ဗီလာရီးရဲလ္ ဗဟို ခံစစ္မွဴးကို ေခၚယူဖို႔ ယူနိုက္တက္တို႔ မ်က္စိက်ေန

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ သူတို႔အသင္းရဲ႕ ခံစစ္ပိုင္း ကို အင္အားျဖည့္တင္းဖို႔ အတြက္ စပိန္လာလီ​ဂါ ကလပ္အသင္း တစ္ခု ျဖစ္တဲ့ ဗီလာရီးရဲလ္ အသင္းရဲ႕ ဗဟိုခံစစ္မႉး ေပါလ္ ေတာရက္စ္ကို ေခၚယူဖို႔ မ်က္စိက်လာတယ္လို႔ ဥေရာပ သတင္းမီဒီယာေတြက ေဖာ္ျပသြားခဲ့ပါတယ္။

ယူနုိက္တက္ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ မက္ဂြိဳင္းယားကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၀ သန္းနဲ႔ ေခၚယူထားခဲ့ေပမယ့္ သူတို႔အသင္းရဲ႕ ေနာက္တန္း အင္အားကို အားမရေသးဘူးလို႔ သိရၿပီး စေမာလင္း ၊ ဖီးလ္ဂ်ဳံးစ္ ၊ ႐ိုဂ်ိဳ ၊ ဘိုင္လီ စတဲ့ ဗဟိုခံစစ္မႉးေတြကို ေရာင္းခ်ကာ ရရွိလာတဲ့ ေငြေၾကးနဲ႔ ေပါလ္ေတာရက္စ္ကို ေခၚယူဖို႔ စဥ္းစားေနတာလည္း ျဖစ္ပါတယ္။

ယူနုိက္တက္ နည္းျပ ျဖစ္သူ ဆိုးလ္ရွားဟာ အသင္းရဲ႕ ခံစစ္ပိုင္းကို ပိုမို ေတာင့္တင္းလာေစဖို႔ အတြက္ ဘယ္သန္ ဗဟိုခံစစ္မႉး တစ္ဦးကို ေခၚယူလိုေနတာ ျဖစ္ၿပီး ဘုန္းေမာက္အသင္းရဲ႕ အသင္းေခါင္းေဆာင္ နသန္အကီကို ေခၚယူဖို႔ ပစ္မွတ္ ထားေနခဲ့ေပမယ့္ လက္ရွိမွာ အကီကို မန္စီးတီးအသင္းက ေခၚယူႏိုင္ဖို႔ နီးစပ္ေနတာေၾကာင့္ ေတာရက္စ္ဘက္ကို ျမႇားဦးလွည့္လာတာပဲ ျဖစ္ပါတယ္။

အသက္၂၃ႏွစ္အ႐ြယ္ စပိန္ ခံစစ္မႉး ေတာရက္စ္ဟာ အရပ္အျမင့္ ၆ေပ ၂လက္မ ရွိသလို ဘယ္သန္ခံစစ္မႉး တစ္ဦး ျဖစ္တာေၾကာင့္ မန္ယူအသင္း အလိုရွိေနတဲ့ အခ်က္အလက္ေတြနဲ႔ ျပည့္စုံသူ တစ္ဦး ျဖစ္ၿပီး သူဟာ လက္ရွိ လာလီဂါ ေဘာလုံးရာသီမွာ အသင္းအတြက္ ၃၄ပြဲအထိ ပါဝင္ ကစားေပးခဲ့ကာ ၂ဂိုးသြင္း ၁ဂိုး ဖန္တီးႏိုင္ခဲ့ပါတယ္။

The Times သတင္းဌာနရဲ႕ အဆိုအရေတာ့ မန္ယူ အသင္းဟာ ေတာရက္စ္ကို ေခၚယူဖို႔ မ်က္စိက် ေနေၾကာင္း သိရၿပီး မၾကာခင္ ရက္ပိုင္းအတြင္းမွာပဲ ေတာရက္စ္ကို ေပါင္ ၄၅သန္း ဝန္းက်င္နဲ႔ ကမ္းလွမ္းေတာ့မယ္လို႔ သိရပါတယ္။

ယူနုိက္တက္ က ေတာရက္စ္ဟာ ဥေရာပရဲ႕ အေကာင္းဆုံး လူငယ္ ခံစစ္မႉးေတြထဲက တစ္ဦး အျဖစ္ ယူဆေနၿပီး ေတာရက္စ္ မတိုင္မီမွာ အဲရစ္ဘိုင္လီကိုလည္း ဗီလာရီးရဲလ္အသင္း ကေန ေခၚယူဖူးတာေၾကာင့္ ယူနုိက္တက္ နဲ႔ ဗီလာရီးရဲလ္အသင္းတို႔ရဲ႕ ၾကားမွာ ေကာင္းမြန္ တဲ့ ဆက္ဆံေရးေတြ ရွိေၾကာင္းလည္း စပိန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားၾကပါတယ္။

