ဦးေခါင္းဒဏ္ရာ ရျပီး ေဆးရံုေရာက္ခဲ့တဲ့ အဲရစ္ဘိုင္လီ ရဲ႕ အေျခအေန

မန္ခ်က္စတာယူႏိုက္တက္ ေနာက္ခံလူ အဲရစ္ဘိုင္လီတစ္ေယာက္ လန္ဒန္ေဆး႐ုံမွာ တစ္ရက္တာ တက္ေရာက္ခဲ့ၿပီးေနာက္ ေဆး႐ုံက ျပန္ဆင္းခြင့္ရခဲ့ျပီလို႔ သိရပါတယ္။

တနဂၤေႏြေန႔က ခ်ဲလ္ဆီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာ ဦးေခါင္းဒဏ္ရာ ရရွိခဲ့တာ ျဖစ္ေပခဲ့ ေနာက္တစ္ေန႔မွာေတာ့ သက္သာသြားၿပီျဖစ္လို႔ မန္ခ်က္စတာကို ျပန္ခြင့္ ရခဲ့ပါတယ္။

အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္ဟာ ဗုဒၶဟူးေန႔မွာ ကစားမယ့္ ဝက္စ္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္မွာေတာ့ ဦးေခါင္းဒဏ္ရာကို သက္သာ ေစႏိုင္ဖို႔အတြက္ ပါဝင္ႏိုင္ဦးမွာ မဟုတ္ပါဘူး။

ပထမပိုင္း မၿပီးခင္ကတည္းက ဘိုင္လီကို ႏွစ္ႀကိမ္တိုင္တိုင္ ေဆးကုသေပးခဲ့ရၿပီး ပထမတစ္ႀကိမ္က ကာ့ထ္ဇူးမားနဲ႔ ထိခိုက္မိတာ ျဖစ္ၿပီး ဒုတိယတစ္ႀကိမ္ကေတာ့ အသင္းေဖာ္ ဟယ္ရီမက္ဂြာရီနဲ႔ ထိခိုက္မိခဲ့တာ ျဖစ္ပါတယ္။

၂၆ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ဦးေခါင္းေနာက္ပိုင္း ကြဲခဲ့တာေၾကာင့္ ကြင္းထဲမွာတင္ အေရးေပၚ ကုသမႈေတြ ခံယူခဲ့ရၿပီး လမ္းေလွ်ာက္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ မထႏိုင္တာေၾကာင့္ ထမ္းစင္နဲ႔ သယ္ထုတ္သြားခဲ့ရပါတယ္။

ဘိုင္လီက ေဆး႐ုံက ဆင္းႏိုင္ခဲ့ၿပီးေနာက္မွာ ကားေပၚကပုံကို ႐ိုက္ၿပီး သူအဆင္ေျပေၾကာင္း အင္စတာဂရမ္ကေန ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။

ဘိုင္လီက “အားေပးတဲ့ မက္ေဆ့ဂ်္ေတြ ေပးပို႔ခဲ့ၾကလို႔ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္အဆင္ေျပပါတယ္၊ ေၾကာက္ဖို႔ေတာ့ ေကာင္းတာေပါ့။ မေန႔ကအရႈံးကေတာ့ ပိုနာပါတယ္။ ဒါေပမဲ့ ဒီတစ္ပတ္ထဲမွာ ကစားရမယ့္ ပြဲႀကီးပြဲေကာင္း ႏွစ္ပြဲကို ျပန္အာ႐ုံစိုက္ၿပီး အေကာင္းဆုံး ျပန္လာခဲ့ပါမယ္” ဆိုၿပီး ေရးသားခဲ့ပါတယ္။

ဘိုင္လီနဲ႔ထိခိုက္မိခဲ့တဲ့ မက္ဂြာရီလည္း ေခါင္းေပါက္သြားခဲ့တာေၾကာင့္ ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲမွာ ပါဝင္ဖို႔ မေသခ်ာပဲ ဗစ္တာလင္ဒီေလာ့ဖ္က ခံစစ္မွာ ဦးေဆာင္လာႏိုင္ပါတယ္။ ဖီးလ္ဂ်ဳံးစ္နဲ႔ အက္စဲလ္တြမ္ဇီဘီတို႔ကလည္း ဒဏ္ရာ ရွိေနတာေၾကာင့္ တင္မိုသီဖိုဆူမန္ဆက္နဲ႔ ဆယ္ေက်ာ္သက္ေနာက္ခံလူ အီသန္လဲဒ္တို႔ေတာ့ အရန္အသင့္ ရွိေနပါတယ္။

Uni – မန်ချက်စတာယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်လီတစ်ယောက် လန်ဒန်ဆေးရုံမှာ တစ်ရက်တာ တက်ရောက်ခဲ့ပြီးနောက် ဆေးရုံက ပြန်ဆင်းခွင့်ရခဲ့ပြီလို့ သိရပါတယ်။

တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပေခဲ့ နောက်တစ်နေ့မှာတော့ သက်သာသွားပြီဖြစ်လို့ မန်ချက်စတာကို ပြန်ခွင့် ရခဲ့ပါတယ်။

အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာတော့ ဦးခေါင်းဒဏ်ရာကို သက်သာ စေနိုင်ဖို့အတွက် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

ပထမပိုင်း မပြီးခင်ကတည်းက ဘိုင်လီကို နှစ်ကြိမ်တိုင်တိုင် ဆေးကုသပေးခဲ့ရပြီး ပထမတစ်ကြိမ်က ကာ့ထ်ဇူးမားနဲ့ ထိခိုက်မိတာ ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကတော့ အသင်းဖော် ဟယ်ရီမက်ဂွာရီနဲ့ ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။

၂၆ နှစ်အရွယ် နောက်ခံလူဟာ ဦးခေါင်းနောက်ပိုင်း ကွဲခဲ့တာကြောင့် ကွင်းထဲမှာတင် အရေးပေါ် ကုသမှုတွေ ခံယူခဲ့ရပြီး လမ်းလျှောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မထနိုင်တာကြောင့် ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရပါတယ်။

ဘိုင်လီက ဆေးရုံက ဆင်းနိုင်ခဲ့ပြီးနောက်မှာ ကားပေါ်ကပုံကို ရိုက်ပြီး သူအဆင်ပြေကြောင်း အင်စတာဂရမ်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဘိုင်လီက “အားပေးတဲ့ မက်ဆေ့ဂျ်တွေ ပေးပို့ခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်အဆင်ပြေပါတယ်၊ ကြောက်ဖို့တော့ ကောင်းတာပေါ့။ မနေ့ကအရှုံးကတော့ ပိုနာပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်ထဲမှာ ကစားရမယ့် ပွဲကြီးပွဲကောင်း နှစ်ပွဲကို ပြန်အာရုံစိုက်ပြီး အကောင်းဆုံး ပြန်လာခဲ့ပါမယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

ဘိုင်လီနဲ့ထိခိုက်မိခဲ့တဲ့ မက်ဂွာရီလည်း ခေါင်းပေါက်သွားခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာပဲ ဗစ်တာလင်ဒီလော့ဖ်က ခံစစ်မှာ ဦးဆောင်လာနိုင်ပါတယ်။ ဖီးလ်ဂျုံးစ်နဲ့ အက်စဲလ်တွမ်ဇီဘီတို့ကလည်း ဒဏ်ရာ ရှိနေတာကြောင့် တင်မိုသီဖိုဆူမန်ဆက်နဲ့ ဆယ်ကျော်သက်နောက်ခံလူ အီသန်လဲဒ်တို့တော့ အရန်အသင့် ရှိနေပါတယ်။