ဒီဂီယာ ကျရောက်နေတဲ့ ဖိအားကို ကူညီဖြေရှင်းပေးနိုင်မယ့် နည်းလမ်း ဂိုးနည်းပြ ထောက်ပြ






Uni – ဘလက်လန်းအသင်းဂိုးနည်းပြ ဘင်ဆန်က ကာလစ္စလီအသင်းမှာအတူရှိခဲ့ဖူးတဲ့ ရှက်ဖီးယူနိုက်တက်ဂိုးသမား ဟန်ဒါဆင် အနေနဲ့ ယူနိုက်တက်ရဲ့ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ့်လို့ ပြောဆိုခဲ့ပါတယ်။

ဟန်ဒါဆင်ဟာ ယူနိုက်တက်ကနေ ရှက်ဖီးယူနိုက်တက်ထံ အဌားချခံထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာ လက်စွမ်းပြမှုတွေကြောင့် ယူနိုက်တက် ရဲ့ ပြန်လည်ခေါ်ယူခြင်းခံရဖို့ ရှိတယ်လို့ ထင်ကြေးပေးခံရသူလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ ဦးစားပေးဂိုးသမား ဒီဂီယာအနေနဲ့ ပုံမှန်လက်စွမ်းရဖို့ ရုန်းကန်နေရတဲ့အနေအထားတွေ ကြောင့် ဝေဖန်ခံနေရပြီး ရာသီအကုန်မှာ အသင်းပြောင်းမယ့်သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ၂၀၁၅ ခုနှစ် ကတည်းက ယူနိုက်တက်ကစားသမားအဖြစ်ရှိနေခဲ့တဲ့ ဟန်ဒါဆင်ဟာ အခြားအသင်းတွေထံ အဌားချခံထားရပြီး ယူနိုက် တက်အသင်းကြီးအတွက် တစ်ပွဲမှ မကစားရသေးသူလည်း ဖြစ်ပါတယ်။

ဘလက်ဘန်းအသင်းနည်းပြ ဘင်ဆန်က အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဟန်ဒါဆင်အနေနဲ့ အနာဂတ်မှာ ယူနိုက်တက်နဲ့ အင်္ဂ လန်အသင်းတို့ရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်လာနိုင်ကြောင်း ပြောခဲ့ပါတယ်။ဘင်ဆန်က “ ယူနိုက်တက်မှာ ရမယ့်ဖိအားက အခြား အသင်းတွေမှာရမယ့် ဖိအားနဲ့ မတူနိုင်ပါဘူး။ယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမားတစ်ယောက်ကို ခေါ်ယူစာချုပ်ဖို့ လိုအပ်နေတယ်ဆိုရင် တကယ်တမ်းခေါ်ယူသင့်တာကို ဟန်ဒါဆင်လိုပဲ ကျွန်တော်ပြောရမှာပါ” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းကစားသမားဟောင်း ပေါ့လ်အင့်ကတော့ အမှားများနေတဲ့ ဂိုးသမားဒီဂီယာရဲ့နေရာကို ဟန်ဒါဆင်နဲ့ အစားထိုးဖို့အတွက် တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ပေါ့လ်အင့်က လက်ရှိ ယူနိုက်တက် အသင်းရဲ့ အရန်ဂိုးသမားဖြစ်တဲ့ ရိုမီယို ကလည်း ဒီဂီယာရဲ့နေရာမှာ အစားထိုးဖို့ မလုံလောက်တဲ့အနေအထားကြောင့် အသင်းဟောင်းအနေနဲ့ ဟန်ဒါဆင်ကို ပြန်လည်ခေါ်ယူပြီး ဒီဂီယာရဲ့ ပထမ ဦးစားပေး ဂိုးသမားနေရာကို အစားထိုးသင့်ကြောင်း ပြောခဲ့ပါတယ်။