ယူနိုက္တက္မွာ ဒီဂီယာ လိုအပ္ေနတာကို မွ်မွ်တတ သံုးသပ္သြားတဲ့ ဘာဘာေတာ့ဗ္
ယူနိုက္တက္ တိုက္စစ္မႉးေဟာင္းႀကီး ဒီမီတာဘာဘာေတာ့ဗ္ကေတာ့ မန္ယူႏိုက္တက္အသင္းအေနနဲ႔ ဂိုးသမား ေဒးဗစ္ ဒီဂီယာ ရဲ႕ ၿပိဳင္ဘက္အျဖစ္ လာမဲ့ရာသီမွာ လူငယ္ဂိုးသမားေလး ဒင္းဟန္ဒါဆန္ကို ထားရွိထားသင့္ေၾကာင္း သုံးသပ္လာခဲ့ပါတယ္။
ဒီဂီယာ ဟာ မန္ယူႏိုက္တက္အသင္းရဲ႕ နံပါတ္ ၁ ဂိုးသမားေနရာကို ၿပီးခဲ့တဲ့ ၉ႏွစ္လုံးလုံး သိမ္းပိုက္ထားႏိုင္ခဲ့သူျဖစ္ၿပီး ဒီရာသီမွာေတာ့ တစ္ဦးခ်င္း အမွားေတြနဲ႔အတူ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
အသက္ ၂၉ႏွစ္ အရြယ္ စပိန္သားဟာ ေနရာယူမႈ၊ ေဘာလုံးတားဆီးမႈတို႔မွာ အရမ္းအားနည္းေနၿပီး အာ႐ုံစူးစိုက္မႈလည္း မရွိဘူးဆိုတာက ကြၽမ္းက်င္သူေတြက ေထာက္ျပေျပာဆိုေနခဲ့ၾကတာပါ။
ဒီဂီယာ တစ္ေယာက္ ဒီလိုျဖစ္လာတာဟာ ပြဲထြက္ဂိုးသမားေနရာကို ၿခိမ္းေျခာက္ႏိုင္တဲ့ နံပါတ္ ၂ ဂိုးသမားေကာင္းေကာင္း မရွိတာေၾကာင့္ ျဖစ္ၿပီး စပိန္သားဟာ သူ႔ကိုယ္သူ ထိလို႔မရတဲ့သူတစ္ဦးအျဖစ္ ေတြးမိလာေၾကာင့္ျဖစ္ႏိုင္ေၾကာင္း ဘာဘာေတာ့ဗ္က ယုံၾကည္ေနပါတယ္။
“တနဂၤေႏြေန႔ကပြဲမွာဆိုရင္ ခ်ဲလ္ဆီးအသင္းရဲ႕ ဒုတိယသြင္းဂိုးကိုပဲ ၾကည့္ပါ။ ေဒးဗစ္ဒေဟးယားအေနနဲ႔ ဒီထက္ပိုေကာင္းေအာင္ ကာကြယ္ ခဲ့သင့္ပါတယ္။ သူလည္း ဒါကိုသိမယ္ထင္ပါတယ္။
ကြၽန္ေတာ့္အျမင္ကို ေျပာရမယ္ဆိုရင္ေတာ့ သူဟာ ကမာၻ႔အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးအျဖစ္ ရပ္တည္ေနႏိုင္ေသးပါဘူး။ ဒီရာသီမွာ အမွားေတြ လုပ္ပါေစဦး။ သူ႔အဆင့္အတန္းဟာ က်ဆင္းမသြားေသးပါဘူး။ အတိတ္က ထိပ္တန္းဂိုးသမားေတြေတာင္မွ အမွားလုပ္မိတဲ့ အခိုက္အတန္႔ ေတြကို ရင္ဆိုင္ခဲ့ၾကရတာပဲေလ။
ေဒးဗစ္လုပ္ရမွာကေတာ့ သူ႔ရဲ႕ပုံမွန္စြမ္းေဆာင္ရည္ကို ပုံမွန္ျပသႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ သူဟာ အေကာင္းဆုံးမဟုတ္ဘူး။ ပိုေကာင္းေအာင္ ဆက္တိုက္ႀကိဳးစားရမယ္ဆိုတာ သူလည္း သိထားမွာ ေသခ်ာပါတယ္။ တစ္ခါတစ္ေလမွာ လူေတြ ဘာလိုခ်င္ေနမွန္း ကြၽန္ေတာ္ နားမလည္ႏိုင္ဘူး။ သူကိုယ္တိုင္ ဟုတ္တယ္။ ကြၽန္ေတာ္ အမွားလုပ္ခဲ့မိတယ္လို႔ပဲ ဝန္ခံရမွာလား။
