ယူနိုက္တက္ ထိပ္သီးျဖစ္ဖို႔ ေပါင္ ဘယ္နွသန္းေလာက္ သံုးရဦးမလဲ နဗီးလ္ သံုးသပ္

မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာက္အေျပာင္းအေ႐ႊ႕ရာသီမွာ ေနာက္ထပ္ ေပါင္ သန္း ၁၇၀ ေလာက္ သုံးဖို႔ လိုအပ္တယ္ လို႔ ဂယ္ရီနဗီးက ဆိုပါတယ္။

၂၀၁၉-၂၀၂၀ ရာသီဝက္မွာ ထိပ္ဆုံးေလးသင္းထဲဝင္ဖို႔က မျဖစ္ႏိုင္ခဲ့ေပမယ့္ ဆိုးလ္ရွားရဲ႕ အသင္းဟာ ေနာက္ဆုံး မွာေတာ့ တည္ၿငိမ္မႈ ရရွိခဲ့တာနဲ႔အတူ အဆင့္၃ေနရာနဲ႔ ရာသီသိမ္းႏိုင္ခဲ့ပါတယ္။ ေနာက္ရာသီ ဥေရာပၿပိဳင္ပြဲက အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္ရွိလာေတာ့မွာျဖစ္သလို ဒါက ေႏြအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ကစားသမား ေခၚယူေရးအတြက္ အသုံးဝင္တဲ့ အားသာခ်က္တစ္ခု ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ယူႏိုက္တက္ဟာ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳ၊ အက္စ္တြန္ဗီလာ ၾကယ္ပြင့္ ဂ်က္ဂရီးလစ္ရွ္တို႔ အပါအဝင္ ကစားသမားမ်ားစြာနဲ႔ ခ်ိတ္ဆက္မႈရွိထားတာနဲ႔အတူ ေဈးကြက္မွာ အမ်ားႀကီး သုံးစြဲရဖို႔ ရွိေနတာ ျဖစ္ပါတယ္။

ေနာက္ဆုံးအႀကိမ္ လူသစ္ေခၚယူေရး လႈပ္ရွားမႈေတြက ဟိုေဆးေမာ္ရင္ညိဳလက္ေအာက္ အဆင့္၄အတြင္း ဝင္ေစခဲ့ၿပီး အခုခ်ိန္မွာ ျပည္တြင္းနဲ႔ဥေရာပၿပိဳင္ဘက္ေတြၾကား ကြာဟမႈက ႀကီးမားေနဆဲျဖစ္တာနဲ႔အတူ ဒီတစ္ႀကိမ္မွာလဲ အလားတူ ခ်ဥ္းကပ္မႈေတြ လုပ္လိမ့္မယ္လို႔ နဗီးက ေမွ်ာ္လင့္ေနပါတယ္။

“ယူႏိုက္တက္ရဲ႕ ပြဲထြက္၁၁ေယာက္က ေနာက္ဆုံးမိနစ္၂၀မွာ လုံးဝၿပီးဆုံးခဲ့ၿပီး ဒါက အသင္းမွာ ကစားသမားေတြ ပိုလိုအပ္တယ္ဆိုတာကိုျပသေနပါတယ္၊ ေနာက္ဆုံးအႀကိမ္ ယူႏိုက္တက္တို႔ ေမာ္ရင္ညိဳလက္ေအာက္ ေႏြရာသီမွာ ေပါင္သန္း၁၇၀သုံးခဲ့တုန္းက ထိပ္ဆုံးသုံးသင္းထဲ ဝင္ခဲ့တယ္၊ ယူႏိုက္တက္အေနနဲ႔ အဲ့ေလာက္ပမာဏကိုအခုထပ္မံ ရင္းႏွီးျမဳပ္ႏွံဖို႔လိုတယ္ထင္ပါတယ္၊ ဒါေပမယ့္ လီဗာပူး၊ စီးတီးတို႔လိုျဖစ္ဖို႔ နည္းလမ္းတက် လုပ္မွရမွာပါ၊ ဒီအသင္းက တိုးတက္ဖို႔လိုအပ္ေနပါတယ္”လို႔ နဗီးက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ၂၀၁၉-၂၀၂၀ ရာသီအတြင္း မက္ဂြဲရား၊ ဝမ္ဘစ္ဆာကာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔လို ကစားသမားေတြအတြက္ အေတာ္ေလးအဖိုးတန္မႈကို ရရွိခဲ့သလို အခု အသင္းမွာ ျဖည့္ဖို႔လိုေသးတဲ့ဟာကြက္ေတြ ရွိေနဆဲျဖစ္တာေၾကာင့္ နဗီးက အလားတူ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

“သူတို႔ေတြ ပထမဆုံးအေနနဲ႔ ပြဲထြက္၁၁ေယာက္စာရင္း တိုးတက္ဖို႔လိုတယ္၊ ဒါက လက္စတာနဲ႔ပြဲမွာကစားခဲ့တဲ့ ဘယ္ကစားသမားကိုမွ မေကာင္းေျပာတာမဟုတ္ပါဘူး၊ တစ္ရာသီကိုပြဲ၅၀၊ ၆၀ေလာက္ကစားရရင္ အသင္းရဲ႕ အစိတ္အပိုင္းျဖစ္လာဖို႔ လုံေလာက္ေအာင္ ေကာင္းမြန္တဲ့ အရန္ျဖစ္ေနရတဲ့ကစားသမားေတြလဲ ရွိပါတယ္၊ မွန္ကန္တဲ့အေၾကာင္းျပခ်က္ေတြနဲ႔ ေရာက္လာၿပီး ကလပ္အတြက္ ကစားေပးခ်င္တဲ့ ကစားသမားေတြရဖို႔က အေရးႀကီးပါတယ္”လို႔ နဗီးက ေျပာဆိုခဲ့ပါတယ္။

