျခစြမ္းျပခဲ့ၿပီး ဒါက ေပါ့ဘာ မလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္ ဖန္ေတြက သူရဲေကာင္း အၿမဲ လိုခ်င္ေနခဲ့ၿပီး မရွိခဲ့တာ အေတာ္ၾကာပါၿပီ။ အခု ဖာနန္ဒက္စ္က ယူႏိုက္တက္ ပရိတ္ေတြ သီခ်င္းေရးဆိုၾကမယ့္ ၾကယ္ပြင့္ တစ္ေယာက္ ျဖစ္ပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။
ယူနိုက္တက္ ဟာ ပရီးမီးယားလိဂ္ လက္က်န္ ပြဲစဥ္ (၂) ပြဲကိုသာ အႏိုင္ကစားသြားမယ္ ဆိုရင္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ အဆင့္ (၄) ေနရာအတြင္း ဝင္ခြင့္ ရရွိႏိုင္မွာ ျဖစ္ၿပီး လက္ရွိမွာေတာ့ အက္ဖ္ေအ ဖလား နဲ႔ ယူ႐ိုပါလိဂ္ ဖလားကို ရရွိႏိုင္တဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနပါေသးတယ္။
Uni – ယူနိုက်တက် ကစားသမားဟောင်း ဖြစ်သူ ပေါလ် အင့်စ်က လက်ရှိ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အသင်းကို ရောက်လာကတည်းက ခြားနားမှုတွေကို ပြုလုပ်ခဲ့ပြီး ၎င်းက ယူနိုက်တက် ပရိသတ်တွေ တောင့်တ အလိုရှိနေခဲ့တဲ့ ဟီးရိုးပဲ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
နည်းပြ ဆိုးလ်ရှားရဲ့ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့မှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို စပို့တင်း လစ္စဘွန်အသင်းကနေ ခေါ်ယူခဲ့ပြီးတဲ့နောက် အသင်းရဲ့ ရလဒ်တွေက တိုးတတ်လာခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၉) ပွဲဆက် ရှုံးပွဲ မရှိသေးတာ ဖြစ်ပါတယ်။
ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပွဲစဉ် (၁၇) ပွဲ ကစားထားရာမှာ ဂိုးဖန်တီးမှု (၈) ကြိမ် နဲ့ သွင်းဂိုး (၈) ဂိုး သွင်းယူခဲ့တာကြောင့် ယူနိုက်တက် ကစားသမားဟောင်း ပေါလ် အင့်စ်က ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ပရိသတ်တွေ လိုချင်နေခဲ့တဲ့ သူရဲကောင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပေါလ် အင့်စ်က “အခု မြင်နေရတဲ့ ယူနိုက်တက် က ခိုင်မာကျစ်လစ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချို နဲ့ ဟာဗက်စ်တို့လို အပြောင်းအရွေ့တွေလည်းပဲ ရှိနေပါတယ်။ အခုအချိန်က ယူနိုက်တက် အတွက် စိတ်လှုပ်ရှားစရာ အချိန်ပါပဲ။ နည်းပြ ဆိုးလ်ရှားက နိုင်ပွဲ ရယူနိုင်တဲ့ အနေအထား ရောက်နေပြီ ဖြစ်ပြီး ပိုချယ်တီနိုအကြောင်းက ပျောက်ကွယ်သွားပါပြီ။ ယူနိုက်တက် မှာ တောက်ပခဲ့တဲ့ အချိန်တွေ အများကြီး ရှိခဲ့ပြီး အခု အသင်းက တိုးတတ်လာပြီ ဖြစ်ပါတယ်။
အစကတည်းက ခြားနားမှုတွေ ပြုလုပ်ခဲ့တာက ဖာနန်ဒက်စ်ပဲ ဖြစ်ပါတယ်။ သူက ကမ္ဘာ့ အကြီးမားဆုံး အသင်း တစ်သင်းကို ရောက်ရှိလာခဲ့ပါတယ်။ သူက မချိန်မယူဘဲနဲ့ ခြေစွမ်းပြခဲ့ပြီး ဒါက ပေါ့ဘာ မလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ဖန်တွေက သူရဲကောင်း အမြဲ လိုချင်နေခဲ့ပြီး မရှိခဲ့တာ အတော်ကြာပါပြီ။ အခု ဖာနန်ဒက်စ်က ယူနိုက်တက် ပရိတ်တွေ သီချင်းရေးဆိုကြမယ့် ကြယ်ပွင့် တစ်ယောက် ဖြစ်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၂) ပွဲကိုသာ အနိုင်ကစားသွားမယ် ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာအတွင်း ဝင်ခွင့် ရရှိနိုင်မှာ ဖြစ်ပြီး လက်ရှိမှာတော့ အက်ဖ်အေ ဖလား နဲ့ ယူရိုပါလိဂ် ဖလားကို ရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါသေးတယ်။