သူကိုယ္တိုင္လည္း ဒါကိုသိေနတာ အထင္အရွားပဲေလ။ အိမ္အျပန္လမ္းတစ္ေလွ်ာက္မွာ သူ ဒီအတြက္ စိတ္ပ်က္ေနာင္တရေနႏိုင္ပါတယ္။ ကစားသမားတိုင္းဟာ သူတို႔အမွားကို မေမ့တတ္ၾကပါဘူး။ ဒင္းဟန္ဒါဆန္သာ ျပန္ေရာက္လာခဲ့ရင္ေတာ့ ေဒးဗစ္အတြက္လည္း ေကာင္းလာႏိုင္ပါတယ္။ ကစားသမားတိုင္းဟာ အၿပိဳင္အဆိုင္ရွိဖို႔ လိုအပ္ပါတယ္။ ဟန္ဒါဆန္ကလည္း အရမ္းေကာင္းေနတယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္။
Uni – ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဒီမီတာဘာဘာတော့ဗ်ကတော့ မန်ယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ ရဲ့ ပြိုင်ဘက်အဖြစ် လာမဲ့ရာသီမှာ လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို ထားရှိထားသင့်ကြောင်း သုံးသပ်လာခဲ့ပါတယ်။
ဒီဂီယာ ဟာ မန်ယူနိုက်တက်အသင်းရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို ပြီးခဲ့တဲ့ ၉နှစ်လုံးလုံး သိမ်းပိုက်ထားနိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာတော့ တစ်ဦးချင်း အမှားတွေနဲ့အတူ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အသက် ၂၉နှစ် အရွယ် စပိန်သားဟာ နေရာယူမှု၊ ဘောလုံးတားဆီးမှုတို့မှာ အရမ်းအားနည်းနေပြီး အာရုံစူးစိုက်မှုလည်း မရှိဘူးဆိုတာက ကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုနေခဲ့ကြတာပါ။
ဒီဂီယာ တစ်ယောက် ဒီလိုဖြစ်လာတာဟာ ပွဲထွက်ဂိုးသမားနေရာကို ခြိမ်းခြောက်နိုင်တဲ့ နံပါတ် ၂ ဂိုးသမားကောင်းကောင်း မရှိတာကြောင့် ဖြစ်ပြီး စပိန်သားဟာ သူ့ကိုယ်သူ ထိလို့မရတဲ့သူတစ်ဦးအဖြစ် တွေးမိလာကြောင့်ဖြစ်နိုင်ကြောင်း ဘာဘာတော့ဗ်က ယုံကြည်နေပါတယ်။
“တနင်္ဂနွေနေ့ကပွဲမှာဆိုရင် ချဲလ်ဆီးအသင်းရဲ့ ဒုတိယသွင်းဂိုးကိုပဲ ကြည့်ပါ။ ဒေးဗစ်ဒဟေးယားအနေနဲ့ ဒီထက်ပိုကောင်းအောင် ကာကွယ် ခဲ့သင့်ပါတယ်။ သူလည်း ဒါကိုသိမယ်ထင်ပါတယ်။
ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ သူဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေနိုင်သေးပါဘူး။ ဒီရာသီမှာ အမှားတွေ လုပ်ပါစေဦး။ သူ့အဆင့်အတန်းဟာ ကျဆင်းမသွားသေးပါဘူး။ အတိတ်က ထိပ်တန်းဂိုးသမားတွေတောင်မှ အမှားလုပ်မိတဲ့ အခိုက်အတန့် တွေကို ရင်ဆိုင်ခဲ့ကြရတာပဲလေ။
