ယူနိုက္တက္အတြက္ ကူညီေပးခဲ့သလို ျဖစ္လို႔ Secret Agent လို႔ တင္စားခံေနရတဲ့ အီဗန္

ယူႏိုက္တက္အသင္း ပရိသတ္ေတြဟာ လက္စတာကို ဝ-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲအလွည့္အေျပာင္းျဖစ္ေစခဲ့တဲ့ ပင္နယ္တီရရွိမႈအတြက္ ျပစ္ဒဏ္ က်ဴးလြန္ခဲ့တဲ့ လက္စတာေနာက္ခံလူ ဂြၽန္နီအီဗန္ကို လွ်ိဳ႕ဝွက္ေအးဂ်င့္ အျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳသြားပါတယ္။

ယူႏိုက္တက္ဟာ လက္စတာကို ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ တတိယေနရာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိသြားခဲ့ၿပီး ဒုတိယပိုင္းမွာ ယူႏိုက္တက္ေနာက္ခံလူေဟာင္း အီဗန္က တိုက္စစ္မႉးမာရွယ္ကို ၾကမ္းတမ္းစြာ ကစားခဲ့လို႔ ယူႏိုက္တက္အသင္း ပင္နယ္တီရရွိခဲ့ပါတယ္။

ဒါဟာ ပရီးမီးယားလိဂ္စံခ်ိန္သစ္အျဖစ္ ယခုရာသီအတြင္း ယူႏိုက္တက္အသင္း ၁၄ ႀကိမ္ေျမာက္ ရရွိခဲ့တဲ့ပင္နယ္တီျဖစ္ၿပီး ဖာနန္ဒက္စ္က အမွားအယြင္းမရွိ ကန္သြင္းယူသြားပါတယ္။အီဗန္ ဟာ ေနာက္ပိုင္းမွာ မက္တိုမီေနးကို ၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့လို႔ တိုက္႐ိုက္အနီကတ္ျပသခံခဲ့ရၿပီး ပင္နယ္တီေပးခဲ့ရခ်ိန္ကတည္းက အဝါကတ္ျပသခံရၿပီးျဖစ္လို႔ တိုက္႐ိုက္ အနီကတ္ျပသမခံရရင္လည္း ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံရမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ အခုလိုတိုက္႐ိုက္အနီကတ္ျပသခံခဲ့ရလို႔ ရာသီအဖြင့္ ၃ ပြဲကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။ ပြဲအၿပီးမွာ ယူႏိုက္တက္ပရိသတ္ေတြက တြစ္တာမွာ ေနာက္ခံလူေဟာင္း အီဗန္ကို ခ်ီးက်ဴးသြားပါတယ္။

”လွ်ိဳ႕ဝွက္ေအးဂ်င့္ႀကီး အီဗန္။ အခုခ်ိန္အထိ သရဲနီ ျဖစ္ေနဆဲပါပဲ”။ ”ဒီေန႔မွာေတာ့ အီဗန္က ယူႏိုက္တက္အတြက္ပဲ။ ယူႏိုက္တက္ကို ပင္နယ္တီယူေပးတယ္။ အနီကတ္ယူသြားတယ္။ ယူႏိုက္တက္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ရေစခဲ့တယ္။ စစ္မွန္တဲ့အနီပဲ ”လို႔ ပရိသတ္ေတြက အသီးသီး ေရးသားခဲ့ၾကပါတယ္။

အီဗန္ကို ယူနုိက္တက္ရဲ႕ ဂႏၱ၀င္နည္းျပၾကီး ဆာအဲလက္စ္က တခ်ိန္က ယူနုိက္တက္ရဲ႕ အသင္းေခါင္းေဆာင္ ခန္႔အပ္ဖို႔ ရည္ရြယ္ထားခဲ့ဖူးျပီး ၄င္း အနားယူျပီး ေနာက္ပိုင္းမွာ အီဗန္က အသင္းေျပာင္းေရႊ႕သြားခဲ့ရတာ ျဖစ္ပါတယ္။

Uni – ယူနိုက်တက်အသင်း ပရိသတ်တွေဟာ လက်စတာကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲအလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ပင်နယ်တီရရှိမှုအတွက် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့လက်စတာနောက်ခံလူ ဂျွန်နီအီဗန်ကို လျှို့ဝှက်အေးဂျင့် အဖြစ် ချီးကျူးဂုဏ်ပြုသွားပါတယ်။

ယူနိုက်တက်ဟာ လက်စတာကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် တတိယနေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားခဲ့ပြီး ဒုတိယပိုင်းမှာ ယူနိုက်တက်နောက်ခံလူဟောင်း အီဗန်က တိုက်စစ်မှူးမာရှယ်ကို ကြမ်းတမ်းစွာ ကစားခဲ့လို့ ယူနိုက်တက်အသင်း ပင်နယ်တီရရှိခဲ့ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ်စံချိန်သစ်အဖြစ် ယခုရာသီအတွင်း ယူနိုက်တက်အသင်း ၁၄ ကြိမ်မြောက် ရရှိခဲ့တဲ့ပင်နယ်တီဖြစ်ပြီး ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူသွားပါတယ်။အီဗန် ဟာ နောက်ပိုင်းမှာ မက်တိုမီနေးကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့လို့ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး ပင်နယ်တီပေးခဲ့ရချိန်ကတည်းက အဝါကတ်ပြသခံရပြီးဖြစ်လို့ တိုက်ရိုက်အနီကတ်ပြသမခံရရင်လည်း ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလိုတိုက်ရိုက်အနီကတ်ပြသခံခဲ့ရလို့ ရာသီအဖွင့် ၃ ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရတော့မှာဖြစ်ပါတယ်။ ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေက တွစ်တာမှာ နောက်ခံလူဟောင်း အီဗန်ကို ချီးကျူးသွားပါတယ်။

”လျှို့ဝှက်အေးဂျင့်ကြီး အီဗန်။ အခုချိန်အထိ သရဲနီ ဖြစ်နေဆဲပါပဲ”။ ”ဒီနေ့မှာတော့ အီဗန်က ယူနိုက်တက်အတွက်ပဲ။ ယူနိုက်တက်ကို ပင်နယ်တီယူပေးတယ်။ အနီကတ်ယူသွားတယ်။ ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရစေခဲ့တယ်။ စစ်မှန်တဲ့အနီပဲ ”လို့ ပရိသတ်တွေက အသီးသီး ရေးသားခဲ့ကြပါတယ်။

အီဗန်ကို ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်က တချိန်က ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ခန့်အပ်ဖို့ ရည်ရွယ်ထားခဲ့ဖူးပြီး ၎င်း အနားယူပြီး နောက်ပိုင်းမှာ အီဗန်က အသင်းပြောင်းရွှေ့သွားခဲ့ရတာ ဖြစ်ပါတယ်။