Uni – မန်ချက်စတာယူနိုက်တက်ဟာ နောက်အပြောင်းအရွှေ့ရာသီမှာ နောက်ထပ် ပေါင် သန်း ၁၇၀ လောက် သုံးဖို့ လိုအပ်တယ် လို့ ဂယ်ရီနဗီးက ဆိုပါတယ်။

၂၀၁၉-၂၀၂၀ ရာသီဝက်မှာ ထိပ်ဆုံးလေးသင်းထဲဝင်ဖို့က မဖြစ်နိုင်ခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ အသင်းဟာ နောက်ဆုံး မှာတော့ တည်ငြိမ်မှု ရရှိခဲ့တာနဲ့အတူ အဆင့်၃နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ နောက်ရာသီ ဥရောပပြိုင်ပွဲက အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာတော့မှာဖြစ်သလို ဒါက နွေအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား ခေါ်ယူရေးအတွက် အသုံးဝင်တဲ့ အားသာချက်တစ်ခု ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

ယူနိုက်တက်ဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို၊ အက်စ်တွန်ဗီလာ ကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်တို့ အပါအဝင် ကစားသမားများစွာနဲ့ ချိတ်ဆက်မှုရှိထားတာနဲ့အတူ ဈေးကွက်မှာ အများကြီး သုံးစွဲရဖို့ ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် လူသစ်ခေါ်ယူရေး လှုပ်ရှားမှုတွေက ဟိုဆေးမော်ရင်ညိုလက်အောက် အဆင့်၄အတွင်း ဝင်စေခဲ့ပြီး အခုချိန်မှာ ပြည်တွင်းနဲ့ဥရောပပြိုင်ဘက်တွေကြား ကွာဟမှုက ကြီးမားနေဆဲဖြစ်တာနဲ့အတူ ဒီတစ်ကြိမ်မှာလဲ အလားတူ ချဉ်းကပ်မှုတွေ လုပ်လိမ့်မယ်လို့ နဗီးက မျှော်လင့်နေပါတယ်။

“ယူနိုက်တက်ရဲ့ ပွဲထွက်၁၁ယောက်က နောက်ဆုံးမိနစ်၂၀မှာ လုံးဝပြီးဆုံးခဲ့ပြီး ဒါက အသင်းမှာ ကစားသမားတွေ ပိုလိုအပ်တယ်ဆိုတာကိုပြသနေပါတယ်၊ နောက်ဆုံးအကြိမ် ယူနိုက်တက်တို့ မော်ရင်ညိုလက်အောက် နွေရာသီမှာ ပေါင်သန်း၁၇၀သုံးခဲ့တုန်းက ထိပ်ဆုံးသုံးသင်းထဲ ဝင်ခဲ့တယ်၊ ယူနိုက်တက်အနေနဲ့ အဲ့လောက်ပမာဏကိုအခုထပ်မံ ရင်းနှီးမြုပ်နှံဖို့လိုတယ်ထင်ပါတယ်၊ ဒါပေမယ့် လီဗာပူး၊ စီးတီးတို့လိုဖြစ်ဖို့ နည်းလမ်းတကျ လုပ်မှရမှာပါ၊ ဒီအသင်းက တိုးတက်ဖို့လိုအပ်နေပါတယ်”လို့ နဗီးက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၉-၂၀၂၀ ရာသီအတွင်း မက်ဂွဲရား၊ ဝမ်ဘစ်ဆာကာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့လို ကစားသမားတွေအတွက် အတော်လေးအဖိုးတန်မှုကို ရရှိခဲ့သလို အခု အသင်းမှာ ဖြည့်ဖို့လိုသေးတဲ့ဟာကွက်တွေ ရှိနေဆဲဖြစ်တာကြောင့် နဗီးက အလားတူ မျှော်လင့်နေတာ ဖြစ်ပါတယ်။

“သူတို့တွေ ပထမဆုံးအနေနဲ့ ပွဲထွက်၁၁ယောက်စာရင်း တိုးတက်ဖို့လိုတယ်၊ ဒါက လက်စတာနဲ့ပွဲမှာကစားခဲ့တဲ့ ဘယ်ကစားသမားကိုမှ မကောင်းပြောတာမဟုတ်ပါဘူး၊ တစ်ရာသီကိုပွဲ၅၀၊ ၆၀လောက်ကစားရရင် အသင်းရဲ့ အစိတ်အပိုင်းဖြစ်လာဖို့ လုံလောက်အောင် ကောင်းမွန်တဲ့ အရန်ဖြစ်နေရတဲ့ကစားသမားတွေလဲ ရှိပါတယ်၊ မှန်ကန်တဲ့အကြောင်းပြချက်တွေနဲ့ ရောက်လာပြီး ကလပ်အတွက် ကစားပေးချင်တဲ့ ကစားသမားတွေရဖို့က အရေးကြီးပါတယ်”လို့ နဗီးက ပြောဆိုခဲ့ပါတယ်။