ဒေးဗစ်လုပ်ရမှာကတော့ သူ့ရဲ့ပုံမှန်စွမ်းဆောင်ရည်ကို ပုံမှန်ပြသနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သူဟာ အကောင်းဆုံးမဟုတ်ဘူး။ ပိုကောင်းအောင် ဆက်တိုက်ကြိုးစားရမယ်ဆိုတာ သူလည်း သိထားမှာ သေချာပါတယ်။ တစ်ခါတစ်လေမှာ လူတွေ ဘာလိုချင်နေမှန်း ကျွန်တော် နားမလည်နိုင်ဘူး။ သူကိုယ်တိုင် ဟုတ်တယ်။ ကျွန်တော် အမှားလုပ်ခဲ့မိတယ်လို့ပဲ ဝန်ခံရမှာလား။
သူကိုယ်တိုင်လည်း ဒါကိုသိနေတာ အထင်အရှားပဲလေ။ အိမ်အပြန်လမ်းတစ်လျှောက်မှာ သူ ဒီအတွက် စိတ်ပျက်နောင်တရနေနိုင်ပါတယ်။ ကစားသမားတိုင်းဟာ သူတို့အမှားကို မမေ့တတ်ကြပါဘူး။ ဒင်းဟန်ဒါဆန်သာ ပြန်ရောက်လာခဲ့ရင်တော့ ဒေးဗစ်အတွက်လည်း ကောင်းလာနိုင်ပါတယ်။ ကစားသမားတိုင်းဟာ အပြိုင်အဆိုင်ရှိဖို့ လိုအပ်ပါတယ်။ ဟန်ဒါဆန်ကလည်း အရမ်းကောင်းနေတယ်လို့ ကျွန်တော် မြင်ပါတယ်။
အသက် ၂၃နှစ်က ဂိုးသမားတစ်ယောက်အတွက် ငယ်သေးပေမဲ့ သူ့ရဲ့ဆာလောင်မှု၊ ပြိုင်ဆိုင်လိုစိတ်တွေကို မြင်ရနိုင်ပါတယ်။ သူဟာ ဒေးဗစ်အပေါ်လည်း ခြားနားတဲ့သက်ရောက်မှုတွေ ပေးနိုင်ပါလိမ့်မယ်။ တစ်ခါတစ်လေမှာ ကစားသမားတစ်ဦးအနေနဲ့ ကိုယ့်ပွဲထွက်ခွင့်နေရတာ သေချာလွန်းနေရင် ကိုယ့်ကိုကိုယ် အထိမခံနိုင်သူအဖြစ် တွေးမိလာစေပြီး အမှားတွေ လုပ်တတ်ပါတယ်။ ဂိုးသမားတင် မကပါဘူး။ အခြားနေရာတွေက ကစားသမားတွေကလည်း အတူတူပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။
အသက္ ၂၃ႏွစ္က ဂိုးသမားတစ္ေယာက္အတြက္ ငယ္ေသးေပမဲ့ သူ႔ရဲ႕ဆာေလာင္မႈ၊ ၿပိဳင္ဆိုင္လိုစိတ္ေတြကို ျမင္ရႏိုင္ပါတယ္။ သူဟာ ေဒးဗစ္အေပၚလည္း ျခားနားတဲ့သက္ေရာက္မႈေတြ ေပးႏိုင္ပါလိမ့္မယ္။ တစ္ခါတစ္ေလမွာ ကစားသမားတစ္ဦးအေနနဲ႔ ကိုယ့္ပြဲထြက္ခြင့္ေနရတာ ေသခ်ာလြန္းေနရင္ ကိုယ့္ကိုကိုယ္ အထိမခံႏိုင္သူအျဖစ္ ေတြးမိလာေစၿပီး အမွားေတြ လုပ္တတ္ပါတယ္။ ဂိုးသမားတင္ မကပါဘူး။ အျခားေနရာေတြက ကစားသမားေတြကလည္း အတူတူပါပဲ။ ” လို႔ ေျပာၾကားခဲ့ပါတယ္။