ေပါင္ ၇၅ သန္း ေလာက္ ဆံုးရွံဳးရမယ့္ အေရး ေရွာင္လႊဲဖို႔ ေနာက္ဆံုးပြဲ ယူနုိက္တက္ အားကုန္ရုနး္ရဖို႔ ရွိ

ယူႏိုက္တက္အသင္းအေနနဲ႔ ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ လက္စတာနဲ႔ပြဲမွာ ရလဒ္မေကာင္းခဲ့ဘဲ လာမယ့္ရာသီခ်န္ပီယံလိဂ္ ကစားခြင့္နဲ႔ လြဲေခ်ာ္ခဲ့မယ္ဆိုရင္ ေပါင္သန္း ၇၀ ေလာက္ နစ္နာဆံုးရႈံးႏိုင္တယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ လက္က်န္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ ယူႏိုက္တက္၊ ခ်ဲလ္ဆီးနဲ႔ လက္စတာတို႔ အႀကိတ္အနယ္ျဖစ္ေနၿပီး ခ်န္ပီယံလိဂ္ကစားခြင့္ ဆံုးရႈံးတဲ့အသင္းကို ေပါင္သန္း ၅၀ နစ္နာမွာပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ဟာ ဒီရာသီေနာက္ဆံုးပြဲစဥ္ေတြမွာ ရမွတ္ တစ္မွတ္ရတာနဲ႔ပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရရွိမွာျဖစ္ပါ တယ္။ ယူအီးအက္ဖ္ေအအေနနဲ႔ ခ်န္ပီယံလိဂ္ေျခစစ္ပြဲေတြအတြက္ ေပါင္သန္း ၈၀ ေလာက္အထိသံုးစြဲေလ့ရွိၿပီး ယူ႐ိုပါလိဂ္ ေျခစစ္ပြဲစဥ္ေတြအတြက္ေတာ့ ေပါင္သန္း ၃၀ ေလာက္သံုးစြဲေလ့ရွိတယ္လို႔ သိရပါတယ္။

ဒါအျ့ပင္ ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္ကစားခြင့္နဲ႔ လြဲေခ်ာ္ခဲ့ပါက ေနာက္ထပ္ ေပါင္သန္း ၂၀ ေလာက္နစ္နာဖို႔ ရွိေနပါတယ္။ အက္ဒီးဒက္စ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ သေဘာတူစာခ်ဳပ္မွာ ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ရင္ ေပါင္သန္း၂၀ ေလာက္ ဆံုးရႈံးမွာျဖစ္ၿပီး ၂ႏွစ္ဆက္ ခ်န္ပီယံလိဂ္ကစားခြင့္နဲ႔ လြဲေခ်ာ္ခဲ့မယ္ဆိုရင္ေတာ့ ႏွစ္စဥ္ေပးေခ်ေနတဲ့ေငြထဲက ေပါင္ ၇၅ သန္းေလာက္ ဆံုးရႈံးဖို႔ ရွိေနတာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက ရာသီကုန္မွာ အမွတ္ေပးဇယား အဆင့္-၆ ေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့တာေၾကာင့္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကိုသာ ကစားခဲ့ရတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကလပ္အသင္းေတြအေနနဲ႔ ကိုဗစ္ဗိုင္းရပ္စ္ပိုးေၾကာင့္ ႐ုပ္သံထုတ္လႊင့္မႈေတြကေန ေပါင္သန္း ၃၃၀ ေလာက္အထိ နစ္နာခဲ့ရတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္အေနနဲ႔လည္း ကိုဗစ္အလြန္ ျပန္ကစားတဲ့ ပြဲစဥ္ေတြမွာ ပရိသတ္ မပါဘဲကစားခဲ့ရတာေၾကာင့္ ေပါင္သန္း ၂၀ ေလာက္နစ္နာခဲ့ရပါတယ္။ ရာသီကုန္မွာ အဆင့္-၄ အတြင္း မဝင္ခဲ့ဘဲ ယူ႐ိုပါလိဂ္မွာပါ ေအာင္ျမင္မႈမရခဲ့ဘူးဆိုရင္ ယူႏိုက္တက္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ေနာက္ထပ္ ၇လေလာက္ ေစာင့္ရမွာပဲ ျဖစ္ပါတယ္။

Uni – ယူနိုက်တက်အသင်းအနေနဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ လက်စတာနဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ဘဲ လာမယ့်ရာသီချန်ပီယံလိဂ် ကစားခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် ပေါင်သန်း ၇၀ လောက် နစ်နာဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ လက်စတာတို့ အကြိတ်အနယ်ဖြစ်နေပြီး ချန်ပီယံလိဂ်ကစားခွင့် ဆုံးရှုံးတဲ့အသင်းကို ပေါင်သန်း ၅၀ နစ်နာမှာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ ဒီရာသီနောက်ဆုံးပွဲစဉ်တွေမှာ ရမှတ် တစ်မှတ်ရတာနဲ့ပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမှာဖြစ်ပါ တယ်။ ယူအီးအက်ဖ်အေအနေနဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲတွေအတွက် ပေါင်သန်း ၈၀ လောက်အထိသုံးစွဲလေ့ရှိပြီး ယူရိုပါလိဂ် ခြေစစ်ပွဲစဉ်တွေအတွက်တော့ ပေါင်သန်း ၃၀ လောက်သုံးစွဲလေ့ရှိတယ်လို့ သိရပါတယ်။

ဒါအြ့ပင် ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ကစားခွင့်နဲ့ လွဲချော်ခဲ့ပါက နောက်ထပ် ပေါင်သန်း ၂၀ လောက်နစ်နာဖို့ ရှိနေပါတယ်။ အက်ဒီးဒက်စ်နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်မှာ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ပေါင်သန်း၂၀ လောက် ဆုံးရှုံးမှာဖြစ်ပြီး ၂နှစ်ဆက် ချန်ပီယံလိဂ်ကစားခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင်တော့ နှစ်စဉ်ပေးချေနေတဲ့ငွေထဲက ပေါင် ၇၅ သန်းလောက် ဆုံးရှုံးဖို့ ရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ရာသီကုန်မှာ အမှတ်ပေးဇယား အဆင့်-၆ နေရာမှာပဲ ရပ်တည်နိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ကစားခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် ရုပ်သံထုတ်လွှင့်မှုတွေကနေ ပေါင်သန်း ၃၃၀ လောက်အထိ နစ်နာခဲ့ရတယ်လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့လည်း ကိုဗစ်အလွန် ပြန်ကစားတဲ့ ပွဲစဉ်တွေမှာ ပရိသတ် မပါဘဲကစားခဲ့ရတာကြောင့် ပေါင်သန်း ၂၀ လောက်နစ်နာခဲ့ရပါတယ်။ ရာသီကုန်မှာ အဆင့်-၄ အတွင်း မဝင်ခဲ့ဘဲ ယူရိုပါလိဂ်မှာပါ အောင်မြင်မှုမရခဲ့ဘူးဆိုရင် ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နောက်ထပ် ၇လလောက် စောင့်ရမှာပဲ ဖြစ်ပါတယ်။