ပြဲကစားခြင့္ မရတဲ့ ယူနိုက္တက္မွာ ဆက္ရွိဖို႔ အနာဂတ္ကို ျပန္စဥ္းစားေနတဲ့ ဂိုးသမား ရိုမဲရိုး
မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ အရန္ ဂိုးသမား ရိုမဲရိုးဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ၂၀၁၅ ခုႏွစ္ကတည္းက အိုးထရက္ဖိုဒ့္ကို ေရာက္လာတဲ့ အသက္ ၃၃ ႏွစ္ အရြယ္ကစားသမားဟာ ဒီဂီယာရဲ႕ ေနာက္မွာသာ ပြဲကစားခြင့္ရထားလို႔ ယူႏိုက္တက္အသင္းအတြက္ ျပိဳင္ပြဲစံု ၅၉ ပြဲ ပဲ ကစားထားရတာျဖစ္ပါတယ္။

အာဂ်င္တီးနား လက္ေရြးစင္အသင္းနဲ႔ ၉၅ ပြဲ ပါ၀င္ကစားထားတဲ့ ရိုမဲရိုးရဲ႕ ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကလည္း ေနာက္ေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္ေပမယ့္ အသင္းက ေနာက္ထပ္ (၁) ႏွစ္ စာခ်ဳပ္ သက္တမ္းတုိးခြင့္ ရွိပါတယ္။
အဂၤလန္ Metro သတင္းဌာနက အဆိုအရ ေတာင္အေမရိက ကစားသမားဟာ ခ်ယ္ဆီးအသင္းန႔ဲ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲတုန္းက ခ်န္လွပ္ထားျခင္းခံရတဲ့အေပၚ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ခ်ယ္ဆီးနဲ႕ ပြဲတုန္းက ယူႏိုက္တက္ ဂိုးသမား ဒီဂီယာဟာ အမွားေတြလုပ္ခဲ့ေသာ္လည္း ေနာက္ပြဲမွာ ခ်န္လွပ္ထားျခင္း မခံရပဲ ဆက္ ကစားခဲ့တဲ့ ၀က္စ္ဟမ္းအသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲမွာလည္း ပါ၀င္ ပြဲထြက္ကစားခြင့္ ရခဲ့ပါတယ္။
ရိုမဲရိုးဟာ ၀င္ဘေလကြင္းမွာ ပါ၀င္ မကစားခြင့္ရတဲ့အေပၚ စိတ္ပ်က္ေနျပီး ဆိုးလ္ရွားရဲ႕ အသင္းမွာရွိတဲ့ အနာဂတ္အေပၚ စဥ္းစားေနျပီလို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းဟာ အေတြ႕အၾကံဳရင့္ ဂိုးသမား ရိုမဲရိုး အတြက္ ေပါင္ ၄ သန္း သတ္မွတ္ထားတာ ျဖစ္ပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်ရဲ့ အရန် ဂိုးသမား ရိုမဲရိုးဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက အိုးထရက်ဖိုဒ့်ကို ရောက်လာတဲ့ အသက် ၃၃ နှစ် အရွယ် ကစားသမားဟာ ဒီဂီယာရဲ့ နောက်မှာသာ ပွဲကစားခွင့်ရထားလို့ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၅၉ ပွဲ ပဲ ကစားထားရတာဖြစ်ပါတယ်။
အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ၉၅ ပွဲ ပါဝင်ကစားထားတဲ့ ရိုမဲရိုးရဲ့ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကလည်း နောက်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းက နောက်ထပ် (၁) နှစ် စာချုပ် သက်တမ်းတိုးခွင့် ရှိပါတယ်။
အင်္ဂလန် Metro သတင်းဌာနက အဆိုအရ တောင်အမေရိက ကစားသမားဟာ ချယ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲတုန်းက ချန်လှပ်ထားခြင်းခံရတဲ့အပေါ် မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချယ်ဆီးနဲ့ ပွဲတုန်းက ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ အမှားတွေလုပ်ခဲ့သော်လည်း နောက်ပွဲမှာ ချန်လှပ်ထားခြင်း မခံရပဲ ဆက် ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ပါဝင် ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။
ရိုမဲရိုးဟာ ဝင်ဘလေကွင်းမှာ ပါဝင် မကစားခွင့်ရတဲ့အပေါ် စိတ်ပျက်နေပြီး ဆိုးလ်ရှားရဲ့ အသင်းမှာရှိတဲ့ အနာဂတ်အပေါ် စဉ်းစားနေပြီလို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ အတွေ့အကြုံရင့် ဂိုးသမား ရိုမဲရိုး အတွက် ပေါင် ၄ သန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။
