ယူနိုက္တက္မွာဆို ေပါ့ဘာကိုပဲ ၀ိုင္း ေ၀ဖန္ေနၾကတဲ့ အေပၚ သတိေပးခဲ့တဲ့ အီဗရာ
ယူႏိုက္တက္ေနာက္ခံလူေဟာင္း အီဗရာက ဗုဒၶဟူးေန႔ညက ၀က္စ္ဟမ္း အသင္းနဲ႔ ယူႏိုက္တက္ (၁-၁) သေရက်ခဲ့တဲ့ပြဲတုန္းက ရပ္ရွ္ဖိုဒ့္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ျပီး ေ၀ဖန္သြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အေရးပါတဲ့ (၂) မွတ္ ဆံုးရႈံးခဲ့ေသာ္လည္း တနဂၤေႏြေန႔ကစားမယ့္ ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲမတိုင္မီ အဆင့္ (၃) ေနရာမွာ ရပ္တည္ခြင့္ရခဲ့တာျဖစ္ပါတယ္။
ပထမပိုင္းမွာ ေပ့ါဘာရဲ႕ အံ့အားသင့္စရာ လက္ထိေဘာေၾကာင့္ ပင္နယ္တီ ျပစ္ဒဏ္ေဘာ ေပးခဲ့ရျပီး ၀က္စ္ဟမ္းတိုက္စစ္မွဴး အန္တိုနီယိုရဲ႕ အဖြင့္ဂိုးသြင္းယူျခင္းခံခဲ့ရပါတယ္။ ဒုတိယပိုင္းမွာ ဂရင္း၀ုဒ္က ယူႏိုက္တက္အသင္းအတြက္ ေခ်ပဂိုးသြင္းေပးခဲ့ျပီး သေရ (၁) မွတ္ရယူေပးခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း စကိုင္းစေပါ့ ေဘာလံုးေ၀ဖန္သူ အီဗရာက ပြဲအျပီးမွာ ရပ္ရွ္ဖိုဒ့္ကို ေ၀ဖန္သြားခဲ့ပါတယ္။
ယူႏိုက္တက္ေနာက္ခံလူေဟာင္းက “ဒီပြဲဟာ ယူႏိုက္တက္အသင္းအတြက္ ခက္ခဲတဲ့ ပြဲဆိုတာ ကၽြန္ေတာ္သိပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကိုေတာ့ စိတ္ပ်က္မိပါတယ္။ အားလံုးဟာ ေပါ့ဘာကိုေ၀ဖန္ေနၾကေပမယ့္ ရပ္ရွ္ဖိုဒ့္အေပၚ ဘယ္သူမွ ေျပာထားတာ မေတြ႕မိပါဘူး။ သူဟာ ဒီေန႔ ေတာ္ေတာ္ည့ံခဲ့ပါတယ္။ ဒါေပမယ့္ ၀က္စ္ဟမ္းအသင္းကေတာ့ ခ်ီးက်ဴးမႈ ေတြနဲ႔ ထိုက္တန္ပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။
ရပ္ရွ္ဖိုဒ့္ဟာ ၀က္စ္ဟမ္းအသင္းနဲ႔ ပြဲမတိုင္မီ ပရီးမီးယားလိဂ္ ေနာက္ဆံုး (၂) ပြဲမွာ ဂိုးေတြ သြင္းယူေပးခဲ့ပါတယ္။ သူဟာ ခ်ဲလ္ဆီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲနဲ႔ မေန႔ညက ၀က္စ္ဟမ္းအသင္းတို႔ ပြဲမွာ ပံုစံေကာင္း ေပ်ာက္ဆံုးခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္အသင္းဟာ တနဂၤေႏြေန႔မွာ အမွတ္ေပးဇယား အဆင့္ (၅) ေနရာက လက္စတာအသင္းရဲ႕ ကြင္းမွာ သြားေရာက္ကစားရမွာျဖစ္ျပီး အႏိုင္ရသူက ေနာက္ႏွစ္ ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိမွာပါ။ ဆိုးလ္ရွားရဲ႕ အသင္းဟာ သေရ (၁) မွတ္ပဲ ရရင္ေတာင္ အဆင့္ (၄) အတြင္း ၀င္ေရာက္မွာ ျဖစ္ပါတယ္။
Uni – ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက ဗုဒ္ဓဟူးနေ့ညက ဝက်စ်ဟမ်း အသင်းနဲ့ ယူနိုက်တက် (၁-၁) သရေကျခဲ့တဲ့ပွဲတုန်းက ရပ်ရှ်ဖိုဒ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ (၂) မှတ် ဆုံးရှုံးခဲ့သော်လည်း တနင်္ဂနွေနေ့ကစားမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲမတိုင်မီ အဆင့် (၃) နေရာမှာ ရပ်တည်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ ပေ့ါဘာရဲ့ အံ့အားသင့်စရာ လက်ထိဘောကြောင့် ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးခဲ့ရပြီး ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုရဲ့ အဖွင့်ဂိုးသွင်းယူခြင်းခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဂရင်းဝုဒ်က ယူနိုက်တက်အသင်းအတွက် ချေပဂိုးသွင်းပေးခဲ့ပြီး သရေ (၁) မှတ်ရယူပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း စကိုင်းစပေါ့ ဘောလုံးဝေဖန်သူ အီဗရာက ပွဲအပြီးမှာ ရပ်ရှ်ဖိုဒ့်ကို ဝေဖန်သွားခဲ့ပါတယ်။
ယူနိုက်တက်နောက်ခံလူဟောင်းက “ဒီပွဲဟာ ယူနိုက်တက်အသင်းအတွက် ခက်ခဲတဲ့ ပွဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် တစ်ချို့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုတော့ စိတ်ပျက်မိပါတယ်။ အားလုံးဟာ ပေါ့ဘာကိုဝေဖန်နေကြပေမယ့် ရပ်ရှ်ဖိုဒ့်အပေါ် ဘယ်သူမှ ပြောထားတာ မတွေ့မိပါဘူး။ သူဟာ ဒီနေ့ တော်တော်ညံ့ခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်းကတော့ ချီးကျူးမှု တွေနဲ့ ထိုက်တန်ပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။
ရပ်ရှ်ဖိုဒ့်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမတိုင်မီ ပရီးမီးယားလိဂ် နောက်ဆုံး (၂) ပွဲမှာ ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲနဲ့ မနေ့ညက ဝက်စ်ဟမ်းအသင်းတို့ ပွဲမှာ ပုံစံကောင်း ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ အမှတ်ပေးဇယား အဆင့် (၅) နေရာက လက်စတာအသင်းရဲ့ ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အနိုင်ရသူက နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာပါ။ ဆိုးလ်ရှားရဲ့ အသင်းဟာ သရေ (၁) မှတ်ပဲ ရရင်တောင် အဆင့် (၄) အတွင်း ဝင်ရောက်မှာ ဖြစ်ပါတယ်။