ဆန္ခ်ိဳ မဟုတ္ဘဲ ယူနိုက္တက္ ေခၚယူဖို႔ ေဆြးေႏြးေနတဲ့ ဘြန္ဒစ္လီဂါ ေတာင္ပံတိုက္စစ္သမား
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဂ်ာမန္ထိပ္တန္းကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ကင္းစေလကိုးလ္မန္းကို စိတ္ဝင္စားေနၿပီး ေဆြးေႏြးမႈေတြ ျပဳလုပ္ေနျပီလို႔ သိရပါတယ္။
ေဒါ့မြန္အသင္းရဲ႕ တိုက္စစ္ၾကယ္ပြင့္ေလး ေဂ်ဒန္ဆန္ခ်ိဳဟာ သရဲနီတို႔ရဲ႕ အဓိကပစ္မွတ္အျဖစ္ ရွိေနဆဲျဖစ္ေပမဲ့ အဂၤလန္သားေလးတစ္ေယာက္တည္းကိုပဲ ေခၚယူမယ္လို႔ ကန႔္သတ္မထားဘဲ ကိုးလ္မန္းလို ပစ္မွတ္ေတြကိုပါ ထည့္သြင္းစဥ္းစားေနတာ ျဖစ္ပါတယ္။
ဆန္ခ်ိဳအတြက္ ေဒါ့ထ္မန္အသင္းနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ရာမွာ လြယ္ကူမယ့္ ပုံမေပၚတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ အခုလို စီစဥ္လာခဲ့ျခင္းျဖစ္ေၾကာင္း The Athletic သတင္းဌာနက ေဖာ္ျပထားပါတယ္။
ကိုဗစ္ကပ္ ကာလေၾကာင့္ လာမဲ့ေႏြေဈးကြက္မွာ အသင္းေတာ္ေတာ္မ်ားမ်ား ေငြေၾကးအင္အားသုံးစြဲမႈေတြ နည္းပါးႏိုင္ဖြယ္ရွိေနခ်ိန္မွာ နည္းျပဆိုးရွားရဲ႕ အသင္းကေတာ့ ကစားသမားသစ္ႏွစ္ေယာက္၊ သုံးေယာက္ ေလာက္ ေခၚယူသြားဖို႔ ႀကိဳးစားေနပါတယ္။
ထို ပစ္မွတ္ကစားသမားေတြထဲမွာ အသက္ ၂၄ႏွစ္သားလည္း ပါဝင္ေနခဲ့တာျဖစ္ၿပီး ယူႏိုက္တက္အေနနဲ႔ အငွား သို႔မဟုတ္ အၿပီးသတ္ေခၚယူမႈျပဳလုပ္သြားဖြယ္ ရွိေနပါတယ္။ ျပင္သစ္သားကိုယ္တိုင္ကလည္း ေပါလ္ေပါ့ဂ္ဘာနဲ႔ အန္တိုနီယိုမာစီယဲလ္တို႔ရွိေနတဲ့ အိုးထရက္ဖို႔ဒ္ဆီ ေျပာင္းေ႐ႊ႕လာခ်င္ေနေၾကာင္း သိရပါတယ္။
ကိုးလ္မန္းဟာ ပီအက္စ္ဂ်ီ၊ ယူဗင္တပ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လို ဥေရာပထိပ္တန္းကလပ္အသင္းေတြမွာ ကစားခြင့္ရခဲ့သူျဖစ္ၿပီး ကစားခဲ့သမွ်အသင္းတိုင္းမွာလည္း ျပည္တြင္းအမွတ္ေပးဖလားကို အရယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ဒီရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ပြဲစဥ္ေပါင္း ၃၅ပြဲအထိ ကစားထားတဲ့ ကိုးလ္မန္းဟာ သြင္းဂိုး ၇ဂိုးနဲ႔ ဖန္တီးမႈ ၇ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ျမန္ႏႈန္းျမင့္ကစားပုံနဲ႔ တစ္ဦးခ်င္း ေက်ာ္ျဖတ္ႏိုင္စြမ္းအား ျမင့္မားတဲ့ ကစားသမား ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ မန္စီးတီးအသင္းရဲ႕ လီ႐ြိဳင္းဆာေနးကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ ကိုးလ္မန္းကို ေရာင္းထုတ္ဖို႔ စီစဥ္ေနတာျဖစ္ၿပီး ေဈးကြက္ေပါက္ေၾကး ယူ႐ိုသန္း ၄၀ ရွိေနတဲ့ ကစားသမား ကို ယူႏိုက္တက္ကို ညွိနိႈင္းေနမႈ အေျခအေန ေကာင္းမလားက ရင္ခုန္စရာ ျဖစ္ေနပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ကင်းစလေကိုးလ်မန်းကို စိတ်ဝင်စားနေပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်လေး ဂျေဒန်ဆန်ချိုဟာ သရဲနီတို့ရဲ့ အဓိကပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ပေမဲ့ အင်္ဂလန်သားလေးတစ်ယောက်တည်းကိုပဲ ခေါ်ယူမယ်လို့ ကန့်သတ်မထားဘဲ ကိုးလ်မန်းလို ပစ်မှတ်တွေကိုပါ ထည့်သွင်းစဉ်းစားနေတာ ဖြစ်ပါတယ်။
ဆန်ချိုအတွက် ဒေါ့ထ်မန်အသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ လွယ်ကူမယ့် ပုံမပေါ်တာကြောင့် ယူနိုက်တက်အနေနဲ့ အခုလို စီစဉ်လာခဲ့ခြင်းဖြစ်ကြောင်း The Athletic သတင်းဌာနက ဖော်ပြထားပါတယ်။
ကိုဗစ်ကပ် ကာလကြောင့် လာမဲ့နွေဈေးကွက်မှာ အသင်းတော်တော်များများ ငွေကြေးအင်အားသုံးစွဲမှုတွေ နည်းပါးနိုင်ဖွယ်ရှိနေချိန်မှာ နည်းပြဆိုးရှားရဲ့ အသင်းကတော့ ကစားသမားသစ်နှစ်ယောက်၊ သုံးယောက် လောက် ခေါ်ယူသွားဖို့ ကြိုးစားနေပါတယ်။
ထို ပစ်မှတ်ကစားသမားတွေထဲမှာ အသက် ၂၄နှစ်သားလည်း ပါဝင်နေခဲ့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အငှား သို့မဟုတ် အပြီးသတ်ခေါ်ယူမှုပြုလုပ်သွားဖွယ် ရှိနေပါတယ်။ ပြင်သစ်သားကိုယ်တိုင်ကလည်း ပေါလ်ပေါ့ဂ်ဘာနဲ့ အန်တိုနီယိုမာစီယဲလ်တို့ရှိနေတဲ့ အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့လာချင်နေကြောင်း သိရပါတယ်။
ကိုးလ်မန်းဟာ ပီအက်စ်ဂျီ၊ ယူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပထိပ်တန်းကလပ်အသင်းတွေမှာ ကစားခွင့်ရခဲ့သူဖြစ်ပြီး ကစားခဲ့သမျှအသင်းတိုင်းမှာလည်း ပြည်တွင်းအမှတ်ပေးဖလားကို အရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲစဉ်ပေါင်း ၃၅ပွဲအထိ ကစားထားတဲ့ ကိုးလ်မန်းဟာ သွင်းဂိုး ၇ဂိုးနဲ့ ဖန်တီးမှု ၇ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး မြန်နှုန်းမြင့်ကစားပုံနဲ့ တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်းအား မြင့်မားတဲ့ ကစားသမား ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ မန်စီးတီးအသင်းရဲ့ လီရွိုင်းဆာနေးကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာတော့ ကိုးလ်မန်းကို ရောင်းထုတ်ဖို့ စီစဉ်နေတာဖြစ်ပြီး ဈေးကွက်ပေါက်ကြေး ယူရိုသန်း ၄၀ ရှိနေတဲ့ ကစားသမား ကို ယူနိုက်တက်ကို ညှိနှိုင်းနေမှု အခြေအနေ ကောင်းမလားက ရင်ခုန်စရာ ဖြစ်နေပါတယ်။