ခ်ယ္ဆီးနည္းျပ လမ္းပတ္က ယူနိုက္တက္မွ ဆိုးရွားထက္ ပိုသာခဲ့တယ္လို႔ သရဲနီေဟာင္း ၀န္ခံ
ဖရန္႔ လမ္းပတ္ရဲ႕ ခ်ယ္ဆီးနည္းျပဘဝပထမဆုံးရာသီဟာ ဆိုးရွားရဲ႕ ယူႏိုက္တက္နည္းျပထက္ ပိုမိုေကာင္းမြန္ခဲ့တယ္လို႔ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ကိန္းက ၀န္ခံ ေျပာဆိုလိုက္ပါတယ္။ ဆိုးရွားနဲ႔ လမး္ပတ္တို႔ဟာ ေနာက္ဆုံးပြဲစဥ္မွာ ၿပိဳင္ဘက္ေတြကို ကိုယ္စီအႏိုင္ရရွိခဲ့ၿပီးေနာက္ အဆင့္ ၃၊ ၄ ေတြရခဲ့ကာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့ၾကပါတယ္။
ဒါေပမယ့္လည္း ႐ြိဳင္ကိန္းက လမ္းပတ္ရဲ႕ ပြဲဦးထြက္ရာသီမွာ ကစားသမားသစ္ေတြ ေခၚယူႏိုင္ျခင္းမရွိခဲ့ဘဲ အသင္းရဲ႕ အေကာင္းဆုံး ကစားသမားဟာဇက္ကိုပါ ဆုံးရႈံးခဲ့ရတာကို ေထာက္ျပခဲ့ပါတယ္။ ဆိုးရွား ကေတာ့ ရာသီအစမွာပဲ ကစားသမားသစ္ ၃ဦးကို ေခၚယူခဲ့ၿပီး အင္ျပည့္အားျပည့္နဲ႔ ပြဲထြက္ႏိုင္ခဲ့တာျဖစ္ပါတယ္။
“ဖရန္႔ လုပ္ျပနိုင္ခဲ့တာေတြက ပိုၿပီးေတာ့ေကာင္းမြန္ခဲ့ပါတယ္၊ သူတို႔ကို အဆင့္ေလးနဲ႔ မနီးမေဝးနားမွာပဲရွိမယ္လို႔ ေမွ်ာ္လင့္ခဲ့တာပါ၊ ဒါေပမယ့္ သူတို႔က ေကာင္းေကာင္းကစားႏိုင္ခဲ့ၿပီး ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္၊ ႀကီးမားတဲ့ ဆုံးျဖတ္မႈေတြကို သူ ခ်မွတ္ႏိုင္ခဲ့ၿပီး လူငယ္ကစားသမားေတြ အမ်ားအျပားကိုလည္း ပြဲထြက္ႏိုင္ခဲ့ပါတယ္၊ ကစားသမားေကာင္းေတြ၊ အရည္အေသြးေကာင္းေတြေဖာ္ထုတ္ခဲ့တာပါ”
“ဒါေပမယ့္ သူတို႔မွာ အခြင့္အေရးရဖို႔ေတာ့ လိုအပ္ေနပါေသးတယ္၊ သူတို႔က အမွတ္ေပးဇယားအဆင့္ေလးမွာ ရပ္တည္ႏိုင္ခဲ့ၿပီး တကယ္လို႔သာ အက္ဖ္ေအဖလား ဆြတ္ခူးႏိုင္ခဲ့မယ္ဆိုရင္ ႀကီးမားတဲ့ ေအာင္ျမင္မႈ ျဖစ္လာပါလိမ့္မယ္၊” လို႔ ႐ြိဳင္ကိန္းက စကိုင္းစေပါ့မွာ ေျပာဆိုသြားခဲ့ပါတယ္။
ဆိုးရွားရဲ႕ ယူႏိုက္တက္ဟာ တစ္ရာသီလုံးမွာ ေျခစြမ္းပိုင္းအတက္အက်ေတြနဲ႔ ႐ုန္းကန္ေနခဲ့ရၿပီး ဇန္နဝါရီလမွစကာ ႏိုင္ပြဲဆက္ခဲ့ၿပီး ေျခစြမ္းပိုင္း တည္ၿငိမ္ခဲ့လို႔ အဆင့္ ၃ေနရာအထိ တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဆိုးရွားအတြက္ ေက်နပ္စရာအေနအထားတစ္ခုျဖစ္ၿပီး ေဝဖန္မႈေတြမွားယြင္းေၾကာင္း သက္ေသျပႏိုင္ခဲ့တယ္လို႔ ရြိဳင္ကိန္းက ေျပာခဲ့ပါတယ္။
