အိုးထရက္ဖို႔ဒ္မွာ ၀က္စ္ဟမ္းကို သေရက်တဲ့ပြဲက ယူနုိက္တက္ သတိျပဳစရာ ၅ ခ်က္

ယူနိုက္တက္ဟာ ညက အိုးထရက္ဖို႕ဒ္မွာ ၀က္စ္ဟမ္းကို ဧည့္ခံ ကစားခဲ့ရာ နုိင္ပြဲ မယူနုိင္ခဲ့ဘဲ တစ္ဂိုး စီ သေရရလဒ္နဲ႕ ျပီးဆံုးခဲ့ပါတယ္။ ဒီပြဲမွာ ပရိသတ္ေတြ သတိမထားမိႏိုင္တဲ့ စိတ္ဝင္စားစရာ အခ်က္ ၅ ခ်က္ အေၾကာင္း ေဒးလီးစတားက အခုလို ေဖာ္ျပခဲ့ပါတယ္။

၁။ ပြဲၾကည့္စင္ေပၚက ဖာဂူဆန္

ပရီးမီးယားလိဂ္ ပြဲေတြမွာ ပရိသတ္ေတြကို ကြင္းအတြင္း ဝင္ခြင့္မေပး ေသးပါဘူး။ ဒါေပမဲ့ ခင္ဗ်ားအေနနဲ႔ ပရီးမီယားလိဂ္ ခ်န္ပီယံ ၁၃ ႀကိမ္ ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ရင္ စည္းကမ္းခ်က္ ေတြက အနည္းငယ္ေတာ့ ကြဲျပားပါလိမ့္မယ္။

ယူႏိုက္တက္ နည္းျပေဟာင္း ဆာအဲလက္ ဖာဂူဆန္ဟာ ဒီပြဲစဥ္မွာ ရွိေနခဲ့ပါတယ္။ သူဟာ အိုးထရက္ဖို႔ ပြဲၾကည့္စဥ္ေပၚမွာ ယူႏိုက္တက္ စီမံခန္႔ခြဲေရး ဒုဥကၠ႒ ရဲ႕ေရွ႕မွာထိုင္ၿပီး ပြဲကို ၾကည့္ေနခဲ့တာပါ။

(၂) ဂရင္းဝုဒ္ရဲ႕ ပြဲ ၅၀

မန္ခ်က္စတာ ယူႏိုက္တက္ လူငယ္ကစားသမား ဂရင္းဝုဒ္ အေနနဲ႔ ဝက္ဟမ္းနဲ႔ ပြဲစဥ္ေၾကာင့္ ယူႏိုက္တက္ ဂႏၲဝင္ ႐ိုင္ယန္ဂစ္ၿပီးရင္ အသင္း သမိုင္းမွာ ပြဲ ၅၀ ျပည့္ေျမာက္ခဲ့တဲ့ အသက္အငယ္ဆုံး ကစားသမား ျဖစ္လာခဲ့ပါၿပီ။

သူ႔ရဲ႕ ပြဲ ၅၀ ေျမာက္မွာ ဂရင္းဝုဒ္ဟာ သြင္းဂိုး ၁ ဂိုး ရယူေပးခဲ့ပါတယ္။ ဒီ သြင္းဂိုးေၾကာင့္ ၂၀၀၄-၂၀၀၅ တုန္းက ဝိန္း႐ြန္းနီနဲ႔ ၂၀၁၁-၂၀၁၂ ရာသီက လူကာကူ တို႔ေနာက္ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၀ ဂိုးျပည့္ေျမာက္ခဲ့တဲ့ အသက္အငယ္ဆုံး ကစားသမားလည္း ျဖစ္လာျပန္ ခဲ့ပါတယ္။

(၃) မွတ္တမ္းသစ္ ေရးထိုးႏိုင္ခဲ့တဲ့ ဆိုးရွား

ဝက္ဟမ္းနဲ႔ ပြဲစဥ္ရလဒ္ေၾကာင့္ ယူႏိုက္တက္ဟယ ၁၃ ပြဲဆက္ ပရီးမီးယားလိဂ္ ရႈံးပြဲမရွိ ျဖစ္ခဲ့ပါၿပီ။ ဒါဟာ ဆိုးရွားရဲ႕ မွတ္တမ္းေကာင္း တစ္ခုဘဲ ျဖစ္ပါတယ္။ ေနာ္ေဝလူမ်ိဳး နည္းျပဟာ သူစတင္ကိုင္တြယ္စဥ္၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ လတုန္းကလည္း ယူႏိုက္တက္ကို ၁၂ ပြဲဆက္တိုက္ ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။ ဒါေပမဲ့ အခု မွတ္တမ္းသစ္ကေတာ့ ဆိုးရွားအတြက္ ပိုမိုႀကီးက်ယ္ ခဲ့ပါတယ္။

၂၅ ပြဲဆက္တိုက္ ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္ေပးထားတဲ့ ဆာအဲလက္ ဖာဂူဆန္ ထြက္ခြာၿပီးကတည္းက ေမာ္ရင္ဟိုဟာ ယူႏိုက္တက္ အတြက္ ရႈံးပြဲမရွိေအာင္ ကာလအၾကာဆုံး စြမ္းေဆာင္ေပးထားတဲ့ နည္းျပဘဲ ျဖစ္ပါတယ္။

