ေျခမေကာင္းလို႔ ရွံဳးတာ တြင္းေအာင္းစရာ မလိုဘူး ဆိုတဲ့ ယူနိုက္တက္ တိုက္စစ္မွဴး ရပ္ရွ္ဖို႔ဒ္

ယူႏိုက္တက္တိုက္စစ္မႉး ရပ္ရွ္ဖိုဒ့္က တနဂၤေႏြေန႔က အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲမွာ ခ်ယ္ဆီးကို ရႈံးနိမ့္ခဲ့တာဟာ လုံေလာက္စြာ မေကာင္းခဲ့လို႔ ရႈံးခဲ့တာ ျဖစ္ေၾကာင္းနဲ႕ ဒီအတြက္ ပုန္းေရွာင္ေနစရာ အေၾကာင္း မရွိေၾကာင္း ဝန္ခံေျပာၾကားသြားခဲ့ပါတယ္။

ဝင္ဘေလကြင္းမွာ ယူႏိုက္တက္အသင္းဟာ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းကို ဂ်ီ႐ူး၊ ေမဆန္ေမာင့္ နဲ႔ ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားတို႔ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းခဲ့တာေၾကာင့္ (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ရပ္ရွ္ဖိုဒ့္ဟာ ပြဲအစကတည္းက ပါဝင္ကစားခဲ့တာျဖစ္ေပမယ့္ ဒုတိယပိုင္းမွာ လူစားလဲျခင္းခံခဲ့ရပါတယ္။ ယူႏိုက္တက္အသင္းဟာ ေနာက္ႏွစ္ ခ်န္ပီယံလိဂ္ကစားခြင့္အတြက္ ဒီတစ္ပတ္မွာ အေရးပါတဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး (၂) ပြဲကို ကစားရမွာ ျဖစ္ပါတယ္။

အက္ဖ္ေအရွံဳးပြဲ အျပီးမွာ ရပ္ရွ္ဖိုဒ့္က လူမႈကြန္ယက္ တြစ္တာကေန သူ႔ ခံယူခ်က္ကို ေရးသား ေဖာ္ျပခဲ့ပါတယ္။

” ဒီမနက္မွာ ဘယ္မွာ မွ သြားၿပီး ပုန္းေအာင္းေနစရာ မလိုပါဘူး။ ကြၽန္ေတာ္တို႔ မေန႔က လုံေလာက္စြာ မေကာင္းခဲ့လို႔ပါ။ ကြၽန္ေတာ္ကေတာ့ အရမ္းကို စိတ္ပ်က္ေနပါတယ္။ ဒါေပမယ့္ ဒါကို ကြၽန္ေတာ္တို႔ ဖယ္ရွားရမွာျဖစ္ၿပီး ဒီတစ္ပတ္ကစားမယ့္ အေရးႀကီးတဲ့ ပြဲ (၂) ပြဲအတြက္ ျပင္ဆင္ရပါမယ္။ ပရိသတ္ေတြရဲ႕ အားေပးမႈက ကြၽန္ေတာ္တို႔ အေရးႀကီးပါတယ္ ” လို႔ ေရးတင္ခဲ့ပါတယ္။

ယူႏိုက္တက္ ဟာ ဗုဒၶဟူးေန႔ မွာ ဝက္စ္ဟမ္းအသင္းနဲ႔ ကစားရမွာ ျဖစ္ၿပီး ေနာက္ဆုံးပြဲကို လက္စတာ နဲ႔ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။ ရပ္ရွ္ဖိုဒ့္ရဲ႕ ယူႏိုက္တက္အသင္းဟာ ဒီတစ္ပတ္မွာ အဆင့္ (၄) အတြင္း မဝင္ခဲ့ပါက ယူ႐ိုပါလိဂ္ဖလားကို အရယူၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမယ့္ အခြင့္အေရးရွိေသးပါတယ္။

Uni – ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်က တနင်္ဂနွေနေ့က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ ချယ်ဆီးကို ရှုံးနိမ့်ခဲ့တာဟာ လုံလောက်စွာ မကောင်းခဲ့လို့ ရှုံးခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီအတွက် ပုန်းရှောင်နေစရာ အကြောင်း မရှိကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။

ဝင်ဘလေကွင်းမှာ ယူနိုက်တက်အသင်းဟာ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းကို ဂျီရူး၊ မေဆန်မောင့် နဲ့ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားတို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာကြောင့် (၃-၁) နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရပ်ရှ်ဖိုဒ့်ဟာ ပွဲအစကတည်းက ပါဝင်ကစားခဲ့တာဖြစ်ပေမယ့် ဒုတိယပိုင်းမှာ လူစားလဲခြင်းခံခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ နောက်နှစ် ချန်ပီယံလိဂ်ကစားခွင့်အတွက် ဒီတစ်ပတ်မှာ အရေးပါတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး (၂) ပွဲကို ကစားရမှာ ဖြစ်ပါတယ်။

အက်ဖ်အေရှုံးပွဲ အပြီးမှာ ရပ်ရှ်ဖိုဒ့်က လူမှုကွန်ယက် တွစ်တာကနေ သူ့ ခံယူချက်ကို ရေးသား ဖော်ပြခဲ့ပါတယ်။

” ဒီမနက်မှာ ဘယ်မှာ မှ သွားပြီး ပုန်းအောင်းနေစရာ မလိုပါဘူး။ ကျွန်တော်တို့ မနေ့က လုံလောက်စွာ မကောင်းခဲ့လို့ပါ။ ကျွန်တော်ကတော့ အရမ်းကို စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဒါကို ကျွန်တော်တို့ ဖယ်ရှားရမှာဖြစ်ပြီး ဒီတစ်ပတ်ကစားမယ့် အရေးကြီးတဲ့ ပွဲ (၂) ပွဲအတွက် ပြင်ဆင်ရပါမယ်။ ပရိသတ်တွေရဲ့ အားပေးမှုက ကျွန်တော်တို့ အရေးကြီးပါတယ် ” လို့ ရေးတင်ခဲ့ပါတယ်။

ယူနိုက်တက် ဟာ ဗုဒ္ဓဟူးနေ့ မှာ ဝက်စ်ဟမ်းအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး နောက်ဆုံးပွဲကို လက်စတာ နဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ရပ်ရှ်ဖိုဒ့်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ အဆင့် (၄) အတွင်း မဝင်ခဲ့ပါက ယူရိုပါလိဂ်ဖလားကို အရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရမယ့် အခွင့်အရေးရှိသေးပါတယ်။