လီဗာပူးအသင္းကို သတိေပးခ်က္ ထုတ္လိုက္တဲ့ ယူနိုက္တက္ ကြင္းလယ္ နီမန္ဂ်ာ မာတစ္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ ဝါရင့္ကြင္းလယ္ကစားသမားႀကီး နီမန္ဂ်ာ မာတစ္ ကေတာ့ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလား လီဗာပူး အသင္း ခပ္ေစာေစာ ရယူသြားတဲ့အျဖစ္မ်ိဳးကို ထပ္အျဖစ္ခံမွာ မဟုတ္ေၾကာင္း သတိေပးစကား ဆိုခဲ့ၿပီး လာမဲ့ရာသီမွာ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ရလိမ့္မယ္လို႔ အသင္းေဖာ္ေတြကို တြန္းအားေပးခဲ့ပါတယ္။

လီဗာပူး အသင္းဟာ နည္းျပယာဂင္ကေလာ့ပ္လက္ထက္မွာ အေကာင္းဆုံးပုံစံေတြ ျပသေနၿပီး မႏွစ္ကရာသီကလည္း ခ်န္ပီယံလိဂ္ဖလားကို အရယူႏိုင္ခဲ့သလို ဒီႏွစ္ရာသီမွာေတာ့ ႏွစ္ေပါင္း ၃၀ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကိုပါ အရယူသြားႏိုင္ခဲ့ပါတယ္။ မန္ယူႏိုက္တက္အသင္းကေတာ့ ဒီႏွစ္ရာသီကို အဆင့္ ၃ေနရာနဲ႔ပဲ အဆုံးသတ္ခဲ့ရၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔သာ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။

ၿပိဳင္ဘက္အသင္းရဲ႕ ေအာင္ျမင္မႈေတြက သရဲနီတို႔အဖို႔ မခံခ်င္စရာျဖစ္ေနၿပီး လာမဲ့ရာသီေတြမွာ ပရီးမီးယားလိဂ္ဖလားကို အရယူသြားဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း မာတစ္ က ႀကဳံးဝါးေျပာဆိုလာခဲ့တာလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ေျပာရင္ေတာ့ မန္ယူႏိုက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးခ်င္ပါတယ္။ ကြၽန္ေတာ္တို႔အသင္းဟာ အမွတ္ေပးဖလားအတြက္ အၿမဲတမ္းတိုက္ပြဲဝင္ခဲ့တဲ့ အသင္းတစ္သင္း ျဖစ္ေနရမယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္။

ကလပ္အသင္း အေကာင္းဆုံးျဖစ္ေစဖို႔အတြက္ ကြၽန္ေတာ္တို႔ေတြ အၿမဲတမ္းႀကိဳးပမ္းရပါမယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ေတာ့ ရာသီမကုန္ခင္ ၇ပြဲ၊ ၁၀ပြဲေလာက္အလိုမွာပဲ ခ်န္ပီယံျဖစ္သြားတာမ်ိဳးကို ဘယ္ၿပိဳင္ဘက္အသင္းကိုမဆို ခြင့္မျပဳႏိုင္ေတာ့ပါဘူး။ အဲဒီအတြက္ အဆုံးစြန္အထိ တိုက္ပြဲဝင္သြားမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အသင္းဟာ ငယ္႐ြယ္ႏုပ်ိဳတဲ့အသင္းတစ္သင္း ျဖစ္ေပမဲ့ ဒီအခ်က္က ခြင့္လႊတ္စရာတစ္ခုေတာ့ မဟုတ္ပါဘူး။ လာမဲ့ရာသီမွာေတာ့ ကြၽန္ေတာ္တို႔ေတြ ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္ႏိုင္စြမ္း ရွိရပါမယ္။

ပရီးမီးယားလိဂ္ဖလားကို ျပန္လည္ရယူႏိုင္မလားဆိုတာေတာ့ မေသခ်ာေပမဲ့ ရာသီကုန္ဆုံးခ်ိန္အထိ တိုက္ပြဲဝင္သြားမွာ ျဖစ္ပါတယ္။ ဒါဟာ ကြၽန္ေတာ့္အတြက္ ရည္မွန္းခ်က္ပါပဲ။ အျခား အသင္းေဖာ္ေတြ အားလုံးကလည္း ဒီလိုပဲ ေတြးေနၾကပါတယ္။” လို႔ မာတစ္က ေျပာၾကားခဲ့ပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး နီမန်ဂျာ မာတစ် ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား လီဗာပူး အသင်း ခပ်စောစော ရယူသွားတဲ့အဖြစ်မျိုးကို ထပ်အဖြစ်ခံမှာ မဟုတ်ကြောင်း သတိပေးစကား ဆိုခဲ့ပြီး လာမဲ့ရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ရလိမ့်မယ်လို့ အသင်းဖော်တွေကို တွန်းအားပေးခဲ့ပါတယ်။

လီဗာပူး အသင်းဟာ နည်းပြယာဂင်ကလော့ပ်လက်ထက်မှာ အကောင်းဆုံးပုံစံတွေ ပြသနေပြီး မနှစ်ကရာသီကလည်း ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ခဲ့သလို ဒီနှစ်ရာသီမှာတော့ နှစ်ပေါင်း ၃၀ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကိုပါ အရယူသွားနိုင်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းကတော့ ဒီနှစ်ရာသီကို အဆင့် ၃နေရာနဲ့ပဲ အဆုံးသတ်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းရဲ့ အောင်မြင်မှုတွေက သရဲနီတို့အဖို့ မခံချင်စရာဖြစ်နေပြီး လာမဲ့ရာသီတွေမှာ ပရီးမီးယားလိဂ်ဖလားကို အရယူသွားဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း မာတစ် က ကြုံးဝါးပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ပြောရင်တော့ မန်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးချင်ပါတယ်။ ကျွန်တော်တို့အသင်းဟာ အမှတ်ပေးဖလားအတွက် အမြဲတမ်းတိုက်ပွဲဝင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်နေရမယ်လို့ ကျွန်တော် မြင်ပါတယ်။

ကလပ်အသင်း အကောင်းဆုံးဖြစ်စေဖို့အတွက် ကျွန်တော်တို့တွေ အမြဲတမ်းကြိုးပမ်းရပါမယ်။ ကျွန်တော်တို့အနေနဲ့တော့ ရာသီမကုန်ခင် ၇ပွဲ၊ ၁၀ပွဲလောက်အလိုမှာပဲ ချန်ပီယံဖြစ်သွားတာမျိုးကို ဘယ်ပြိုင်ဘက်အသင်းကိုမဆို ခွင့်မပြုနိုင်တော့ပါဘူး။ အဲဒီအတွက် အဆုံးစွန်အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ငယ်ရွယ်နုပျိုတဲ့အသင်းတစ်သင်း ဖြစ်ပေမဲ့ ဒီအချက်က ခွင့်လွှတ်စရာတစ်ခုတော့ မဟုတ်ပါဘူး။ လာမဲ့ရာသီမှာတော့ ကျွန်တော်တို့တွေ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်စွမ်း ရှိရပါမယ်။

ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်မလားဆိုတာတော့ မသေချာပေမဲ့ ရာသီကုန်ဆုံးချိန်အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ရည်မှန်းချက်ပါပဲ။ အခြား အသင်းဖော်တွေ အားလုံးကလည်း ဒီလိုပဲ တွေးနေကြပါတယ်။” လို့ မာတစ်က ပြောကြားခဲ့ပါတယ်။