(၄) ဘ႐ူႏို ဖာနန္ဒက္ရဲ႕ အမွား

ဘ႐ူႏို ဖာနန္ဒက္ဟာ စပို႔တင္း လစၥဘြန္းကေန ယူႏိုက္တက္ကို ေျပာင္းလာကတည္းက ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပထားႏိုင္တဲ့ ကစားသမားပါ။ ဒါေပမဲ့ ဒီပြဲစဥ္မွာေတာ့ လူတိုင္းကို အံအားသင့္ေစတဲ့ အမွား ၁ ခုကို က်ဴးလြန္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္အတြင္းမွာ ရက္ဖို႔ ခုတ္တင္ ေပးလိုက္တဲ့ ေဘာလုံးကို ဖာနန္ဒက္က ထိန္းသိမ္းပုံ ညံ့ဖ်င္းခဲ့တာပါ။ ဂယ္ရီနဗီးက ဒီကိစၥနဲ႔ ပတ္သက္ၿပီး ” ကြၽန္ေတာ္ အရမ္း အံ့အားသင့္ မိပါတယ္။ သူ႔ရဲ႕ထိန္းသိမ္းပုံက အရမ္းဆိုး႐ြား ခဲ့တာပါ။ ပုံမွန္ဆိုရင္ သူက ဒီလို မဟုတ္ပါဘူး။” လို႔ ေျပာဆိုခဲ့ပါတယ္။

(၅) သေရက်ေပမဲ့ ထိပ္ဆုံး ၄ သင္းသို႔

ဒီပြဲစဥ္အၿပီး ယူႏိုက္တက္ဟာ စက္တင္ဘာလ ေနာက္ပိုင္း ထိပ္ဆုံး ၄ သင္းထဲကို ပထမဆုံးအႀကိမ္ ေရာက္ရွိလာတာပါ။ တစ္ပြဲကစားဖို႔ က်န္ရွိေနေသးတဲ့ အခ်ိန္မွာ အဆင့္ ၄ အတြင္း ဝင္ေရာက္လာႏိုင္တာ မဆိုးဘူးလို႔ ဆိုရမွာျဖစ္ၿပီး ေနာက္ဆုံးပြဲစဥ္ကိုေတာ့ စေနေန႔က အရႈံးေၾကာင့္ အဆင့္ ၅ ဆင္းေပးခဲ့ရတဲ့ လက္စတာနဲ႔ ကစားသြား ရမွာျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ကိုဗစ္ကာလ အလြန္ ေဘာလုံးပြဲေတြ ျပန္လည္ စတင္ကတည္းက လူအမ်ားရဲ႕ အထင္ႀကီးမႈကို ရရွိထၿပီး အခုခ်ိန္မွာေတာ့ ကင္းပါဝါကြင္းမွာ လက္စတာနဲ႔ ယွဥ္ၿပိဳင္ရမဲ့ပြဲက ခ်န္ပီယံလိဂ္ ဝင္ခြင့္ အဆုံးအျဖတ္ ျဖစ္လာခဲ့ပါၿပီ။

Uni – ယူနိုက်တက်ဟာ ညက အိုးထရက်ဖို့ဒ်မှာ ဝက်စ်ဟမ်းကို ဧည့်ခံ ကစားခဲ့ရာ နိုင်ပွဲ မယူနိုင်ခဲ့ဘဲ တစ်ဂိုး စီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ပရိသတ်တွေ သတိမထားမိနိုင်တဲ့ စိတ်ဝင်စားစရာ အချက် ၅ ချက် အကြောင်း ဒေးလီးစတားက အခုလို ဖော်ပြခဲ့ပါတယ်။

၁။ ပွဲကြည့်စင်ပေါ်က ဖာဂူဆန်

ပရီးမီးယားလိဂ် ပွဲတွေမှာ ပရိသတ်တွေကို ကွင်းအတွင်း ဝင်ခွင့်မပေး သေးပါဘူး။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ပရီးမီယားလိဂ် ချန်ပီယံ ၁၃ ကြိမ် ရရှိအောင် စွမ်းဆောင်ထားနိုင်ရင် စည်းကမ်းချက် တွေက အနည်းငယ်တော့ ကွဲပြားပါလိမ့်မယ်။

ယူနိုက်တက် နည်းပြဟောင်း ဆာအဲလက် ဖာဂူဆန်ဟာ ဒီပွဲစဉ်မှာ ရှိနေခဲ့ပါတယ်။ သူဟာ အိုးထရက်ဖို့ ပွဲကြည့်စဉ်ပေါ်မှာ ယူနိုက်တက် စီမံခန့်ခွဲရေး ဒုဥက္ကဋ္ဌ ရဲ့ရှေ့မှာထိုင်ပြီး ပွဲကို ကြည့်နေခဲ့တာပါ။