Uni – ဖရန့် လမ်းပတ်ရဲ့ ချယ်ဆီးနည်းပြဘဝပထမဆုံးရာသီဟာ ဆိုးရှားရဲ့ ယူနိုက်တက်နည်းပြထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဝန်ခံ ပြောဆိုလိုက်ပါတယ်။ ဆိုးရှားနဲ့ လမ်းပတ်တို့ဟာ နောက်ဆုံးပွဲစဉ်မှာ ပြိုင်ဘက်တွေကို ကိုယ်စီအနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၃၊ ၄ တွေရခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ရွိုင်ကိန်းက လမ်းပတ်ရဲ့ ပွဲဦးထွက်ရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘဲ အသင်းရဲ့ အကောင်းဆုံး ကစားသမားဟာဇက်ကိုပါ ဆုံးရှုံးခဲ့ရတာကို ထောက်ပြခဲ့ပါတယ်။ ဆိုးရှား ကတော့ ရာသီအစမှာပဲ ကစားသမားသစ် ၃ဦးကို ခေါ်ယူခဲ့ပြီး အင်ပြည့်အားပြည့်နဲ့ ပွဲထွက်နိုင်ခဲ့တာဖြစ်ပါတယ်။
“ဖရန့် လုပ်ပြနိုင်ခဲ့တာတွေက ပိုပြီးတော့ကောင်းမွန်ခဲ့ပါတယ်၊ သူတို့ကို အဆင့်လေးနဲ့ မနီးမဝေးနားမှာပဲရှိမယ်လို့ မျှော်လင့်ခဲ့တာပါ၊ ဒါပေမယ့် သူတို့က ကောင်းကောင်းကစားနိုင်ခဲ့ပြီး ကျော်ဖြတ်နိုင်ခဲ့တယ်၊ ကြီးမားတဲ့ ဆုံးဖြတ်မှုတွေကို သူ ချမှတ်နိုင်ခဲ့ပြီး လူငယ်ကစားသမားတွေ အများအပြားကိုလည်း ပွဲထွက်နိုင်ခဲ့ပါတယ်၊ ကစားသမားကောင်းတွေ၊ အရည်အသွေးကောင်းတွေဖော်ထုတ်ခဲ့တာပါ”
“ဒါပေမယ့် သူတို့မှာ အခွင့်အရေးရဖို့တော့ လိုအပ်နေပါသေးတယ်၊ သူတို့က အမှတ်ပေးဇယားအဆင့်လေးမှာ ရပ်တည်နိုင်ခဲ့ပြီး တကယ်လို့သာ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်လာပါလိမ့်မယ်၊” လို့ ရွိုင်ကိန်းက စကိုင်းစပေါ့မှာ ပြောဆိုသွားခဲ့ပါတယ်။
ဆိုးရှားရဲ့ ယူနိုက်တက်ဟာ တစ်ရာသီလုံးမှာ ခြေစွမ်းပိုင်းအတက်အကျတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ဇန်နဝါရီလမှစကာ နိုင်ပွဲဆက်ခဲ့ပြီး ခြေစွမ်းပိုင်း တည်ငြိမ်ခဲ့လို့ အဆင့် ၃နေရာအထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးရှားအတွက် ကျေနပ်စရာအနေအထားတစ်ခုဖြစ်ပြီး ဝေဖန်မှုတွေမှားယွင်းကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ရွိုင်ကိန်းက ပြောခဲ့ပါတယ်။