လက္ရွိမွာ ယူနုိက္တက္ နဲ႔ သတင္း ထြက္ေပၚေနတဲ့ အျခားခံစစ္မႉးေတြ ကေတာ့ အူပါကာမီႏို ၊ နသန္အကီ ၊ တိုင္႐ြန္မင္းစ္တို႔ပဲ ျဖစ္ပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ ခံစစ်ပိုင်း ကို အင်အားဖြည့်တင်းဖို့ အတွက် စပိန်လာလီဂါ ကလပ်အသင်း တစ်ခု ဖြစ်တဲ့ ဗီလာရီးရဲလ် အသင်းရဲ့ ဗဟိုခံစစ်မှူး ပေါလ် တောရက်စ်ကို ခေါ်ယူဖို့ မျက်စိကျလာတယ်လို့ ဥရောပ သတင်းမီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင် ၈၀ သန်းနဲ့ ခေါ်ယူထားခဲ့ပေမယ့် သူတို့အသင်းရဲ့ နောက်တန်း အင်အားကို အားမရသေးဘူးလို့ သိရပြီး စမောလင်း ၊ ဖီးလ်ဂျုံးစ် ၊ ရိုဂျို ၊ ဘိုင်လီ စတဲ့ ဗဟိုခံစစ်မှူးတွေကို ရောင်းချကာ ရရှိလာတဲ့ ငွေကြေးနဲ့ ပေါလ်တောရက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ဖြစ်သူ ဆိုးလ်ရှားဟာ အသင်းရဲ့ ခံစစ်ပိုင်းကို ပိုမို တောင့်တင်းလာစေဖို့ အတွက် ဘယ်သန် ဗဟိုခံစစ်မှူး တစ်ဦးကို ခေါ်ယူလိုနေတာ ဖြစ်ပြီး ဘုန်းမောက်အသင်းရဲ့ အသင်းခေါင်းဆောင် နသန်အကီကို ခေါ်ယူဖို့ ပစ်မှတ် ထားနေခဲ့ပေမယ့် လက်ရှိမှာ အကီကို မန်စီးတီးအသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေတာကြောင့် တောရက်စ်ဘက်ကို မြှားဦးလှည့်လာတာပဲ ဖြစ်ပါတယ်။

အသက်၂၃နှစ်အရွယ် စပိန် ခံစစ်မှူး တောရက်စ်ဟာ အရပ်အမြင့် ၆ပေ ၂လက်မ ရှိသလို ဘယ်သန်ခံစစ်မှူး တစ်ဦး ဖြစ်တာကြောင့် မန်ယူအသင်း အလိုရှိနေတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံသူ တစ်ဦး ဖြစ်ပြီး သူဟာ လက်ရှိ လာလီဂါ ဘောလုံးရာသီမှာ အသင်းအတွက် ၃၄ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ ၂ဂိုးသွင်း ၁ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

The Times သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူ အသင်းဟာ တောရက်စ်ကို ခေါ်ယူဖို့ မျက်စိကျ နေကြောင်း သိရပြီး မကြာခင် ရက်ပိုင်းအတွင်းမှာပဲ တောရက်စ်ကို ပေါင် ၄၅သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။

ယူနိုက်တက် က တောရက်စ်ဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ် ခံစစ်မှူးတွေထဲက တစ်ဦး အဖြစ် ယူဆနေပြီး တောရက်စ် မတိုင်မီမှာ အဲရစ်ဘိုင်လီကိုလည်း ဗီလာရီးရဲလ်အသင်း ကနေ ခေါ်ယူဖူးတာကြောင့် ယူနိုက်တက် နဲ့ ဗီလာရီးရဲလ်အသင်းတို့ရဲ့ ကြားမှာ ကောင်းမွန် တဲ့ ဆက်ဆံရေးတွေ ရှိကြောင်းလည်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

လက်ရှိမှာ ယူနိုက်တက် နဲ့ သတင်း ထွက်ပေါ်နေတဲ့ အခြားခံစစ်မှူးတွေ ကတော့ အူပါကာမီနို ၊ နသန်အကီ ၊ တိုင်ရွန်မင်းစ်တို့ပဲ ဖြစ်ပါတယ်။