(၂) ဂရင်းဝုဒ်ရဲ့ ပွဲ ၅၀

မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမား ဂရင်းဝုဒ် အနေနဲ့ ဝက်ဟမ်းနဲ့ ပွဲစဉ်ကြောင့် ယူနိုက်တက် ဂန္တဝင် ရိုင်ယန်ဂစ်ပြီးရင် အသင်း သမိုင်းမှာ ပွဲ ၅၀ ပြည့်မြောက်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။

သူ့ရဲ့ ပွဲ ၅၀ မြောက်မှာ ဂရင်းဝုဒ်ဟာ သွင်းဂိုး ၁ ဂိုး ရယူပေးခဲ့ပါတယ်။ ဒီ သွင်းဂိုးကြောင့် ၂၀၀၄-၂၀၀၅ တုန်းက ဝိန်းရွန်းနီနဲ့ ၂၀၁၁-၂၀၁၂ ရာသီက လူကာကူ တို့နောက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုးပြည့်မြောက်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်လာပြန် ခဲ့ပါတယ်။

(၃) မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တဲ့ ဆိုးရှား

ဝက်ဟမ်းနဲ့ ပွဲစဉ်ရလဒ်ကြောင့် ယူနိုက်တက်ဟယ ၁၃ ပွဲဆက် ပရီးမီးယားလိဂ် ရှုံးပွဲမရှိ ဖြစ်ခဲ့ပါပြီ။ ဒါဟာ ဆိုးရှားရဲ့ မှတ်တမ်းကောင်း တစ်ခုဘဲ ဖြစ်ပါတယ်။ နော်ဝေလူမျိုး နည်းပြဟာ သူစတင်ကိုင်တွယ်စဉ်၂၀၁၈ ခုနှစ် ဒီဇင်ဘာ လတုန်းကလည်း ယူနိုက်တက်ကို ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခု မှတ်တမ်းသစ်ကတော့ ဆိုးရှားအတွက် ပိုမိုကြီးကျယ် ခဲ့ပါတယ်။

၂၅ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားတဲ့ ဆာအဲလက် ဖာဂူဆန် ထွက်ခွာပြီးကတည်းက မော်ရင်ဟိုဟာ ယူနိုက်တက် အတွက် ရှုံးပွဲမရှိအောင် ကာလအကြာဆုံး စွမ်းဆောင်ပေးထားတဲ့ နည်းပြဘဲ ဖြစ်ပါတယ်။

(၄) ဘရူနို ဖာနန်ဒက်ရဲ့ အမှား

ဘရူနို ဖာနန်ဒက်ဟာ စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်ကို ပြောင်းလာကတည်းက ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြထားနိုင်တဲ့ ကစားသမားပါ။ ဒါပေမဲ့ ဒီပွဲစဉ်မှာတော့ လူတိုင်းကို အံအားသင့်စေတဲ့ အမှား ၁ ခုကို ကျူးလွန်ခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်အတွင်းမှာ ရက်ဖို့ ခုတ်တင် ပေးလိုက်တဲ့ ဘောလုံးကို ဖာနန်ဒက်က ထိန်းသိမ်းပုံ ညံ့ဖျင်းခဲ့တာပါ။ ဂယ်ရီနဗီးက ဒီကိစ္စနဲ့ ပတ်သက်ပြီး ” ကျွန်တော် အရမ်း အံ့အားသင့် မိပါတယ်။ သူ့ရဲ့ထိန်းသိမ်းပုံက အရမ်းဆိုးရွား ခဲ့တာပါ။ ပုံမှန်ဆိုရင် သူက ဒီလို မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

(၅) သရေကျပေမဲ့ ထိပ်ဆုံး ၄ သင်းသို့

ဒီပွဲစဉ်အပြီး ယူနိုက်တက်ဟာ စက်တင်ဘာလ နောက်ပိုင်း ထိပ်ဆုံး ၄ သင်းထဲကို ပထမဆုံးအကြိမ် ရောက်ရှိလာတာပါ။ တစ်ပွဲကစားဖို့ ကျန်ရှိနေသေးတဲ့ အချိန်မှာ အဆင့် ၄ အတွင်း ဝင်ရောက်လာနိုင်တာ မဆိုးဘူးလို့ ဆိုရမှာဖြစ်ပြီး နောက်ဆုံးပွဲစဉ်ကိုတော့ စနေနေ့က အရှုံးကြောင့် အဆင့် ၅ ဆင်းပေးခဲ့ရတဲ့ လက်စတာနဲ့ ကစားသွား ရမှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုဗစ်ကာလ အလွန် ဘောလုံးပွဲတွေ ပြန်လည် စတင်ကတည်းက လူအများရဲ့ အထင်ကြီးမှုကို ရရှိထပြီး အခုချိန်မှာတော့ ကင်းပါဝါကွင်းမှာ လက်စတာနဲ့ ယှဉ်ပြိုင်ရမဲ့ပွဲက ချန်ပီယံလိဂ် ဝင်ခွင့် အဆုံးအဖြတ် ဖြစ်လာခဲ့ပါပြီ။