ယူနိုက်တက် ရှူံးပွဲအတွက် ဘယ်သူ အဓိက တာဝန်ရှိလဲ ဖီးလ်နဗီးလ် ထောက်ပြ


ဖီးလ် နဗီးလ်ကတော့ သူ့အနေနဲ့ကတော့ အခုရှုံးပွဲအတွက် ကစားသမားတွေကိုအပြစ်မတင်ဘဲ နည်းပြ ဆိုးလ်ရှားရဲ့ ညံ့ဖျင်းမှုကသာ အဓိက ကျတယ်လို့ ထင်မြင်နေခဲ့တာပါ။

ဆိုးလ်ရှားဟာ ဒီပွဲအတွက် ပွဲထွက်လူစာရင်းနဲ့ နေရာအခင်းအကျင်း အသုံးပြုပုံမှားယွင်းခဲ့ပြီး အသုံးပြုတဲ့ နည်းဗျူဟာကလည်း ညံ့ဖျင်းလွန်းခဲ့တယ် လို့ ၄င်းက ဆိုပါတယ်။




Uni – ညက အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချယ်ဆီးကို မန်ယူနိုက်တက်အသင်း ဂိုးပြတ် အရေးနိမ့် ထွက်ခွာလိုက်ရခြင်းရဲ့ အဓိက တာဝန်ရှိသူ ကို ယူနိုက်တက်ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဖီးလ်နဗီးလ်က ရှင်းပြ သုံးသပ်သွားခဲ့ပါတယ်။

ဖီးလ် နဗီးလ်ကတော့ သူ့အနေနဲ့ကတော့ အခုရှုံးပွဲအတွက် ကစားသမားတွေကိုအပြစ်မတင်ဘဲ နည်းပြ ဆိုးလ်ရှားရဲ့ ညံံ့ဖျင်းမှုကသာ အဓိက ကျတယ်လို့ ထင်မြင်နေခဲ့တာပါ။

ဆိုးလ်ရှားဟာ ဒီပွဲအတွက် ပွဲထွက်လူစာရင်းနဲ့ နေရာအခင်းအကျင်း အသုံးပြုပုံမှားယွင်းခဲ့ပြီး အသုံးပြုတဲ့ နည်းဗျူဟာကလည်း ညံ့ဖျင်းလွန်းခဲ့တယ် လို့ ၎င်းက ဆိုပါတယ်။

” ယူနိုက်တက်ဟာ ကွင်းထဲမှာ ကောင်းကောင်းကစားနိုင်တာဘရူနိုဖာနန်ဒက်စ်တစ်ဦးတည်း ရှိတယ်လို့ မထင်ပါဘူး။ မှားယွင်းတဲ့ လူစာရင်းနဲ့မှားယွင်းတဲ့ နည်းစနစ်ကို ဆိုးလ်ရှားသုံးလိုက်တယ်လို့ ထင်တယ် ” ဆိုပြီး ဖီးလ်နဗီးလ်က ပြောကြားသွားတယ်။

ဆိုးလ်ရှားဟာ ဒီပွဲမှာ မာရှယ်နဲ့ ပေါ့ဘာကို ပွဲထွက်လူစာရင်းကနေ အံ့အားသင့်ဖွယ်ရာ ချန်လှပ်သွားခဲ့တာပါ။ ဆက်လက်ပြီး နဗီးလ်က ဒီဂီယာကို ယူနိုက်တက်ရဲ့ ဦးစားပေး ဂိုးသမားနေရာကနေ ဖယ်ရှားချိန်တန်ပြီ ဆိုတဲ့ အလန်ရှီးယားရဲ့ပြောကြားမှုကိုလည်း ထောက်ခံသွားခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ အက်ရှ်လေကိုးလ်ကလည်းသူတို့နှစ်ဦးရဲ့မှတ်ချက်ကို ထောက်ခံသွားပြီး ဒီဂီယာ ရဲ့ အချိန်ကုန်ပြီ လို့ ဆိုသွားခဲ့ပါတယ်။